ဆုဖလားခန့်မှန်းချက်နဲ့ ဂန်းနားတွေရဲ့တစ်ရာသီတာအကောင်းဆုံးကစားသမားကို ပြောပြခဲ့တဲ့ ဖာဒီနန်
ရီယို ဖာဒီနန်က ပရီးမီးယားလိဂ်ဆုဖလား ဟောကိန်းသစ်နဲ့ ၂၀၂၂-၂၀၂၃ ရာသီအတွက် အာဆင်နယ်ရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာကို ပြောကြားခဲ့ပါတယ်။
ဂန်းနားတွေဟာ တတိယနေရာက နယူးကာဆယ်အသင်းကို တနင်္ဂနွေနေ့မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား ဦးဆောင်သူ မန်ချက်စတာစီးတီးနဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းက တစ်ပွဲလျော့နေပြီး နောက်ဆုံး ၅ ရာသီအတွင်းမှာ ၄ ကြိမ်မြောက် အမှတ်ပေးဖလား ချန်ပီယံတွေဖြစ်လာဖို့အတွက် ရေပန်းအစားဆုံးအသင်းအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ကစားသမားတွေက မြောက်လန်ဒန်ကလပ်အသင်းဟာ လက်ရှိ ချန်ပီယံတွေအနေနဲ့ ၎င်းတို့ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ ခြေချော်ခဲ့မယ်ဆိုရင် ဇယားထိပ်ဆုံးနေရာကို ဝင်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတိပေးခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဖာဒီနန်က အာဆင်နယ်အနေနဲ့ ၁၉ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိမှာမဟုတ်ဘူးလို့ ထင်မြင်နေပြီး မန်ချက်စတာစီးတီးရဲ့နောက် ဒုတိယနေရာမှာပဲ ရာသီပြီးဆုံးလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“အလှည့်အပြောင်း ဒါမှမဟုတ် ၂ ပွဲ ကျန်သေးတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် အာဆင်နယ် ဖလားရသွားဖို့အတွက်တော့ လုံလောက်မှာမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော် အာဆင်နယ်ကို ဟာသ လုပ်ခဲ့သလောက် သူတို့တွေ ဒီရာသီမှာ လုပ်ခဲ့တာတွေက အံ့အားသင့်စရာတွေပါပဲ။ ခင်ဗျား တစ်ရာသီလုံး ဆုဖလားကို စိန်ခေါ်ဖို့အတွက် ဒီလို အင်အားကြီးတဲ့အသင်းနဲ့ ရင်ဆိုင်နိုင်ခဲ့တာက ထူးခြားတဲ့အရာပါ။”
ဖာဒီနန်က မာတင် အော်ဒီဂွါဒ်ကို အာဆင်နယ်ရဲ့ တစ်ရာသီတာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး ဂန်းနားအသင်းခေါင်းဆောင်ဟာ တနင်္ဂနွေနေ့က နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားအတွက် အထင်ကြီးစရာကောင်းတဲ့ ရာသီဖြစ်ခဲ့ပြီး နော်ဝေကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
“အော်ဒီဂွါဒ်က ခင်ဗျားရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမားပါ။ နောက်ထပ်တစ်ကြိမ် တောက်ပပြခဲ့ပြန်ပါပြီ။ သူက ပထမပိုင်းမှာ ကွဲပြားခြားနားတဲ့ အဆင့်အတန်းကို နည်းနည်းလုပ်ပြခဲ့တယ်။”
ဖာဒီနန်က အာတီတာအနေနဲ့ ပြီးခဲ့တဲ့လမှာ မန်စီးတီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂ ပွဲဆက်တိုက် နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာကို ဝမ်းမြောက်ပျော်ရွှင်နေလိမ့်မယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။
“အာတီတာက အစ်တီဟတ်က ပွဲအပြီးမှာ အာဆင်နယ် ပြန်လည်ကုစားနိုင်ခဲ့တဲ့ပုံစံကြောင့် စိတ်ကျေနပ်မိခဲ့မယ်လို့ ကျွန်တော် ထင်တယ်။ ခင်ဗျားတစ်စစီ ဖျက်ဆီးခံခဲ့ရတယ်။ နာလံမထူနိုင်အောင် လုပ်ခံခဲ့ရတယ်။ စိတ်ဓာတ်တွေလည်း ကျဆင်းခဲ့ရတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Rivals' Talk