ဒီကလန် ရိုက်စ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ
-အာဆင်နယ်ဂန္တဝင် ရောဘတ် ပီးရက်စ်က ၎င်းရဲ့ အသင်းဟောင်းဟာ ယခုနွေရာသီမှာ မွိုက်စ် ကိုင်ဆေဒိုကို ခေါ်ယူဖို့အတွက် ကြီးမားတဲ့ ငွေကြေးသုံးစွဲမှု ပြုလုပ်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး အီကွေဒေါကြယ်ပွင့်က ဂန်းနားတွေရဲ့ ကစားဟန်နဲ့ အရမ်းအံဝင်မယ်လို့ ပြောကြားခဲ့ပါတယ်။ “အာဆင်နယ်ကို သူ ပြောင်းရွှေ့မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အာတီတာက သူ့ကို လိုချင်နေတယ်။ အာဆင်နယ်မှာ အောင်မြင်မှုရရှိဖို့ လိုအပ်တဲ့အရာအားလုံး သူ့မှာ ရှိနေတယ်။ အသင်းက သူ့အတွက် ကြီးမားတဲ့ ငွေကြေးပေးချေသွားချင်တဲ့ ဆန္ဒရှိနေတယ်။ အဲဒါက သူ့အရည်အချင်းအတွက် အသိအမှတ်ပြုတာပါ”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်ဟာ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်ပေမယ့်လည်း ဂျာမနီက သတင်းတွေအရ သဘောတူညီမှုဟာ အပြီးသတ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အင်္ဂလန်ကွင်းလယ်လူအတွက် ပြောင်းရွှေ့နိုင်ခြေရှိတဲ့နေရာအဖြစ် ထွက်ပေါ်ခဲ့ပေမယ့်လည်း ဂျာမန်သတင်းဌာန RAN က ဘွန်ဒက်စ်လီဂါချန်ပီယံတွေရဲ့ ကြိုးပမ်းမှုက အချည်းနှီးသာဖြစ်ပြီး အာဆင်နယ်နဲ့ သဘောတူညီမှုက အပြီးသတ်ပြီးခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။ သတင်းရင်းမြစ်တစ်ဦးက “ဒီကလန် ရိုက်စ်က ဆူလီဗန်(ဝက်စ်ဟမ်းဥက္ကဌ)ကို အာဆင်နယ်ကိုပဲ ပြောင်းရွှေ့ချင်တယ်ဆိုပြီး သိပ်မကြာခင်ကပဲ ပြောခဲ့တယ်။ ဒီသဘောတူညီမှုက အမှန်တော့ အပြီးသတ်ခဲ့တာ နည်းနည်းကြာပါပြီ”လို့ ပြောကြားခဲ့တာဖြစ်ပြီး ပေါင် ၈၅ သန်းဝန်းကျင်နဲ့ ရိုက်စ်ဟာ ဂန်းနားတွေရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အသစ် ဖြစ်လာတော့မှာဖြစ်ပါတယ်။
-အာဆင်နယ်အသင်းဟာ တီမိုသီ ကာစတာညဲကို ခေါ်ယူဖို့အတွက် လက်စတာစီးတီးနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး အာတီတာဟာ ယခုနွေရာသီမှာ ညာနောက်ခံနေရာအတွက် ကစားသမားသစ် ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ အခြား ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတွေအဖြစ် မန်စီးတီးနောက်ခံလူ ကန်ဆယ်လို၊ ဗယ်လာဒိုးလစ်နောက်ခံလူ ဖရက်စ်နီဒါ၊ ဂလာတာဆာရေးနောက်ခံလူ ဆာချာ ဘိုဝီတို့နဲ့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
ဂျာနယ်လစ် ဆာချာ တာဗိုလီယာရီရဲ့ ပြောကြားချက်အရ အာဆင်နယ်ဟာ လက်စတာနောက်ခံလူကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ကာစတာညဲဟာ ဖရက်စ်နီဒါပြီးရင် ညာနောက်ခံနေရာအတွက် ဒုတိယမြောက် ရွေးချယ်စရာအဖြစ် ရှုမြင်ခြင်းခံထားရတာဖြစ်ပါတယ်။ လက်စတာစီးတီး တန်းဆင်းသွားပြီးနောက် ကာစတာညဲဟာ မြေခွေးတွေကို စွန့်ခွာမယ့်ကစားသမားတွေထဲက တစ်ဦးဖြစ်လာနိုင်ပြီး ၂၀၂၀ မှာ အတ္တလန္တာကနေ ပြောင်းလာပြီးကတည်းက ပရီးမီးယားလိဂ်မှာ ပွဲပေါင်း ၁၁၂ ပွဲ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၃၀ ကျော် ပါဝင်ကစားပေးထားတဲ့ ကာစတာညဲဟာ လိုအပ်ရင် ဘယ်နောက်ခံနေရာမှာပါ ကစားပေးနိုင်သူဖြစ်ပါတ်ယ။
-အာဆင်နယ်ကြယ်ပွင့်နောက်ခံကစားသမား ဇင်ချန်ကိုဟာ အာဆင်ဝင်းဂါးလက်အောက်မှာ ကစားပြီး ကလေးဘဝ အိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ယူကရိန်းနောက်ခံလူဟာ Chernihiv က ဒုံးကျည်ထိမှန်ပြီး ပျက်စီးသွားခဲ့တဲ့ Mykhailo-Kotsiubynsky ကျောင်း ပြန်လည်တည်ဆောက်ဖို့အတွက် ဩဂုတ်လ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကြယ်စင်စု ပွဲစဉ်အဖြစ် ကစားမယ့် Game 4 Ukraine ရန်ပုံငွေပွဲမှာ ပါဝင်ကစားပေးသွားမယ့် ကြယ်ပွင့်ကစားသမားတွေထဲက တစ်ဥိးဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်နောက်ခံကစားသမားက အသက် ၁၇ နှစ်အရွယ် ရှက်တာဒိုးနတ်အကယ်ဒမီမှာ ကစားနေခဲ့တဲ့အချိန်တုန်းက အာဆင်နယ်ကို ပြောင်းရွှေ့လာဖို့ အမှန်တကယ် နီးစပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ယူကရိန်းက ကစားသမားဘဝအစောပိုင်းမှာ အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးကို စံပြပုဂ္ဂိုလ်အဖြစ်နဲ့ လေ့လာသင်ယူခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဇင်ချန်ကိုက လက်ရှိမှာတော့ ၎င်းရဲ့ စံပြပုဂ္ဂိုလ်ဖြစ်တဲ့ အာဆင်ဝင်းဂါးလက်အောက်မှာ ကစားသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတော့မယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ Game 4 Ukraine လို့ အမည်ပေးထားတဲ့ ရန်ပုံငွေပွဲစဉ်မှာ ယူကရိန်းနဲ့ ချဲလ်ဆီးဂန္တဝင်ဖြစ်တဲ့ ရှက်ဗ်ချင်ကိုလည်း ပါဝင်ကစားပေးသွားမှာဖြစ်ပြီး ဇင်ချန်ကိုက “အဲဒါက မယုံနိုင်စရာပဲ။ သူ(ရှက်ဗ်ချင်ကို)ကျွန်တော်တို့နဲ့ ပူးပေါင်းသွားမှာဖြစ်တဲ့အတွက် အကြီးကြီး ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော့် ကလေးဘဝ အိပ်မက်က အာဆင်နယ်ကစားသမားဖြစ်လာဖို့ဖြစ်ပြီး အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်းကို ကြည့်ပြီးတော့ အဲဒီအိပ်မက်ဖြစ်လာတာပါ။ အာဆင်နယ်က ကျွန်တော် ကလေးဘဝကတည်းက ရှိနေချင်ခဲ့တဲ့ နေရာဖြစ်ပြီး သူက ကျွန်တော့်နည်းပြဖြစ်လာမယ့် ဒီအခွင့်အရေးကို အသုံးပြုသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News