ဆုဖလားပြိုင်ပွဲအတွင်း အာတီတာလုပ်ခဲ့တဲ့အမှားကို ပြောပြခဲ့တဲ့ ပေါလ် မာဆန် coyg

ဆုဖလားပြိုင်ပွဲအတွင်း အာတီတာလုပ်ခဲ့တဲ့အမှားကို ပြောပြခဲ့တဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်က အာတီတာဟာ ဆိုးရွားတဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုကြောင့် ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလား အိပ်မက်ကို ထိခိုက်စေခဲ့တဲ့ ဧပြီလအတွင်းမှာ ဂျော်ဂျင်ညိုကို ပွဲထွက်အသုံးမပြုခဲ့တဲ့အမှားကို ကျူးလွန်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဂန်းနားတွေဟာ ရာသီအချိန်အများစုမှာ အလွန်အထင်ကြီးစရာ ကောင်းခဲ့တာဖြစ်ပေမယ့်လည်း ၎င်းတို့ရဲ့ ဆုဖလားစိန်ခေါ်မှုဟာ ပြီးခဲ့တဲ့လမှာ စတင်ပြီး ယိမ်းယိုင်လာခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်နဲ့ မန်ချက်စတာစီးတီးတို့နဲ့ပွဲစဉ်တွေမှာ ရမှတ်တွေလျော့ကျခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လီဗာပူးလ်၊ ဝက်စ်ဟမ်းတို့နဲ့ ပွဲစဉ်မှာ ၂-၀ နဲ့ ဦးဆောင်နိုင်မှုကို လွှင့်ပစ်ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားအောက်ခြေက ဆောက်သမ်တန်အသင်းကိုတော့ နောက်ကနေ ၂ လုံးလိုက်သွင်းပြီး သရေ ရလဒ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ကိုင်မြှောက်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အစ်တီဟတ်က ပရီးမီးယားလိဂ်ဖလား အဆုံးအဖြတ်ပွဲစဉ်မှာ မန်ချက်တာစီးတီးရဲ့ ၄-၁ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ဇန်နဝါရီ ကစားသမားခေါ်ယူမှုဖြစ်တဲ့ ဂျော်ဂျင်ညိုဟာ လီဗာပူးလ်၊ ဆောက်သမ်တန်တို့နဲ့ ကစားခဲ့တဲ့ပွဲမှာ အရန်ခုံမှာ ချန်လှပ်ခြင်း ခံခဲ့ရပြီး ဆောက်သမ်တန်နဲ့ မန်စီးတီးတို့နဲ့ ပွဲစဉ်ဒုတိယပိုင်းမှသာ လူစားဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ အာဆင်နယ်ရဲ့ လာမယ့်ပွဲစဉ် ၂ ပွဲအတွက် ကွင်းလယ်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ဂျော်ဂျင်ညိုဟာ အသင်းဟောင်း ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ တတိယနေရာက နယူးကာဆယ်နဲ့ပွဲစဉ်မှာ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ထင်တယ်။ အာတီတာက ပြီးခဲ့တဲ့လမှာ ဒီကနေပြီး သင်ခန်းစာရခဲ့မှာပါ။ ပြန်ကြည့်လိုက်ရင် ဂျော်ဂျင်ညိုက ဆောက်သမ်တန်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့် ရသင့်တယ်။ အဲဒါက အာဆင်နယ် ရိုးရိုးရှင်းရှင်းပဲ အနိုင်ရရမယ့် ပွဲပါ။ ၇ ဂိုး၊ ၈ ဂိုးသွင်းစရာမလိုပါဘူး။ အနိုင်ရရုံပါပဲ။ ကျွန်တော် နောက်ကွယ်ကအရာတွေကို ရှင်းရှင်းလင်းလင်း သိပါတယ်။ ဒါပေမယ့် ဂျော်ဂျင်ညိုက အကြောင်းအရင်းတစ်ခုအတွက် ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပြီး သူက အရာအားလုံးကို တင်းတင်းကြပ်ကြပ် ထိန်းသိမ်းထားနိုင်အောင် ကူညီပေးမယ်။ ဆောက်သမ်တန် ဂိုးမသွင်းနိုင်အောင် လုပ်ပေးမယ်။ ပြီးတော့ အခွင့်အရေးတွေ ဖန်တီးပေးမယ်လို့ ကျွန်တော် ထင်တယ်”

“အရမ်းကောင်းတဲ့ ရာသီ မရခဲ့တဲ့ ဗီယာရာက ဂျော်ဂျင်ညိုကို ကျော်ပြီး ပွဲထွက်လာတော့ ကျွန်တော် အံ့ဩသွားတယ်။ အာဆင်နယ်က ပွဲကို သရေကစားသွားခဲ့တယ်။ ဂျော်ဂျင်ညိုက ပွဲကို စီမံခန့်ခွဲနိုင်တယ်။ လူတွေက သူ မပြေးလွှားနိုင်ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ခင်ဗျား ပြေးစရာမလိုပါဘူး။ သူ့ရဲ့ ဦးနှောက်က လျင်မြန်ပါတယ်။ ခင်ဗျား လျင်မြန်တဲ့ ခြေထောက်ထက် လျင်မြန်တဲ့ ဦးနှောက်ရှိတာ ပိုကောင်းတယ်”

“ဘောလုံးမှာ အကောင်းဆုံး စွမ်းရည်က ဘာလဲသိလား။ အဲဒါက ဖြတ်ကျော်တာတွေ ဒါမှမဟုတ် ရုတ်တရက် ထက်မြက်တဲ့ရွေ့လျားမှုတွေ လုပ်တာမဟုတ်ပါဘူး။ ရယ်စရာကောင်းလောက်အောင် ခင်ဗျားရဲ့ အသင်းဖော်တွေကို ဘောလုံးနဲ့အတူ ရှာတွေ့ဖို့ပါ။ အဲဒါက မကြာခဏ လူတွေ လစ်လျူရှုတာ ခံခဲ့ရတဲ့ မယုံနိုင်စရာ စွမ်းရည်ပါ။ အားလုံးက ကစားသမားတွေကို နောက်ခံကစားသမား ၇ ယောက်လောက်ကို ကျော်ဖြတ်ပြီး တစ်ဦးတည်း အံ့အားသင့်စရာ သွင်းဂိုးတွေ သွင်းယူတာကို မြင်ချင်ကြတယ်။ ဒါပေမယ့် အကောင်းဆုံးစွမ်းရည်က ဘောလုံးကို အောင်အောင်မြင်မြင်နဲ့ ပေးပို့ဖို့ပဲ”

“ကျွန်တော့်ကို ဘောလုံးသမားအကြောင်းတွေ လာမပြောနဲ့။ အရေးကြီးတာက ဘောလုံးထိန်းသိမ်းဖို့၊ ဘောလုံးကို ဂရုစိုက်တာ၊ ပေးပို့တာ၊ ရွေ့လျားတာပဲ။  ဂျော်ဂျင်ညိုက နယူးကာဆယ်နဲ့ပွဲမှာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ အဲဒါကို လုပ်နိုင်ခဲ့လို့ပါ။ သူ လုပ်ခဲ့တာတွေက လူမှုကွန်ရက်ပေါ်မှာ ရှိနေမှာမဟုတ်လို့ပါ။ ကလေးတွေက အဲဒါကို ကြည့်လို့ရမှာမဟုတ်ပါဘူး။ ဘာဗီဒီယိုမှလည်း ရှိမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ လုပ်နေတာတွေက လူမမြင်သူမမြင်ဖြစ်နေခဲ့လို့ပဲ။ ကျွန်တော့်အတွက်တော့ ဂျော်ဂျင်ညိုက အာဆင်နယ်အတွက် ကစားပေးရမယ်။ သူတို့တွေမှာ တိုက်စစ်ပိုင်း အားကောင်းမှုကို မာတီနယ်လီနဲ့ ဆာကာတို့က ယူဆောင်ပေးပြီး ဂျော်ဂျင်ညိုကတော့ ဟန်ချက်ညီမှုကို ယူဆောင်ပေးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet