တတိယမြောက်စီးတီးကြယ်ပွင့်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အာဆင်နယ် coyg

တတိယမြောက်စီးတီးကြယ်ပွင့်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဂျာအို ကန်ဆယ်လိုကို နောက်ဆုံး အပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာကြောင့် မန်ချက်စတာစီးတီးနဲ့ နောက်ထပ်တစ်ကြိမ် အလုပ်လုပ်နိင်မယ်လို့ မျှော်လင့်နေပါတယ်။

အာတီတာဟာ အစ်တီဟတ်မှာ ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆုဖလားတိုင်းကို စိန်ခေါ်နေတဲ့ မန်ချက်စတာစီးတီးအသင်းသားတွေရဲ့ လေးစားမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်ကို တာဝန်ယူကိုင်တွယ်ခဲ့ပြီးကတည်းက အာတီတာဟာ ဂွါဒီယိုလာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို အသုံးချပြီး မန်ချက်စတာစီးတီး စီနီယာကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဂါဘရီယဲလ် ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ ၂ ဦးစလုံးကို ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်း ၂ ဦးဟာ အာဆင်နယ်လူစာရင်းကို အရည်အသွေးတွေ ဖြည့်စွက်ပေးနိုင်ခဲ့တာကြောင့် ဂန်းနားတွေဟာ ယခုရာသီမှာ ထိပ်ဆုံး ၄ နေရာအတွက် ယှဉ်ပြိုင်ရာကနေ အမှတ်ပေးဖလား စိန်ခေါ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုဟာ မအောင်မြင်ခဲ့တဲ့နောက် အာတီတာဟာ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး တစ်ရာသီသာ ထကောင်းတဲ့အသင်းမျိုးမဖြစ်အောင် အင်အားဖြည့်တင်းဖို့ လိုအပ်တဲ့နေရာတွေကို ဖြည့်တင်းဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။

အာတီတာဟာ ယခုနွေရာသီမှာ နောက်ခံတောင်ပံနေရာကို အင်အားဖြည့်တင်းဖို့ သတ်မှတ်ထားပြီး ကန်ဆယ်လိုဟာ အာဆင်နယ်ရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ The Athletic က ဖော်ပြခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီနောက်ခံကစားသမားဟာ ဂွါဒီယိုလာရဲ့အသင်းမှာ လူပိုဖြစ်နေခဲ့ပုံပေါ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဘိုင်ယန်မြူးနစ်အသင်းကို ရာသီကုန်အထိ အငှားနဲ့ အံ့အားသင့်ဖွယ် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ မြူးနစ်ကို ရောက်ရောက်ချင်း အလွန်ကောင်းမွန်တဲ့ အရည်အသွေးတွေကို ပြသခဲ့ပေမယ့်လည်း တဖြည်းဖြည်းနဲ့ ပွဲထွက်ခွင့်မရတော့ဘဲ ယခုရာသီကုန်မှာ အစ်တီဟတ်ကို ပြန်လည်ပြောင်းရွှေ့လာမှာ သေချာသလောက်ရှိနေတာဖြစ်ပါတယ်။

အဲဒါက ငယ်ရွယ်တဲ့လူစာရင်းကို ဆုဖလားတွေ ပိုမို ရရှိခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ကစာသမားတွေ လိုချင်နေတဲ့ အာဆင်နယ်အတွက် အချက်ပေးသံဖြစ်လာခဲ့တာဖြစ်ပြီး အာတီတာလက်အောက်မှာ တိုးတက်မှုလက္ခဏာတွေ မြင်တွေ့ခဲ့ရပြီးနောက် မန်စီးတီးဟာ ဆုဖလားပြိုင်ဘက်ကို ကစားသမားတွေ တိုက်ရိုက်ရောင်းချမှုမပြုလုပ်တော့မှာကို ဂန်းနားတာဝန်ရှိသူတွေက ကြောက်ရွံ့နေကြတာဖြစ်ပါတယ်။

“ပက်နဲ့ မန်စီးတီးတို့က အာဆင်နယ်ကို နောက်ထပ်တစ်ကြိမ် ကစားသမား ရောင်းချတော့မှာမဟုတ်ပါဘူး။ ဇင်ချန်ကို ကို အာဆင်နယ်ဆီ ရောင်းထုတ်လိုက်ရတဲ့ အကြောင်းအရင်းက ပက်ရဲ့ ဘော်ဒါဖြစ်နေလို့ဖြစ်ပြီး အာဆင်နယ်က ခြိမ်းခြောက်မှုဖြစ်လာခဲ့မယ်လို့ မခံစားခဲ့ရလို့ပါ။ ”လို့ မတ်လတုန်းက ဂျေမီ ကာရေဂါက ပြောကြားခဲ့တာဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီးနဲ့ စာချုပ်သက်တမ်း ၄ နှစ်အထိ ကျန်ရှိနေသေးတာကြောင့် စျေးပေါပေါနဲ့ ခေါ်ယူလို့ ရနိုင်မှာမဟုတ်ဘဲ အာဆင်နယ်အနေနဲ့ တိုမိယဆု ခရစ္စမတ်ကာလအထိ ကြံ့ခိုင်မှု မပြည့်ဝဘဲနေမှာကို စိုးရိမ်နေမှုတွေရှိနေပြီး ဘန် ဝှိုက်က ညာနောက်ခံနေရာမှာ ကစားပေးခဲ့ပေမယ့်လည်း ဆာလီဘာဒဏ်ရာရပြီးနောက်ပိုင်းမှာ ဗဟိုခံစစ်အတွက် ရွေးချယ်စရာ မရှိဖြစ်ခဲ့တာဖြစ်ပါတယ်။

ကန်ဆယ်လိုကို မန်ချက်စတာစီးတီးအသင်းဆီကနေ ခေါ်ယူနိုင်ပါ့မလားလို့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ ဒီကလန် ရိုက်စ်က လာမယ့်ရာသီမှာ ဂန်းနားတပ်သားဖြစ်လာတော့မယ်လို့ အကောင်းမြင်မှုတွေ ကြီးထွားလာနေပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင် ၉၂ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Arsenal Myanmar

Ref: Internet