ဆုဖလားပြိုင်ပွဲမှာ ဂျော်ဂျင်ညိုရဲ့အခန်းကဏ္ဍသစ်ကြောင့် လူရွေးမမှားတာ သေချာခဲ့တဲ့ အာတီတာ
ရလဒ်ကောင်းတွေဟာ ပရီးမီးယားလိဂ်ရာသီကုန်မှာ အဆုံးအဖြတ်ဖြစ်လာမှာဖြစ်ပြီး အာတီတာအနေနဲ့ ၎င်းရဲ့အသင်း ရလဒ်ကောင်းအောင် အရာအားလုံးလုပ်သွားမှာဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် ဘုန်းမောက်နဲ့ စနေနေ့က ကစားခဲ့တဲ့ပွဲစဉ်ကို ဂန်းနားတွေအတွက် သေးငယ်တဲ့ အသေးစိတ်ကျမှုတွေက အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပွဲစစပြီး ၉ စက္ကန့်အကြာမှာပဲ အဖွင့်ဂိုးပေးခဲ့ရပြီး ပွဲကစားချိန် တစ်နာရီ မပြည့်ခင်မှာ အာဆင်နယ်အသင်းက နောက်ထပ် ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။
ပါတေးနဲ့ ဝှိုက်တို့က ချေပဂိုးတွေ သွင်းယူပေးသွားခဲ့ပြီးနောက် လူစားဝင်လာတဲ့ ရိစ် နယ်လ်ဆန်က နာကျင်အချိန်ပို ၉၇ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ မြေမကျဘောကန်ချက်နဲ့အတူ အမ်းမရိတ်စ်တစ်ကွင်းလုံး ပွင့်ထွက်မတတ် အောင်ပွဲခံသံတွေ ညံစေခဲ့တာ ဖြစ်ပါတယ်။
နည်းပြအာတီတာက “ဒီနေ့ အသင်းလိုက်ရော တစ်ဦးချင်းပါ အနိုင်ရဖို့ မတူညီတဲ့ စိတ်ဆန္ဒ အဆင့်အတန်း၊ စိတ်ပိုင်းဖြတ်မှု၊ လုပ်နိုင်စွမ်းကို ပြသခဲ့တယ်။ ဘာလို့လဲဆိုတော့ ပွဲက အရုပ်ဆိုးလာတဲ့အချိန်မှာ ခင်ဗျားရဲ့ အရှိန်အဟုန် လျော့ကျသွားပြီး ပွဲတလျှောက်လုံး ငုပ်သွားနိုင်တဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ ဒါပေမယ့် ကစားသမားတွေက အဲဒီလိုမလုပ်ခဲ့ဘူး” လို့ သူ့ရဲ့အာဆင်နယ် ကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။
ဆက်လက်ပြီး “သူတို့တွေ ပွဲကို ထိန်းချုပ်မှု လိုချင်ခဲ့တယ်။ အချိန်တိုင်း ဘောလုံးလိုချင်ခဲ့တယ်။ သူတို့တွေ စွန့်စားခဲ့တယ်။ သူတို့တွေ အစပြုမှုတွေ ပြုလုပ်ခဲ့တယ်။ သူတို့တွေ ဘုန်းမောက်ကို မဖြိုခွဲနိုင်မချင်း ဆက်ပြီး ကြိုးစားခဲ့ပြီး အာဆင်နယ်အသင်းဆီကနေ ဒါကိုမြင်ရတာ အရမ်းကောင်းပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
ကြီးမားတဲ့နိုင်ပွဲဖြစ်ခဲ့ပေမယ့်လည်း ဝရုန်းသုန်းကားဖြစ်နေတဲ့အချိန်တွေကြားမှာ ကွင်းဘေးစည်းက သေးငယ်တဲ့ အခိုက်အတန့်တွေကို လွတ်ကောင်း လွတ်သွားနိုင်ပြီး ကွင်းလယ်လူ ဂျော်ဂျင်ညိုဟာ သွေးပူလုပ်နေချိန်မှာ နည်းပြ အာတီတာရဲ့ ညွှန်ကြားချက်တွေကို ကူညီ အော်ဟစ်ပေးနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
အီတလီကွင်းလယ်လူဟာ ကွင်းထဲမှာ ပါဝင်ကစားနေတာမဟုတ်ပေမယ့်လည်း အဲဒီအခိုက်အတန့်ဟာ အရင်တုန်းက အမ်းမရိတ်စ်မှာ မရှိခဲ့တဲ့ ခေါင်းဆောင်မှုနဲ့ အတွေ့အကြုံတွေကို ပြသခဲ့တာဖြစ်ပြီး အသင်းလူစာရင်းထဲမှာ အခန်းကဏ္ဍသစ်တစ်ခု ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေဟာ ဂျော်ဂျင်ညိုကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အာတီတာက ချဲလ်ဆီးအသင်းကနေ ဘာကြောင့် ခေါ်ယူလဲဆိုတာကို ပြသခဲ့တာဖြစ်ပြီး စပိန်လူမျိုးနည်းပြက ဘယ်တုန်းကမှ လူရွေးမမှားခဲ့ဘူးဆိုတာလည်း ပိုမို သေချာသွားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ရလဒ္ေကာင္းေတြဟာ ပရီးမီးယားလိဂ္ရာသီကုန္မွာ အဆုံးအျဖတ္ျဖစ္လာမွာျဖစ္ၿပီး အာတီတာအေနနဲ႔ ၎ရဲ႕အသင္း ရလဒ္ေကာင္းေအာင္ အရာအားလုံးလုပ္သြားမွာျဖစ္ပါတယ္။
ဥပမာအေနနဲ႔ ေျပာရရင္ ဘုန္းေမာက္နဲ႔ စေနေန႔က ကစားခဲ့တဲ့ပြဲစဥ္ကို ဂန္းနားေတြအတြက္ ေသးငယ္တဲ့ အေသးစိတ္က်မႈေတြက အလုပ္ျဖစ္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။ ပြဲစစၿပီး ၉ စကၠန႔္အၾကာမွာပဲ အဖြင့္ဂိုးေပးခဲ့ရၿပီး ပြဲကစားခ်ိန္ တစ္နာရီ မျပည့္ခင္မွာ အာဆင္နယ္အသင္းက ေနာက္ထပ္ ဦးေဆာင္ဂိုးကို ခြင့္ျပဳေပးခဲ့ရတာ ျဖစ္ပါတယ္။
ပါေတးနဲ႔ ဝႈိက္တို႔က ေခ်ပဂိုးေတြ သြင္းယူေပးသြားခဲ့ၿပီးေနာက္ လူစားဝင္လာတဲ့ ရိစ္ နယ္လ္ဆန္က နာက်င္အခ်ိန္ပို ၉၇ မိနစ္မွာ အလြန္ေကာင္းမြန္တဲ့ ေျမမက်ေဘာကန္ခ်က္နဲ႔အတူ အမ္းမရိတ္စ္တစ္ကြင္းလုံး ပြင့္ထြက္မတတ္ ေအာင္ပြဲခံသံေတြ ညံေစခဲ့တာ ျဖစ္ပါတယ္။ “ဒီေန႔ အသင္းလိုက္ေရာ တစ္ဦးခ်င္းပါ အႏိုင္ရဖို႔ မတူညီတဲ့ စိတ္ဆႏၵ အဆင့္အတန္း၊ စိတ္ပိုင္းျဖတ္မႈ၊ လုပ္ႏိုင္စြမ္းကို ျပသခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ပြဲက အ႐ုပ္ဆိုးလာတဲ့အခ်ိန္မွာ ခင္ဗ်ားရဲ႕ အရွိန္အဟုန္ ေလ်ာ့က်သြားၿပီး ပြဲတေလွ်ာက္လုံး ငုပ္သြားႏိုင္တဲ့ အခိုက္အတန႔္ေတြ ရွိပါတယ္။ ဒါေပမယ့္ ကစားသမားေတြက အဲဒီလိုမလုပ္ခဲ့ဘူး”
“သူတို႔ေတြ ပြဲကို ထိန္းခ်ဳပ္မႈ လိုခ်င္ခဲ့တယ္။ အခ်ိန္တိုင္း ေဘာလုံးလိုခ်င္ခဲ့တယ္။ သူတို႔ေတြ စြန႔္စားခဲ့တယ္။ သူတို႔ေတြ အစျပဳမႈေတြ ျပဳလုပ္ခဲ့တယ္။ သူတို႔ေတြ ကြၽန္ေတာ္တို႔ ဘုန္းေမာက္ကို မၿဖိဳခြဲႏိုင္မခ်င္း ဆက္ၿပီး ႀကိဳးစားခဲ့ၿပီး အသင္းဆီကေန ဒါကိုျမင္ရတာ အရမ္းေကာင္းပါတယ္”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။ ႀကီးမားတဲ့ႏိုင္ပြဲျဖစ္ခဲ့ေပမယ့္လည္း ဝ႐ုန္းသုန္းကားျဖစ္ေနတဲ့အခ်ိန္ေတြၾကားမွာ ကြင္းေဘးစည္းက ေသးငယ္တဲ့ အခိုက္အတန႔္ေတြကို လြတ္ေကာင္း လြတ္သြားႏိုင္ၿပီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳဟာ ေသြးပူလုပ္ေနခ်ိန္မွာ နည္းျပ အာတီတာရဲ႕ ၫႊန္ၾကားခ်က္ေတြကို ကူညီ ေအာ္ဟစ္ေပးေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။
အီတလီကြင္းလယ္လူဟာ ကြင္းထဲမွာ ပါဝင္ကစားေနတာမဟုတ္ေပမယ့္လည္း အဲဒီအခိုက္အတန႔္ဟာ အရင္တုန္းက အမ္းမရိတ္စ္မွာ မရွိခဲ့တဲ့ ေခါင္းေဆာင္မႈနဲ႔ အေတြ႕အႀကဳံေတြကို ျပသခဲ့တာျဖစ္ၿပီး အသင္းလူစာရင္းထဲမွာ အခန္းက႑သစ္တစ္ခု ေပးခဲ့တာျဖစ္ပါတယ္။ အဲဒီလုပ္ေဆာင္ခ်က္ေတြဟာ ေဂ်ာ္ဂ်င္ညိဳကို ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ အာတီတာက ခ်ဲလ္ဆီးအသင္းကေန ဘာေၾကာင့္ ေခၚယူလဲဆိုတာကို ျပသခဲ့တာျဖစ္ၿပီး စပိန္လူမ်ိဳးနည္းျပက ဘယ္တုန္းကမွ လူေ႐ြးမမွားခဲ့ဘူးဆိုတာလည္း ပိုမို ေသခ်ာသြားခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet