ဆာလီဘာရဲ့စာချုပ်သစ်၊ ဂန်းနားတွေ ခဏတောင် ဆုံးရှုံးလို့မရတဲ့ ကစားသမားနဲ့ နောက်ဆုံးရ သတင်းများ admin

ဆာလီဘာရဲ့စာချုပ်သစ်၊ ဂန်းနားတွေ ခဏတောင် ဆုံးရှုံးလို့မရတဲ့ ကစားသမားနဲ့ နောက်ဆုံးရ သတင်းများ

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့လတွေမှာ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ ဖက်ဘရီဇီယို ရိုမာနိုက ဂန်းနားတွေအတွက် အားတက်စရာ သတင်းပေးလိုက်ပြီဖြစ်ပါတယ်။ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက ယခုရာသီကုန်မှာ ဒီကလန် ရိုက်စ် ပတ်ဝန်းကျင်မှာ သွားဖို့ အချိန်ကျပြီဆိုတဲ့ ခံစားမှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“အခုအချိန်မှာ ဝက်စ်ဟမ်းနဲ့ ဘာမှ ဆွေးနွေးတာမျိုးမရှိခဲ့ပါဘူး။ ဝက်စ်ဟမ်းအပေါ်မှာပဲ တော်တော်များများက မူတည်နေပြီး သူတို့တွေ ဒီကလန် ရိုက်စ်အတွက် နွေရာသီမှာ ဘယ်လောက်တောင်းဆိုမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဒါပေမယ့် ဒီကလန် ရိုက်စ်ပတ်ဝန်းကျင်က ခံစားချက်တွေက အရမ်းရှင်းပါတယ်။ ၂၀၂၃ နွေရာသီက ဒီကလန် ရိုက်စ်အနေနဲ့ မတူညီတဲ့တစ်စုံတရာကို ကြိုးစားကြည့်ဖို့ အခွင့်အရေးဖြစ်လာတော့မယ်ဆိုတဲ့ ခံစားချက်တွေရှိနေတယ်။ မနှစ်ကတည်းက ခင်ဗျားကို ပြောပြီးသားပါ။”

“ဒီကလန် ရိုက်စ်က စာချုပ်သစ် ချုပ်မှာမဟုတ်ဘဲ အခုအထိလည်း အဲဒီအတိုင်းပဲ ဖြစ်နေတုန်းပဲ။ ဒီကလန်အတွက် ခံစားချက်က သွားဖို့ အချိန်ကျပြီ။ မတူညီတဲ့စိန်ခေါ်မှုတွေကို စမ်းသပ်ရမယ့် အချိန်ကျပြီဆိုတာပဲ။ အဲဒီတော့ ဝက်စ်ဟမ်းက သူ့အတွက် ဘယ်လောက်တောင်းမလဲ ကြည့်တာပေါ့။ ဒါပေမယ့် ဒီနွေရာသီကတော့ သူ့အတွက် အသစ်တစ်ခုခုကို စမ်းကြည့်ဖို့ ကြီးမားတဲ့အခွင့်အရေးဖြစ်လိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုရာသီမှာ ကစားဖို့ ပွဲတွေအများကြီး ကျန်သေးပေမယ့်လည်း အာတီတာနဲ့ အသင်းတာဝန်ရှိသူတွေဟာ လာမယ့်နှစ်တွေအတွက် အစီအစဉ်ဆွဲထားပြီးဖြစ်ပြီး နွေရာသီမှာ လူစာရင်းကို အင်အားဖြည့်တင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။ စပိန်လူမျိုးနည်းပြအတွက် တိုက်စစ်အင်အားဖြည့်တင်းဖို့က အဓိက ဦးစားပေးဖြစ်နေဆဲဖြစ်ပြီး ရက်ဘူးလ် ဆာ့ဇ်ဘာ့ဂ်တိုက်စစ်မှူး နိုအာ အိုကာဖော်ရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဩစတြီးယားဘွန်ဒက်စ်လီဂါမှာ နောက်ထပ်တစ်ကြိမ် ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေပေမယ့်လည်း လီဂူးဝမ်းမှာ အငှားနဲ့ ထွက်ကစားပြီး အထင်ကြီးဖွယ် ခြေစွမ်းပြသနေတဲ့ ဘာလိုဂွန်က လာမယ့်နှစ်မှာ ပထမအသင်းထဲမှာ နေရာရလာဖွယ်ရှိနေတာကြောင့် အိုကာဖော်ကို ခေါ်ယူမယ့်အစီအစဉ်အပေါ် ဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

အာဆင်နယ်ကြယ်ပွင့် လီအန်ဒရို ထရော့ဆာဒ်ဟာ မန်စီးတီးကြယ်ပွင့် ဒီဘရိုင်းနားနဲ့အတူ ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပြီး တနင်္လာနေ့မှာ ပထမဆုံးလေ့ကျင့်ရေးပြုလုပ်ခဲ့ပေမယ့်လည်း ကစားသမားအများအပြား သိသိသာသာ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းနားနဲ့ ထရော့ဆာ့ဒ်တို့ ၂ ဦးစလုံးဟာ ဒိုမီနီကို ဒီဒက်စ်ကိုရဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ခဲ့ကြပြီး နောက်ကွယ်က အကြောင်းအရင်းကတော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

RTL Info ရဲ့ ဖော်ပြချက်အရ တနင်္ဂနွေနေ့မှာ ကလပ်အသင်းတွေအတွက် ကစားပေးခဲ့တဲ့ ကစားသမားတွေဟာ နိုင်ငံတကာပွဲစဉ်မတိုင်ခင် ရက်အပို နားရက်ပေးခြင်း ခံခဲ့ရတာဖြစ်တယ်လို့သိရပြီး ဒီဘရိုင်းနားက စနေနေ့ညနေက ကစားခဲ့တာဖြစ်ပေမယ့်လည်း ကြိုတင်ကာကွယ်မှုအနေနဲ့ အနားပေးထားခဲ့တာဖြစ်နိုင်တယ်လို့ သိရပါတယ်။

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က သောမတ်စ် ပါတေးဟာ ဂန်းနားတွေ ဆုံးရှုံးဖို့ မဖြစ်နိုင်တဲ့ ကစားသမားဖြစ်တယ်လို့ ယုံကြည်နေပြီး အာတီတာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ နိုင်ငံတကာအားလပ်ရက်ကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ဦးဆောင်ထားတဲ့အသင်းအဖြစ် ဖြတ်သန်းရမှာဖြစ်ပြီး အီယန် ရိုက်က ဒဏ်ရာကြောင့် ဂန်းနားတွေ ဆုံးရှုံးလို့မရနိုင်တဲ့ ကစားသမားတစ်ဦးရှိတယ်ဆိုရင် အဲဒါက ပါတေးပဲလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုအချိန်အထိတော့ စိတ်ရှုပ်ထွေးစရာမရှိပေမယ့်လည်း ခင်ဗျား သောမတ်စ် ပါတေးလိုမျိုး ကစားသမားကို အချိန်ဘယ်လောက်အတိုင်းအတာလောက်ပဲဖြစ်ဖြစ် ဆုံးရှုံးချင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဆာလီဘာကို ဆုံးရှုံးခဲ့တယ်။ ဒါပေမယ့် သူတို့တွေ အခုအချိန်အထိတော့ ထိန်းထားနိင်သေးပုံပေါ်ပါတယ်။

အာဆင်နယ်နဲ့ပတ်သက်ပြီး လူတွေ ဝေဖန်နေကြတဲ့ အရာတစ်ခုက မင်းတို့ အဓိကကစားသမားတွေ နာသွားတဲ့အချိန်ကျရင် ကြည့်ကြတာပေါ့ဆိုတဲ့စကားပါ။ ကျွန်တော်တို့မှာ အဓိကကစားသမားတွေ အားလုံး ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာလည်း ရနေတုန်းပဲ။ အခုတော့ သူတို့တွေ ဒဏ်ရာတွေ ရောက်လာနိုင်တဲ့ နောက်ဆုံးပွဲစဉ်တွေကို ဖိအားတွေနဲ့ ဘယ်လို ပြီးဆုံးမလဲဆိုတာကိုပဲ ကြည့်ရတော့မှာပါ။ လို့ ပြောကြားခဲ့ပါတယ်။

ဝီလီယမ် ဆာလီဘာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုတော့မည် ဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် Chris Wheatley က မနေ့ညက ပြုလုပ်တဲ့ NationalWorld ရုပ်သံနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။ ခရစ်စ်က ” ဆာလီဘာနဲ့ မကြာခင် ကာလရှည် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားပြီး ဒါက အချိန်တစ်ခု စောင့်ဖို့ပဲ လိုအပ်ပါတော့တယ်။ ဆာလီဘာကလည်း အာဆင်နယ်အသင်းမှာ ဆက်နေချင်တာကြောင့် သူ့အနေနဲ့ သက်တမ်းတိုးစာချုပ်မှာ လက်မှတ်ထိုးလိုက်ရင် အံ့သြစရာမဟုတ်ပါဘူး။”

“သတင်းကောင်းအနေနဲ့ နောက်တခါ ထပ်ပြောရရင် အာဆင်နယ် ပရိသတ်တွေ မျှော်လင့်နေတဲ့ ဆာကာနဲ့ ဆာလီဘာတို့ရဲ့နှစ်ရှည်စာချုပ်သစ်များအတွက် ညှိုနှိုင်းဆောင်ရွက်နေကြရာမှာ အချို့အချက်အလက်များ သဘောတူညီမှုရရှိနေပြီဖြစ်ပြီး မကြာခင်မှာ အပြီးသပ် သဘောတူစာချုပ်အသီးသီး ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။