မောင့်အတွက် ယူနိုက်တက်ကို ဂန်းနားတို့ ဘာလို့ စိန်မခေါ်တာလဲ coyg

မောင့်အတွက် ယူနိုက်တက်ကို ဂန်းနားတို့ ဘာလို့ စိန်မခေါ်တာလဲ

အာဆင်နယ်ဟာ ဒီကလန် ရိုက်စ်ကို ပထမဦးစားပေးအဖြစ် ခေါ်ယူသွားမှာဖြစ်တာကြောင့် ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မေဆန် မောင့်ကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်မှာရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုအပတ်မှာ မေဆန် မောင့်နဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို သဘောတူညီမှု ရရှိခဲ့ပေမယ့် ချဲလ်ဆီးအသင်းနဲ့ အပြီးသတ်သဘောတူညီမှုရရှိဖို့ လုပ်ဆောင်ရဦးမှာဖြစ်ပြီး အနောက်လန်ဒန်ကလပ်အသင်းက အင်္ဂလန်ကွင်းလယ်ကစားသမားအတွက် ပေါင်သန်း ၆၀ ဝန်းကျင် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတွေမှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှု ရပ်တန့်သွားခဲ့တဲ့အချိန်ကတည်းက မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ နယူးကာဆယ်တို့အပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားဆီကနေ စိတ်ဝင်စားမှုခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ESPN ရဲ့ သတင်းအရ မန်ချက်စတာစီးတီးဟာ မက်တီအို ကိုဗာချစ်ကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးနေချိန်အတွင်း မေဆန် မောင့်နဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့တာမရှိဘူးလို့ သိရပါတယ်။

လီဗာပူးလ်အသင်းကလည်း ဘရိုက်တန်ကနေ မက်ကယ်လစ္စတာကို ခေါ်ယူဖို့အတွက် လုပ်ဆောင်နေသလို အာဆင်နယ်ကလည်း ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ယခုနွေရာသီမှာ ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းက ဒီနွေရာသီမှာ ဒီကလန် ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ နဲ့အထက် ရရှိသွားချင်နေတယ်လို့ သိရပြီး ပြီးခဲ့တဲ့လက အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားနဲ့ပတ်သက်ပြီး နည်းပြ ဒေးဗစ် မွိုက်စ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ ဆက်နေမယ်လို့ ကျွန်တော်တို့ မျှော်လင့်မိတယ်။ ကျွန်တော်တို့ သူ့ကို ဝက်စ်ဟမ်းကစားသမားတစ်ယောက်အဖြစ်နဲ့ ချစ်မြတ်နိုးပေမယ့် ရာသီကုန်မှာတော့ အဲဒိလို မဖြစ်နိုင်တော့ဘူးဆိုတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ အဲဒီတော့ ဒါက စီစဉ်ထားတဲ့ အခင်းအကျင်းတွေထဲက တစ်ခုပါ။ ကျွန်တော်တို့ ဒီမှာ ဒီကလန်ကို ဆက်ရှိနေစေမယ့် အစီအစဉ်ရှိသလို သူ့ကို မထိန်းသိမ်းနိုင်မယ့် အခြေအနေရှိနေတယ်ဆိုတာကိုလည်း အပြည့်အဝ သတိပြုမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet