နွေရာသီလက်ကျန်အချိန်တွေမှာ အာရုံစိုက်မယ့်ပစ်မှတ်ကို သတ်မှတ်ထားတဲ့ အာဆင်နယ် user

နွေရာသီလက်ကျန်အချိန်တွေမှာ အာရုံစိုက်မယ့်ပစ်မှတ်ကို သတ်မှတ်ထားတဲ့ အာဆင်နယ်

Sky Sports သတင်းထောက်က ယခုနွေရာသီအပြောင်းအရွှေ့ကာလလက်ကျန်အချိန်တွေမှာ ဘယ်ကစားသမားကို အာဆင်နယ်က ပစ်မှတ်ထားနေလဲဆိုတာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစရာသတင်းကို ထုတ်ဖော်ခဲ့ပါတယ်။

ဂန်းနားတွေဟာ ယခုနွေရာသီမှာ ချဲလ်ဆီးကနေ ခိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်း၊ အိုင်းယက်ကနေ ယူရီယန် တင်းဘားကို ပေါင် ၃၈.၅ သန်း၊ ဝက်စ်ဟမ်းအသင်းကနေ ဒီကလန် ရိုက်ကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော် သုံးစွဲခဲ့ပြီး ဖြစ်ပေမယ့်လည်း နည်းပြ အာတီတာက အသင်းကို ဆက်လုပ်စရာ အလုပ်ရှိသေးတယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ ဆောက်သမ်တန်ကွင်းလယ်ကြယ်ပွင့် ရိုမီယို လာဗီယာနဲ့ လေဗာကူဆင် တောင်ပံကစားသမား မူဆာ ဒီယာဘီတို့အပါအဝင် အခြားပစ်မှတ်အများအပြားနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

“ကြည့်ကြတာပေါ့။ ကျွန်တော်တို့ ကစားသမားတွေထဲက အချို့နဲ့ပတ်သက်ပြီး မျှော်မှန်းချက်တွေနဲ့ စျေးကွက်ထဲမှာအချိန်တွေ အများကြီး ရှိပါသေးတယ်။ အဲဒီတော့ ကျွန်တော်တို့ လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို ကြည့်တာပေါ့။ ကျွန်တော်တို့ သတိပေးသွားမှာပါ။ လုပ်စရာကိစ္စတွေက အများကြီးကျန်သေးတယ်။ ထွက်ခွာမှုတွေအတွက်လည်း အချိန်တွေ အများကြီးရှိသေးတာ သိသာပါတယ်။ အဲဒီတော့ အရာအားလုံးက လုပ်စရာရှိတဲ့အတိုင်း ဆက်သွားလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Sky Sports News သတင်းထောက် ဒါးမက်ရှ် ရှက်က အာဆင်နယ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ဒီယာဘီကိုရော ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ညာကိုပါ ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ငွေကြေးများစွာ သုံးစွဲထားတာကြောင့် နောက်ထပ်ကစားသမားခေါ်ယူမှုတွေ မပြုလုပ်ခင်မှာ အသင်းက ကစားသမားတွေကို ရောင်းချရလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ကို တိုက်စစ်နေရာအတွက် သေချာကြည့်နေလို့ ပြောခဲ့တယ်။ အထူးသဖြင့် ညာတောင်ပံပေါ့။ သူတို့တွေ ဟိုးနွေတုန်းက ရာဖင်ညာကို ခေါ်ဖို့ ကြိုးစားခဲ့တာ သတိရသေးလား။ သူ(ရာဖင်ညာ)က ဘာစီလိုနာကိုပဲ ပြောင်းသွားခဲ့တယ်။ သူတို့တွေ လေဗာကူဆင်က မူဆာ ဒီယာဘီကိုလည်း စိတ်ဝင်စားနေကြတယ်။ အက်စ်တန် ဗီလာက သူ့အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ငြင်းပယ်ခံခဲ့ရတယ်ဆိုတာကိုလည်း ကျွန်တော် သိတယ်။ အဲဒီတော့ တောင်ပံနေရာက စောင့်ကြည့်ရမယ့် နေရာဖြစ်နိုင်တယ်။ အခုတော့ ထွက်ခွာမှုအချို့ လိုအပ်မှာဖြစ်ပြီး ငွေကြေးပြန်ရှာဖွေရမှာပါ။ ဘာလို့လဲဆိုတော့ ခိုင် ဟာဗတ်ဇ်၊ ရိုက်နဲ့ တင်းဘားတို့အတွက် ဒီနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော် သုံးထားခဲ့လို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet