မန်စီးတီးပဲ ဖလားရသွားမယ်လို့ ထင်နေသေးတဲ့ ရွိုင် ကီးန်
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အာဆင်နယ်အသင်းကို လက်ရှိအချိန်အထိ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ထားတဲ့အတွက် ချီးကျူးခဲ့ပေမယ့်လည်း မန်စီးတီးက ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ရရှိသွားလိမ့်မယ်လို့ ထင်မြင်နေဆဲဖြစ်ပါတယ်။
ဂန်းနားတွေဟာ လက်ရှိ ချန်ပီယံတွေကို ၈ မှတ်အထိ ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ တစ်ပွဲကစားဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက်တော့ ရာသီကုန်ဖို့ ၉ ပွဲ သာလိုတော့တာဖြစ်ပြီး မန်ချက်စတာစီးအတွက်ကတော့ ၁၀ ပွဲအထိ ကျန်နေသေးတာကြောင့် အများကြီး ဖြစ်နိုင်ဆဲဖြစ်ပါတယ်။
ရွိင် ကီးန်က အာတီတာဟာ သူမတူတဲ့အရာတွေကို လုပ်ဆောင်ခဲ့မှု၊ မျှော်မှန်းချက်တွေကို ကျော်လွန်ပြီး စွမ်းဆောင်ထားနိုင်မှုနဲ့ လူငယ်ကြယ်ပွင့်တွေဆီကနေ အကောင်းဆုံးပုံစံရရှိအောင် လုပ်ယူထားနိုင်တယ်လို့ ထင်မြင်နေပြီး ဂန်းနားတွေက ရေပန်းအစားဆုံးလို့ ဝန်ခံခဲ့ပေမယ့်လည်း မန်စီးတီးက ပထမနေရာကို ရယူသွားနိုင်မယ်လို့ ထောက်ခံခဲ့တာဖြစ်ပါတယ်။
“သူတို့တွေက အရမ်းကောင်းတဲ့ အနေအထားမှာရှိနေပါတယ်။ ရာသီအစတုန်းက ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ပေမယ့် သူတို့တွေက အရမ်းကောင်းခဲ့တယ်။ လူငယ်ကစားသမားအများအပြားကလည်း အရမ်းကို ခြေစွမ်းတည်ငြိမ်မှုရှိခဲ့ပြီး လိဂ်အပေါ်မှာ အာရုံစိုက်နိုင်ကြတယ်။ သူတို့တွေက ဆုဖလားအတွက် ရေပန်းအစားဆုံးဆိုတာ ကျိန်းသေပါတယ်။ သူတို့တွေ ဖလားရမယ်လို့တော့ ကျွန်တော် မထင်ဘူး။ ကျွန်တော် မန်စီးတီးကို ပိုနှစ်သက်နေဆဲဖြစ်ပေမယ့်လည်း အာဆင်နယ်က အရမ်းကောင်းတဲ့နေရာမှာ ရှိနေပါတယ်။ ခင်ဗျား ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ကံကောင်းမှုအနည်းငယ်ရှိဖို့ လိုတယ်။ သူတို့တွေက အရမ်းကောင်းတဲ့နေရာမှာရှိနေပြီး အဲဒီအတွက် သူတို့ကို မနာလိုဖြစ်လို့မရတဲ့အတွက် ခင်ဗျား သူတို့ကို ချီးကျူးရပါမယ်။”
မန်စီးတီးဟာ ဧပြီလ ၂၆ ရက်နေ့ညနေ အစ်တီဟတ်မှာ အာဆင်နယ်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂန်းနားတွေဟာ လီဗာပူးလ်၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်လ်တို့လို ထိပ်တန်းအသင်းတွေနဲ့ တွေ့ဆုံသွားဖို့ ရှိနေတာဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့ ကျန်နေတဲ့ ၁၀ ပွဲမှာ အနိုင်ရနိုင်ခြေများတဲ့ ပွဲတွေများနေပေမယ့်လည်း ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေဆဲဖြစ်ပြီး အာဆင်နယ်က ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုတည်းသာ အာရုံစိုက်ဖို့ ရှိနေတာဖြစ်ပါတယ်။
ရွိုင် ကီးန်က အာဆင်နယ်က လက်ရှိအချိန်အထိ ဘယ်လောက်ကောင်းမွန်ခဲ့လဲဆိုတာကို သိရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်က စပါးစ်ကို အဆင့် ၄ နေရာ ပေးခဲ့ရတာကို မြင်တွေ့ခဲ့ရပြီးနောက် ရာသီကုန်တဲ့အထိ လုပ်စရာရှိတာကို ဖိအားတွေအောက်မှာ လုပ်နိုင်မယ်လို့ ယုံကြည်နေခြင်းမရှိသေးတာဖြစ်ပါတယ်။
“ကျွန်တော်ထင်တာက မန်စီးတီးက အရမ်းကောင်းမွန်တယ်။ အာဆင်နယ်ကစားဖို့ ကျန်နေတဲ့ပွဲစဉ်တွေကို မဖြစ်မနေ အနိုင်ယူရမှာပါ။ ဒီလိုဖိအားတွေနဲ့ ပွဲစဉ်တွေ ရှိနေတာ သိသာပြီး သူတို့တွေ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အဲဒါကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ မနှစ်ကတောင်မှ ထိပ်ဆုံး ၄ နေရာ ဝင်မလိုနဲ့ အဖျားရှူးသွားတယ်။ ဒါက သူတို့အပေါ်မှာ ရှိနေတဲ့ မေးခွန်းပါ။ ဒါပေမယ့် နောက်ထပ်တစ်ကြိမ် ပြောရရင် သူတို့တွေက အရမ်းကောင်းခဲ့တယ်။ သူတို့တွေ ဒီတိုင်း ဆက်ကစားပြီး ဖလားရသွားရင် သူတို့ကို ချီးကျူးလက်ခုပ်တီးပေးရမှာပါ။ ဒါပေမယ့် ဒီအချိန်က အရေးကြီးတဲ့အချိန်ပါ။ ခင်ဗျား ကောင်လေးတွေထဲကနေ ယောင်္ကျားကို ခွဲထုတ်တဲ့အချိန်မှာ ဘယ်သူက ဖလားရသွားနိုင်မလဲ ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Rivals' Talk