စီးတီးနိုင်ပွဲအပြီး အာဆင်နယ်ကို စကားတစ်လုံးတည်းနဲ့ ဖော်ပြခဲ့တဲ့ ဒီဘရိုင်းနား coyg

စီးတီးနိုင်ပွဲအပြီး အာဆင်နယ်ကို စကားတစ်လုံးတည်းနဲ့ ဖော်ပြခဲ့တဲ့ ဒီဘရိုင်းနား

ကီဗင် ဒီဘရိုင်းနားဟာ မန်ချက်စတာစီးတီးက အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ကို ၄-၁ နဲ့ ဗုဒ္ဓဟူးနေ့ညက အစ်တီဟတ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ဂန်းနားတွေကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ဂန်းနားတွေနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ရင်သပ်ရှုမောဖွယ် ကောင်းခဲ့ပြီး မန်ချက်စတာစီးတီးက ၅၄ မိနစ်အတွင်း အာဆင်နယ်ကို ၃-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဒီဘရိုင်းနားနဲ့ ဟာလန်းတို့ဟာ အာဆင်နယ်နဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် ပြီးပြည့်စုံတဲ့ အတွဲအဖက်ကို ပြုလုပ်ပြနိုင်ခဲ့ပြီး ဂန်းနားနောက်ခံလူတွေဖြစ်တဲ့ ဂါဘရီယဲလ်၊ ရော့ဘ် ဟိုးဒင်းတို့အတွက် အလွန်ကောင်းမွန်လွန်းတဲ့ကစားသမားတွေဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေအတွက်တော့ ဗုဒ္ဓဟူးနေ့ည စွမ်းဆောင်ရည်ဟာ စိတ်ပျက်အားငယ်စရာ ဖြစ်ခဲ့မှာဖြစ်ပြီး ဆုဖလားပြိုင်ပွဲအတွက် မျှော်လင့်ချက်က တော်တော်လေး မှေးမှိန်သွားခဲ့ပြီဖြစ်ပေမယ့်လည်း မန်ချက်စတာစီးတီးဟာ ၎င်းတို့ထက်စာရင် ကစားစရာ ပွဲတွေ အများကြီး ကျန်ရှိနေသေးတာက မျှော်လင့်ချက်ရှိသေးတယ်လို့ ယုံကြည်ရပါတယ်။

ဂန်းနားတွေရဲ့ ဂိုးပေါက်ကို ၂ ကြိမ်အထိ ကန်သွင်းယူနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးကြယ်ပွင့် ဒီဘရိုင်းနားက ပွဲအပြီးအင်တာဗျူးမှာ မန်ချက်စတာစီးတီးက ၎င်းတို့ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်တွေအပေါ်မှာ ကြီးမားတဲ့ လေးစားမှုရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူတို့တွေက အဆင့်အတန်းရှိတဲ့ အသင်းဖြစ်ပြီး ရင်ဆိုင်ကစားဖို့ ခက်ခဲတဲ့အသင်းပါ။ ကျွန်တော်တို့ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံရှိခဲ့ပြီး သူတို့တွေလည်း ရှိခဲ့ပါတယ်။”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet