ရိုက်ရဲ့အပြောင်းအရွှေ့မှာ အာတီတာ ဘာကို သက်သေပြလိုက်လဲဆိုတာ ပြောပြခဲ့တဲ့ ဂျာနယ်လစ်
အာဆင်နယ်သတင်းတွေကို အဓိကဖော်ပြနေတဲ့ အင်္ဂလိပ်ဂျာနယ်လစ် ခရစ္စ ဝှိတလေက ဒီကလန် ရိုက်ရဲ့ အမ်းမရိတ်စ်ကို သမိုင်းဝင်ပြောင်းရွှေ့မှုအပြီးမှာ အသက် ၂၄ နှစ်အရွယ်ကစားသမားကို နောက်ထပ်ခြေလှမ်း လှမ်းနိုင်အောင် ဆွဲဆောင်နိုင်ခဲ့တဲ့အကြောင်းအရင်းကို လေ့လာဆန်းစစ်ခဲ့ပါတယ်။
ဒီကလန် ရိုက်ဟာ အာဆင်နယ်အသင်းကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘောလုံးသမိုင်းမှာ ဒုတိယမြောက် စျေးအကြီးဆုံး အင်္ဂလိပ်ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်သတင်းတွေကို အထူးပြုပြီး ဖော်ပြနေတဲ့ ခရစ္စ ဝှိတလေက အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကစားသမားရဲ့ အပြောင်းအရွှေ့မှာ အာတီတာက ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“အာဆင်နယ်ကို ဒီကလန် ရိုက်ရဲ့ အရမ်းကောင်းမွန်တဲ့အပြောင်းအရွှေ့က သူတို့တွေရဲ့ ရည်ရွယ်ချက်ကို ကျန်တဲ့ပရီးမီးယားလိဂ်ကအသင်းတွေအားလုံးကို ပြသလိုက်တာပါ။ နည်းပြ အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့က ဇန်နဝါရီလကတည်းက လုပ်ဆောင်နေခဲ့ကြတာပါ။ သူတို့တွေက သူ့ကို ကျောနံပါတ် ၆ အဖြစ် အသင်းနဲ့ ပူးပေါင်းလိမ့်မယ်လို့ တင်ဆက်ခဲ့ကြပြီး တစ်သင်းလုံးကလည်း သူရောက်လာတာ ဝမ်းပန်းတသာဖြစ်ကြပါလိမ့်မယ်”
“ရိုက်က မပြောင်းခင်မှာ အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ ဆာကာ၊ ရမ်းစ်ဒေးလ်တို့နဲ့ စကားပြောခဲ့တယ်။ သူ့အသင်းဖော်တွေက အာတီတာဟာ ကစားသမားတွေရဲ့ တိုးတက်မှုအတွက် အကူအညီပေးနိုင်တယ်လို့ ပြောဆိုခဲ့ကြပြီး အဲဒါက သူဒီအပြောင်းအရွှေ့ကို ခေါင်းငြိမ့်ခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ရိုက်စ်က အာဆင်နယ်အတွက်နဲ့ မန်ချက်စတာစီးတီး၊ ဘိုင်ယန်မြူးနစ်တို့ကို ငြင်းပယ်ခဲ့တာပါ။ ဟာဗတ်ဇ်လည်း ရီးရဲလ်မက်ဒရစ်ကိုတောင် ငြင်းပယ်ခဲ့တာပါ။ ဒါက အာတီတာအနေနဲ့ ထိပ်တန်းကစားသမားတွေကို ဘယ်လောက်အထိ ဆွဲဆောင်မှုရှိလဲဆိုတာ ဥပမာပြလိုက်တာဖြစ်ပြီး အာဆင်နယ်က ဥရောပထိပ်သီးအသင်းကြီးနောက်ထပ်တစ်ကြိမ် ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ပြသခဲ့တာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet