မန်ယူနိုက်တက်ပစ်မှတ်နဲ့ လျှို့ဝှက်ပြောဆိုခဲ့ပြီးနောက် ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်ရှိနေတဲ့ အာဆင်နယ် coyg

မန်ယူနိုက်တက်ပစ်မှတ်နဲ့ လျှို့ဝှက်ပြောဆိုခဲ့ပြီးနောက် ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်ရှိနေတဲ့ အာဆင်နယ်

နေရာစုံကစားနိုင်တဲ့ နောက်ခံကစားသမားဟာ ဂန်းနားတွေနဲ့ ပူးပေါင်းချင်တဲ့ ဆန္ဒကို ရှင်းရှင်းလင်းလင်း သိအောင် ပြုလုပ်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ အိုင်းယက်စ်ကနေ ယူရီယန် တင်းဘားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။

အသက် ၂၂ နှစ်အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ ၁၂ စလုံး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပြီး နည်းပြဟောင်း တန်ဟက်က အိုင်းယက်စ်ကြယ်ပွင့်ဟောင်းနဲ့ ပြန်လည်ဆုံစည်းချင်နေတာဖြစ်ပါတယ်။

ယခုလအစောပိုင်းမှာ တင်းဘားက ဝင်ဘလေက အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်ကြည့်ရှုခဲ့တာကို မြင်တွေ့ခဲ့တဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်ဟာ နယ်သာလန်လက်ရွေးစင်နောက်ခံကစားသမားကို ခေါ်ယူဖို့ ထပ်မံအားထုတ်သွားဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တင်းဘားဟာ အာဆင်နယ်အသင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့အတွက် အေးဂျင့်ဖြစ်သူနဲ့အတူ လန်ဒန်မှာ ရှိနေခဲ့တယ်လို့ De Telegraaf က ဖော်ပြခဲ့ပြီး ဂန်းနားတွေရဲ့ အဖွင့်ကမ်းလှမ်းမှု ပေါင်သန်း ၃၀ ကို အိုင်းယက်စ်အသင်းက ပယ်ချခဲ့ပေမယ့်လည်း စျေးမြှင့်ကမ်းလှမ်းမှု ပြန်လည်လုပ်ဆောင်ဖို့ ပြင်နေတာကြောင့် သဘောတူညီမှုရရှိမယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကလည်း အိုင်းယက်စ်နောက်ခံလူကို စိတ်ဝင်စားနေတယ်လို့ ယုံကြည်ရပေမယ့်လည်း တင်းဘားက ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ်ကိုပဲ ပြောင်းရွှေ့ချင်တယ်ဆိုတာ ရှင်းလင်းနေတာဖြစ်ပါတယ်။

အာတီတာက တင်းဘားရဲ့ ဗဟိုခံစစ်နေရာမှာရော ညာနောက်ခံနေရာမှာပါ ကစားနိုင်စွမ်းကြောင့် ခေါ်ယူချင်နေတာဖြစ်ပြီး ဘန် ဝှိုက်က ပြီးခဲ့တဲ့ရာသီမှာ ညာနောက်ခံအဖြစ် ကစားခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ ရာသီကုန်ခနီးမှာ တိုမီယဆုနဲ့ ဆာလီဘာတို့ ဒဏ်ရာရသွားပြီးနောက်ပိုင်း ညာနောက်ခံနေရာမှာ ပါတေးကို အသုံးပြုခဲ့ရတာဖြစ်ပါတယ်။

ကစားသမား ၂ ဦးစလုံးဟာ ရာသီအစမှာ ပြန်လည်ကစားပေးသွားနိုင်မယ်လို့ မျှော်လင့်နေပေမယ့်လည်း ဆီးဒရစ်နဲ့ ဟိုးဒင်းတို့ကလည်း အသင်းကို စွန့်ခွာဖွယ်ရှိနေတာကြောင့် အာတီတာက ခံစစ်မှာ ရွေးချယ်စရာတွေ ပိုမို ရှိနေစေချင်တာဖြစ်ပါတယ်။

တင်းဘားရဲ့ ဘောလုံးကိုင် ကစားနိုင်စွမ်းနဲ့ ဘောလုံးပေးပို့နိုင်စွမ်းတွေက အာတီတာရဲ့ တိုက်စစ်ကစားပုံအတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုဖြစ်လာစေပြီး စပိန်လူမျိုးနည်းပြဟာ ဇင်ချန်ကိုလိုမျိုး အရည်အသွေးမျိုးနဲ့ နောက်ထပ် နောက်ခံတောင်ပံကစားသမားတစ်ဦးကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဂန်းနားတွေဟာ ဒီကလန် ရိုက်စ်နဲ့ ခိုင် ဟာဗတ်ဇ်တို့ကို ခေါ်ယူဖို့အတွက် အပြင်းအထန် ကြိုးပမ်းနေပေမယ့်လည်း ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးတို့ ၂ သင်းစလုံးက အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ကြတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet