ပေါင် ၁ ဘီလီယံပြည့်ဖို့ အပြောင်းအရွှေ့ ၃ ခုသာ လိုတော့တဲ့ ခရွန်ကီ
အာတီတာနဲ့ အီဒူးတို့ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အာဆင်နယ်ကို အားကောင်းတဲ့ လူစာရင်းဖြစ်လာအောင် တည်ဆောက်ခဲ့ကြပြီး ယခုရာသီမှာ ပထမဆုံးအကြိမ် စိုက်ပျိုးခဲ့သမျှ ပြန်လည်ရိတ်သိမ်းနေရပြီဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေဟာ အမ်းမရိတ်စ်ကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ ၁၂ လအတွင်းမှာ ထိပ်ဆုံး ၄ နေရာမဝင်နိုင်တဲ့အသင်းအဖြစ်ကနေ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်သူတွေအဖြစ် ပြောင်းလဲခဲ့ပြီး ဒီအပြောင်းအလဲဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ အသင်းပိုင်ရှင် စတန် ခရွန်ကီဟာ ၂၀၁၈ ခုနှစ်မှာ အသင်းကို ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ခွင့် ရရှိခဲ့ပြီးနောက် ပေါင်သန်း ၅၀၀ ကျော် သုံးစွဲခဲ့တာဖြစ်ပါတယ်။
ယခုနွေရာသီကတော့ အရင်တုန်းကနဲ့ တော်တော်လေး ကွဲပြားခြားနားတဲ့ နွေရာသီ ဖြစ်လာမှာဖြစ်ပြီး နည်းပြ အာတီတာလက်အောက်မှာ ပထမဆုံးအကြိမ် ဂန်းနားတွေဟာ ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေအတွက် ဆွဲဆောင်မှုအရှိဆုံးနေရာတွေထဲက တစ်ခု ဖြစ်လာပြီး ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ၂၀၂၃-၂၀၂၄ ရာသီမတိုင်ခင် နေရာအများအပြားအတွက် လူအင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားနိုင်ပြီး ကွင်းလယ်ဗဟို၊ ဗဟိုခံစစ်နဲ့ အထောင်တိုက်စစ်က အာဆင်နယ်ရဲ့ ဦးစားပေး ပစ်မှတ်တွေ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့မှုက အာတီတာအတွက် ဆုံးဖြတ်ချက် ချမှတ်စရာတွေ အများအပြား ပေးစွမ်းမှာဖြစ်ပြီး ၎င်းရဲ့ ဒုတိယ ဦးစားပေးရွေးချယ်စရာ ကစားသမားတွေဟာ ယခုရာသီမှာ လူစားဝင် ကစားခွင့် ရခဲ့တဲ့အချိန်မှာ အရည်အသွေး ကင်းမဲ့နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် တန်ဖိုးမြင့်မားတဲ့ ကစားသမားအများအပြား ပိုင်ဆိုင်ထားတာကြောင့် အဆင်သင့်ဖြစ်နေပြီး CIES ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ရဲ့ လူစာရင်း စုစုပေါင်းတန်ဖိုးဟာ ပေါင် ၁ ဘီလီယံဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ဘူကာယို ဆာကာ(၁၆၄ သန်း)နဲ့ မာတီနယ်လီ(၁၀၉.၅ သန်း)တို့က တန်ဖိုး အရှိဆုံးကစားသမားတွေဖြစ်ပြီး မာတင် အော်ဒီဂွါဒ်၊ ဆာလီဘာ၊ ဂါဘရီယဲလ် ဂျေးဇုတို့အားလုံးကလည်း ပေါင် ၈၇.၆ သန်း ဝန်းကျင် တန်ကြေးရှိနေတာဖြစ်ပါတယ်။
အာရွန် ရမ်းစ်ဒေးလ်နဲ့ ဂါဘရီယဲလ် မာဂါလိုင်စ်တို့ကလည်း ပေါင် ၆၅ သန်းဝန်းကျင် တန်ကြေးရှိပြီး အက်ဒီ အန်ကီးတီးယားက ၄၃.၈ သန်း၊ ဇင်ချန်ကို၊ ချာကာ၊ ဘန် ဝှိုက်၊ ထရော့ဆာ့ဒ်၊ ဖေဘီယို ဗီယာရာ၊ ဂျော်ဂျင်ညိုတို့ကလည်း ပေါင် ၃၂.၈ သန်း ဝန်းကျင်တန်ကြေးရှိနေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရာမှာဖိအားတွေအောက်မှာ စွမ်းဆောင်နိင်ပါ့မလားလို့ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း တကယ်တော့ ဂန်းနားလူစာရင်းက ကောင်းမွန်တဲ့လူစာရင်းဖြစ်နေတာဖြစ်ပါတယ်။
စီးရီးအေချန်ပီယံတွေဖြစ်တဲ့ နာပိုလီနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၎င်းတို့မှာ ဗစ်တာ အိုဆီမန်နဲ့ ခရာဗက်စခီလီယာတို့လို ကစားသမားတွေရှိနေပေမယ့်လည်း အာဆင်နယ်အသင်းလူစာရင်းက ၂ ဆအထိ တန်ဖိုးရှိနေတာဖြစ်ပါတယ်။
ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ လိုအပ်တဲ့နေရာတွေကို အင်အားဖြည့်တင်းနိုင်မယ်ဆိုရင် အာဆင်နယ်အသင်းလူစာရင်းတန်ဖိုးဟာ ၁ ဘီလီယံ ပြည့်မြောက်သွားမှာဖြစ်ပြီး လာမယ့်နှစ်တွေအတွက် ပစ်မှတ်က မကြာသေးမီက ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ဆက်လက်ရယူဖို့ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet