နေမာကို အာဆင်နယ်မှာ မြင်ချင်တဲ့ ဂန်းနားဂန္တဝင် coyg

နေမာကို အာဆင်နယ်မှာ မြင်ချင်တဲ့ ဂန်းနားဂန္တဝင်

အာဆင်နယ်ကွင်းလယ်ဂန္တဝင် ဂီလ်ဘာတို ဆေးလ်ဗားက အာဆင်နယ်က ယခုနွေရာသီမှာ နေမာအတွက် ပြီးပြည့်စုံတဲ့နေရာဖြစ်လိမ့်မယ်လို့ ထင်မြင်နေပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ ပဲရစ်ကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေသူဖြစ်ပြီး လီဂူးဝမ်းထိပ်သီးအသင်းကြီးက နေမာကို တစ်နှစ်လုပ်လခလစာ ပေါင် ၄၄ သန်းအထိ ပေးချေနေရတဲ့ ၎င်းတို့ရဲ့ ကြီးမားတဲ့လစာပေးချေမှုပမာဏကို လျှော့ချချင်နေတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီကလည်း ယခုနွေရာသီမှာ ဆော်ဒီ အာရေဗျကို ပေါင် ၅၂၂ သန်း တန်ကြေးရှိတဲ့ သဘောတူညီမှုနဲ့ ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ နယးကာဆယ်တို့ကလည်း နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ မရှုံးနိမ့်နိုင်သောအသင်းထဲမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့တဲ့ ဂန်းနားဂန္တဝင် ဂီလ်ဘာတို ဆေးလ်ဗားက မြောက်လန်ဒန်ကလပ်အသင်းကို အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူဖို့ တောင်းဆိုခဲ့ပါတယ်။

“ပီအက်စ်ဂျီမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က နေမာအတွက် အရမ်းထူးဆန်းခဲ့ပါတယ်။ လူတွေက သူ့အိမ်ကို သွားကြတာကို မြင်ရတယ်။ ကျွန်တော် ဒါကို သဘောမတူပါဘူး။ ပရိသတ်တွေဟာ ကစားသမားရဲ့အိမ်ကို သွားပြီး ဆန္ဒပြခွင့်မရှိပါဘူး။ ဒါက အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်။ ဘာလို့လဲဆိုတော့ အဲဒါက အန္တရာယ်ရှိပြီး မကောင်းလို့ပါ။ အဲဒါက သူရော တခြားကစားသမားတွေပါ ထပ်မဖြစ်ဖို့ ကျွန်တော် မျှော်လင့်တယ်”

“အားလုံးက နေမာရဲ့ အရည်အသွေးကို သိကြပါတယ်။ သူ့အရည်အသွေးအကြောင်းက ကျွန်တော် ပြောပြဖို့ မလိုပါဘူး။ သူကစားတဲ့ပုံကို ကျွန်တေ်ာ နှစ်သက်တယ် ။သူ့ကို နယူးကာဆယ်အစား အာဆင်နယ်မှာ မြင်ချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီကောင်လေးကို ကစားသမားအဖြစ်နဲ့ နှစ်သက်သလို သူက ဘောလုံးကို အများကြီး အထောက်အကူပေးနိုင်တာမို့လို့ပါ။ သူ့အတွက် ခက်ခဲစေခဲ့တဲ့ ဒဏ်ရာပြဿနာအချို့ကို သူ ခံစားခဲ့ရတယ်။ ဒါပေမယ့် သူက ဘယ်လိုဘောလုံးအသင်းကိုမဆို အများကြီး ကူညီပေးနိုင်ပါတယ်။ သူ ဘယ်လို အံဝင်အောင်လုပ်မလဲ။ အင်း။ ဒါက အာတီတာအတွက် အရမ်းကြီးမားတဲ့ အလုပ်ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ကျွန်တော် ပီအက်စ်ဂျီနဲ့ စာချုပ်ရှိနေသေးတဲ့ ကစားသမားအကြောင်း မပြောချင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။