စီးတီးနဲ့ပွဲမှာ သွေးကြောင်တဲ့ကစားသမားတွေကို သတ်ပစ်မယ်လို့ ပြောလိုက်တဲ့ အာတီတာ coyg

စီးတီးနဲ့ပွဲမှာ သွေးကြောင်တဲ့ကစားသမားတွေကို သတ်ပစ်မယ်လို့ ပြောလိုက်တဲ့ အာတီတာ

အာတီတာက မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ဆုဖလားအဆုံးအဖြတ်ပွဲစဉ်မှာ သွေးကြောင်နေတဲ့ ဘယ်ကစားသမားကိုမဆို သတ်ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

အာတီတာက အာဆင်နယ်အနေနဲ့ အစ်တီဟတ်မှာ ကြီးမားတဲ့ရလဒ်တစ်ခု လုပ်ပြနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပြီး ၎င်းရဲ့ လူစာရင်းဟာ ရာသီရဲ့အကြီးမားဆုံးပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးသားလို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ရရှိဖို့အတွက် ထိန်းချုပ်မှု ပြန်လည်ရယူချင်တယ်ဆိုရင် မဖြစ်မနေ အနိုင်ကစားသွားဖို့ လိုအပ်မှာဖြစ်ပြီး မကြာသေးမီက ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေ ရှိခဲ့ပေမယ့်လည်း စပိန်လူမျိုးနည်းပြက ကစားသမားတွေနဲ့ပတ်သက်ပြီး သံသယမရှိတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ ၎င်းရဲ့ ကစားသမားတွေ ရှိန်နေနိုင်တဲ့ အန္တရယ်မျိုး ရှိလားလို့ မေးမြန်းခဲ့ရာမှာ အာတီတာက “မရှိပါဘူး။ တကယ်လို့ သူတို့တွေ ရှိန်နေမယ်ဆိုရင် ကျွန်တော်ကတော့ သူတို့ သတ်ပစ်မယ်လို့ ပြောရမှာပါ။ ကျွန်တော် အဲဒါကို လုံးဝ မလုပ်ချင်ပါဘူး။”

အာတီတာဟာ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နဲ့ နောက်ဆုံး ၃ ပွဲမှာ သရေကျခဲ့ပြီးနောက် ၎င်းရဲ့ ကစားသမားတွေ ရမှတ်လျော့ကျတာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး လက်ရှိ ချန်ပီယံတွေကို အနိုင်ကစားဖို့က ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်ပေမယ့်လည်း ကစားသမားတွေက အခွင့်အရေးကို နှစ်သက်မှာဖြစ်ပြီး ခက်ခဲကြမ်းတမ်းမယ်ဆိုတာကို အမြဲတမ်း သိနေခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ အဲဒါက ခက်ခဲတဲ့ညတစ်ညနဲ့ စိန်ခေါ်မှုဖြစ်လာတော့မှာပါ။ ဒါပေမယ့် အခွင့်အရေးက ကျွနတော်တို့အတွက် မယုံနိုင်စရာကောင်းပါတယ်။ ကျွန်တော်တို့ အစကတည်းက သိခဲ့တယ်။ ခင်ဗျား ပရီးမီးယားလိဂ်ဖလားကို အနိုင်ရချင်ရင် ခင်ဗျား စပါးစ်ကိုသွားပြီး အနိုင်ယူရမယ်။ ချဲလ်ဆီးကိုသွားပြီး အနိုင်ယူရမယ်။ ခင်ဗျား အဝေးကွင်းကိုသွားပြီး အနိုင်ကစားရမယ်။ ဒါက ကျွန်တော်တို့ လုပ်ခဲ့တာတွေပါ။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ ဒီနေရာမှာ ရှိနေတာပါ။ အခု ခင်ဗျား စီးတီးအိမ်ကွင်းကိုသွားပြီး သူတို့ကို အနိုင်ယူရမယ်။ ခင်ဗျား ချန်ပီယံဖြစ်ချင်ရင် ဒီလိုပွဲတွေကို အနိုင်ကစားရမယ်။ အဲဒါက ရှင်းပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယနေ့ည အစ်တီဟတ်မှာ ကစားရမယ့် အရေးကြီးတဲ့ ပွဲစဉ်မှာ အဓိကကစားသမားဖြစ်တဲ့ ဆာလီဘာ မပါဝင်ဘဲ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ချာကာက ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့ပေမယ့်လည်း ယနေ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။

Arsenal Myanmar

Ref: Internet