ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် ဖလားရနိုင်သေးတယ်လို့ ပြောခဲ့တဲ့ အာတီတာ coyg

ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် ဖလားရနိုင်သေးတယ်လို့ ပြောခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက တနင်္ဂနွေနေ့ညနေက အမ်းမရိတ်စ်မှာ ဘရိုက်တန်ကို ၃-၀ နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ဒုတိယပိုင်း စွမ်းဆောင်ရည်အတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

ဂန်းနားတွေဟာ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက် အသက်ဆက်နိုင်ဖို့အတွက် လက်ကျန်ပွဲစဉ်အားလုံးကို မဖြစ်မနေ အနိုင်ကစားနိုင်ဖို့ လိုအပ်ခဲ့တာဖြစ်ပေမယ့်လည်း အထင်ကြီးစရာကောင်းတဲ့ ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းကြောင့် မရှုမလှ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ ဂိုးမရှိ သရေနဲ့ ပွဲပြီးဆုံးသွားခဲ့ပေမယ့်လည်း ရောဘတ်တို ဒီဇာဘီရဲ့အသင်းဟာ ဒုတိယပိုင်းမှာ အလွန်ကောင်းမွန်ခဲ့ပြီး ဂျူလီယို အန်ဆီဆို၊ ဒန်းနစ်ဇ် အမ်ဒက်ဗ်၊ ပါဗစ် အက်စ်တူပီနန်တို့က ဂိုးတွေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီမှာ အချိန်တော်တော်များများ ရောက်ရှိခဲ့တဲ့ ၎င်းတို့ရဲ့ အကောင်းဆုံးပုံစံရဲ့ လောင်းရိပ်ပြန်မိနေခဲ့ပြီး အာတီတာက ဒုတိယပိုင်းမှာ ၎င်းရဲ့ ကစားသမားတွေဆီကနေ မြင်တွေ့ခဲ့ရတဲ့အရာတွေအတွက် အံ့အားသင့် စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့တစ်ပတ်က ဒီနေရာမှာ ကျွန်တော် ဂုဏ်ယူတဲ့ ခံစားချက်နဲ့ ရပ်နေခဲ့တယ်။ အဲဒါက ကျွန်တော့်မှာရှိနေခဲ့တဲ့ ခံစားချက်ပါ။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော် တောင်းပန်ရပါမယ်။ ဘာလို့လဲဆိုတော့ ဒုတိယပိုင်းက ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က လက်ခံနိုင်စရာမဟုတ်လို့ပါ။ သင်္ချာနည်းအရတော့ ပရီးမီးယားလိဂ်ရဖို့က ဖြစ်နိုင်ခြေရှိသေးပြီး ဒါက ဘောလုံးပါ။ ဒါပေမယ့် ဒီနေ့မှာတော့ အဲဒီအကြောင်းတွေးဖို့က မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ ဒုတိယပိုင်းက စွမ်းဆောင်ရည်နဲ့ ရလဒ်ကို ကျေညက်အောင် လုပ်ရမယ်။ ဘာကြောင့်လဲဆိုတာကို နားလည်အောင်လုပ်ပြီး လာမယ့်ပွဲမှာ အရမ်းကွဲပြားခြားနားတဲ့ စွမ်းဆောင်ရည်ပြသရမယ်။ ကျွန်တော်တို့ သူတို့တွေ တကယ်ကို တိုက်ရိုက်ထိုးဖောက်လာချိန်မှာ ဂိုးခွင့်ပြုခဲ့ရပြီး အဲဒီကတည်းကနေ အသင်းက ဘာတုံ့ပြန်မှုမှ မရှိတော့ဘူး။ ခင်ဗျား ရူးမိုက်တဲ့ ဒုတိယဂိုးကို ပေးလိုက်ရတဲ့အချိန်မှာ အသင်းက လဲပြိုသွားပြီး အသင်းက ဘာအဖြေမှ မပေးနိုင်တော့တာ သိသာပါတယ်”

စပိန်လူမျိုးနည်းပြက ၎င်းရဲ့ အသင်းဖြစ်ပျက်ခဲ့တာတွေအတွက် စိုးရိမ်ပူပင်နေပြီး ဒါက ၎င်းနဲ့ ကစားသမားတွေကြားမှာ ဖြေရှင်းရမယ့် အားနည်းချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော့် ကစားသမားတွေကို အမြဲတမ်း ကာကွယ်သွားမှာပါ။ အမြဲတမ်း ပထမဆုံး တာဝန်ရှိတဲ့သူက ကျွန်တော်ပါ။ အိမ်ကွင်းမှာ ဒီလို ရှုံးပွဲအပြီးမှာ ကျန်တဲ့လူတွေကို မကြည့်ခင် တစ်ဦးချင်းနဲ့ ခင်ဗျားဘာသာ ခင်ဗျား ခွဲခြမ်းစိတ်ဖြာရမှာပါ။ ဘရိုက်တန်က ကျွန်တော်တို့ တကယ်ကို ဆိုးရွားခဲ့တဲ့အချိန်မှာ တကယ်ကောင်းခဲ့တယ်။ အသင်းက ဒီလိုမျိုး လုပ်နိုင်တယ်ဆိုရင် ဖြေရှင်းရမယ့် အရာတွေ ရှိနေတာ သိသာပါတယ်။ ခင်ဗျား ဘယ်လို ဆင်ခြေကိုမှ ရှာဖွေလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ ပထမဆုံး တစ်ဦးချင်းစီကို ကြည့်ရမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet