စီးတီးရဲ့ စိတ်ဝင်စားမှုခံရပြီးနောက် ဆုံးဖြတ်ချက် ချလိုက်တဲ့ ဒီကလန် ရိုက်စ်
ဒီကလန် ရိုက်စ်ဟာ မန်ချက်စတာစီးတီးအသင်းဆီကနေ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့်လည်း အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
အာတီတာဟာ ဒီကလန် ရိုက်စ်ကို ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် ၎င်းရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်က ဝက်စ်ဟမ်းအသင်းနဲ့ သဘောတူညီမှုရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။
ဂန်းနားတွေရဲ့ ကမ်းလှမ်းမှု ၂ ကြိမ်စလုံးဟာ ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး နောက်ဆုံးကမ်းလှမ်းမှုဟာ ကနဦးပေါင် ၇၅ သန်းနဲ့ ထပ်ဆောင်းပေးချေမှု ပေါင် ၁၅ သန်းက ဝက်စ်ဟမ်းရဲ့ သတ်မှတ်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ အလှမ်းကွာနေခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးက လက်ရှိမှာ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့အတွက် ခိုင်မာတဲ့ စိတ်ဝင်စားမှု ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုထက် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ အင်္ဂလန်ကွင်းလယ်လူအနေနဲ့ အာတီတာရဲ့အသင်းကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားကြောင်း အာမခံချက်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း MailOnline ရဲ့ ဖော်ပြချက်အရ ဒီကလန် ရိုက်စ်ဟာ မန်ချက်စတာစီးတီးအသင်းရဲ့ စိတ်ဝင်စားမှုကို သိရှိပြီးဖြစ်တာတောင်မှပဲ အာဆင်နယ်အသင်းကို ယခုနွေရာသီမှာ ပြောင်းရွှေ့ဖို့ စောင့်မျှော်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာတော့ ဝက်စ်ဟမ်းအသင်းရဲ့ ဒီကလန် ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ သတ်မှတ်ထားတဲ့ပမာဏနဲ့ ပိုမိုနီးစပ်တဲ့ တတိယမြောက် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး ဂန်းနားတွေဟာ ချဲလ်ဆီးအသင်းကနေ ခိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီဖြစ်ပါတယ်။
ဂျာမနီလက်ရွေးစင်ကြယ်ပွင့်ဟာ အာဆင်နယ်နဲ့ ဆေးစစ်မှုအချို့ ခံယူထားပြီးဖြစ်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီဖြစ်သလို ဂန်းနားတွေဟာ အိုင်းယက်စ်နောက်ခံကစားသမား ယူရီယန် တင်းဘားကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News