ဖာဂူဆန်ဖြေဖို့ ကြောက်ရွံ့ခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံက ဘယ်အသင်းလဲ မေးခွန်းကိုဖြေကြားပေးခဲ့တဲ့ ဟယ်ရီရက်နက်ပ်
ချဲလ်တန်ဟမ် မြင်းပြိုင်ကွင်းမှာ ပြုလုပ်ကျင်းပတဲ့ ချဲလ်တန်ဟမ်ပွဲတော်ကို နာမည်ကြီးကျော်ကျားသူများ အများအပြား တက်ရောက်ခဲ့ပြီး တချိန်က ပရီးမီးယားလိဂ်မှ နာမည်ကြီးနည်းပြတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းကြီး အဲလက်စ် ဖာဂူဆန်၊ တော့တင်ဟမ် ဟော့စပါး နည်းပြဟောင်းကြီး ဟာရီ ရက်ဒ်နပ်တို့လည်း တက်ရောက်ခဲ့ကြတာတွေ့ရှိရပါတယ်။
ITV သတင်းထောက် မတ် ချပ်မန်းက ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်အသင်းကို အာဆင်နယ်လား မန်ချက်စတာစီးတီးလားဆိုတဲ့ မေးခွန်းကို အာဆင်နယ်၏ ကာလရှည်ပြိုင်ဘက် မန်ယူနိုက်တက် ဂန္တဝင်နည်းပြကြီးကို မေးခဲ့ပါတယ်။ ဖာဂူဆန်က ” ကျွန်တော် စိတ်မဝင်စားဘူး” လို့ ခပ်ပြတ်ပြတ်ဖြေကြားသွားခဲ့ပါတယ်။ သတင်းထောက် မတ် ချပ်မန်းက ” အရမ်းကောင်းတဲ့ အဖြေပါပဲ။ ကျေးဇူးပါ Sir” လို့ ပြန်ပြောခဲ့ပါတယ်။
ဒီနောက် ပွဲတော်ကို တက်ရောက်လာသူတစ်ဦးဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အခါးသီးဆုံး မြောက်လန်ဒန်ဒါဘီပြိုင်ဘက်ဖြစ်တဲ့ တော့တင်ဟမ် စပါးစ်အသင်းရဲ့နည်းပြဟောင်းကြီး ဟာရီ ရက်ဒ်နပ်ကို ITV က ယခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ဆိုင်မှုမှာ “အာဆင်နယ်နဲ့ မန်ချက်စတာစီးတီး ဘယ်အသင်းက အောင်ပွဲခံသွားမလဲ” လို့ မေးမြန်းခဲ့ရာမှာတော့ စပါးစ် နည်းပြဟောင်းကြီးကတော့ သူ့ရဲ့အမြင်ကို မျှဝေခွင့်ရလို့ ပျော်ရွှင်နေပါတယ်။
ဟာရီ ရက်ဒ်နပ်က ” Oh… အာဆင်နယ်ပေါ့ဗျာ တော့တင်ဟမ် ဟော့စပါးအတွက်ကတော့ ဒီနှစ်မဟုတ်တော့ဘူးဗျ။ ကျွန်တော် အသေအချာပြောရဲတယ် အာဆင်နယ်ရမယ်ဗျာ။ သူတို့ကို ဒီနှစ် အရမ်းသဘောကျတယ်။ သူတို့ လိဂ်ရဲ့ထိပ်ဆုံးရောက်နေတယ်။ သူတို့ ကစားပုံ အရမ်းကြည့်လို့ကောင်းတယ်။ ယခုအချိန်မှာ သူတို့ဟာ အရမ်းကောင်းတဲ့ အသင်းလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် အမှန်တရားကို ပြောရဲရမယ်လေ။ မန်ချက်စတာစီးတီးနဲ့အာဆင်နယ်တို့ဟာ ဒီနှစ်မှာ ကြီးကျယ်တဲ့အသင်းနှစ်သင်းဖြစ်တယ်။ ဒါပေမယ့် အာဆင်နယ်မှာ အသာစီးရနေတယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ သူ့ရဲ့အမြင်ကို စိတ်ထဲရှိတဲ့အတိုင်း ရိုးသားမှန်ကန် လူကြီးလူကောင်း ပီသစွာ ပြောသွားခဲ့ပါတယ်။”
အာဆင်နယ်အသင်းသည် ယခုရာသီပရီးမီးယားလိဂ်ဇယားထိပ်ဆုံးမှာ ကာလရှည်ကြာ ရပ်တည်နေပြီး ပပ် ဂွါဒီယိုလာ၏အသင်းထက် ငါးမှတ်အသာဖြင့် အသာစီးရနေခြင်းဖြစ်သည်။ ဂန်းနားတွေက ယခုအခါ ပြည်တွင်းပရီးမီးယားလိဂ် သရဖူပြိုင်ပွဲမှာ ရေးပန်းအစားဆုံး အဖြစ် သတ်မှတ်ခံနေရတယ်လို့လည်း ပြီးခဲ့တဲ့ တပတ်က သတင်းစာရှင်းလင်းပွဲမှာ ချန်ပီယံဆုဖလားအတွက် အဓိကပြိုင်ဘက် မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့တာဖြစ်ပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT
ZAWGYI: ခ်ဲလ္တန္ဟမ္ ျမင္းၿပိဳင္ကြင္းမွာ ျပဳလုပ္က်င္းပတဲ့ ခ်ဲလ္တန္ဟမ္ပြဲေတာ္ကို နာမည္ႀကီးေက်ာ္က်ားသူမ်ား အမ်ားအျပား တက္ေရာက္ခဲ့ၿပီး တခ်ိန္က ပရီးမီးယားလိဂ္မွ နာမည္ႀကီးနည္းျပေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ နည္းျပေဟာင္းႀကီး အဲလက္စ္ ဖာဂူဆန္၊ ေတာ့တင္ဟမ္ ေဟာ့စပါး နည္းျပေဟာင္းႀကီး ဟာရီ ရက္ဒ္နပ္တို႔လည္း တက္ေရာက္ခဲ့ၾကတာေတြ႕ရွိရပါတယ္။
ITV သတင္းေထာက္ မတ္ ခ်ပ္မန္းက ယခုရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္မယ့္အသင္းကို အာဆင္နယ္လား မန္ခ်က္စတာစီးတီးလားဆိုတဲ့ ေမးခြန္းကို အာဆင္နယ္၏ ကာလရွည္ၿပိဳင္ဘက္ မန္ယူႏိုက္တက္ ဂႏၲဝင္နည္းျပႀကီးကို ေမးခဲ့ပါတယ္။ ဖာဂူဆန္က ” ကြၽန္ေတာ္ စိတ္မဝင္စားဘူး” လို႔ ခပ္ျပတ္ျပတ္ေျဖၾကားသြားခဲ့ပါတယ္။ သတင္းေထာက္ မတ္ ခ်ပ္မန္းက ” အရမ္းေကာင္းတဲ့ အေျဖပါပဲ။ ေက်းဇူးပါ Sir” လို႔ ျပန္ေျပာခဲ့ပါတယ္။
ဒီေနာက္ ပြဲေတာ္ကို တက္ေရာက္လာသူတစ္ဦးျဖစ္တဲ့ အာဆင္နယ္အသင္းရဲ႕ အခါးသီးဆုံး ေျမာက္လန္ဒန္ဒါဘီၿပိဳင္ဘက္ျဖစ္တဲ့ ေတာ့တင္ဟမ္ စပါးစ္အသင္းရဲ႕နည္းျပေဟာင္းႀကီး ဟာရီ ရက္ဒ္နပ္ကို ITV က ယခုႏွစ္ပရီးမီးယားလိဂ္ခ်န္ပီယံၿပိဳင္ဆိုင္မႈမွာ “အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီး ဘယ္အသင္းက ေအာင္ပြဲခံသြားမလဲ” လို႔ ေမးျမန္းခဲ့ရာမွာေတာ့ စပါးစ္ နည္းျပေဟာင္းႀကီးကေတာ့ သူ႔ရဲ႕အျမင္ကို မွ်ေဝခြင့္ရလို႔ ေပ်ာ္႐ႊင္ေနပါတယ္။
ဟာရီ ရက္ဒ္နပ္က ” Oh… အာဆင္နယ္ေပါ့ဗ်ာ ေတာ့တင္ဟမ္ ေဟာ့စပါးအတြက္ကေတာ့ ဒီႏွစ္မဟုတ္ေတာ့ဘူးဗ်။ ကြၽန္ေတာ္ အေသအခ်ာေျပာရဲတယ္ အာဆင္နယ္ရမယ္ဗ်ာ။ သူတို႔ကို ဒီႏွစ္ အရမ္းသေဘာက်တယ္။ သူတို႔ လိဂ္ရဲ႕ထိပ္ဆုံးေရာက္ေနတယ္။ သူတို႔ ကစားပုံ အရမ္းၾကည့္လို႔ေကာင္းတယ္။ ယခုအခ်ိန္မွာ သူတို႔ဟာ အရမ္းေကာင္းတဲ့ အသင္းလို႔ ကြၽန္ေတာ္ထင္တယ္။ ကြၽန္ေတာ္ အမွန္တရားကို ေျပာရဲရမယ္ေလ။ မန္ခ်က္စတာစီးတီးနဲ႔အာဆင္နယ္တို႔ဟာ ဒီႏွစ္မွာ ႀကီးက်ယ္တဲ့အသင္းႏွစ္သင္းျဖစ္တယ္။ ဒါေပမယ့္ အာဆင္နယ္မွာ အသာစီးရေနတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။” လို႔ သူ႔ရဲ႕အျမင္ကို စိတ္ထဲရွိတဲ့အတိုင္း ႐ိုးသားမွန္ကန္ လူႀကီးလူေကာင္း ပီသစြာ ေျပာသြားခဲ့ပါတယ္။”
အာဆင္နယ္အသင္းသည္ ယခုရာသီပရီးမီးယားလိဂ္ဇယားထိပ္ဆုံးမွာ ကာလရွည္ၾကာ ရပ္တည္ေနၿပီး ပပ္ ဂြါဒီယိုလာ၏အသင္းထက္ ငါးမွတ္အသာျဖင့္ အသာစီးရေနျခင္းျဖစ္သည္။ ဂန္းနားေတြက ယခုအခါ ျပည္တြင္းပရီးမီးယားလိဂ္ သရဖူၿပိဳင္ပြဲမွာ ေရးပန္းအစားဆုံး အျဖစ္ သတ္မွတ္ခံေနရတယ္လို႔လည္း ၿပီးခဲ့တဲ့ တပတ္က သတင္းစာရွင္းလင္းပြဲမွာ ခ်န္ပီယံဆုဖလားအတြက္ အဓိကၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာက ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ARSENAL MYANMAR
PHOTOS CREDIT
- Posted In:
- News