စီးတီးချန်ပီယံဖြစ်ပြီးနောက် အုပ်စုအဆင့်မှာ ရှောင်လွှဲနိုင်မယ့်အသင်းကို သိခဲ့ရတဲ့ အာဆင်နယ် coyg

စီးတီးချန်ပီယံဖြစ်ပြီးနောက် အုပ်စုအဆင့်မှာ ရှောင်လွှဲနိုင်မယ့်အသင်းကို သိခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘယ်အသင်းတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို သိရဖို့ ၂ လလောက် စောင့်ဆိုင်းရဦးမှာဖြစ်ပေမယ့်လည်း ဘယ်အသင်းနဲ့ မတွေ့ဘူးလဲဆိုတာကို သိခဲ့ရပြီဖြစ်ပါတယ်။

မန်စီးတီးက စနေနေ့ညမှာ အင်တာကို ၁-၀ နဲ့ အနိုင်ရရှိပြီး ချန်ပီယံဖြစ်ခဲ့ပြီးနောက် လက်ရှိမှာ လာမယ့်ရာသီမှာ ဂွါဒီယိုလာရဲ့အသင်းက ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်မလား ဒါမှမဟုတ် စီးရီးအေထိပ်သီးအသင်းကြီးက ပိုကောင်းအောင် လုပ်နိုင်မလားဆိုတဲ့ဘက်ကို အာရုံစိုက်နေကြပြီဖြစ်ပါတယ်။

၂ သင်းစလုံးက လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပြန်လည်ပါဝင်သွားမှာဖြစ်တာကြောင့် အာဆင်နယ်၊ မန်ယူနိုက်တက်၊ ဘာစီလိုနာနဲ့ အခြား ၂၇ သင်းအတွက် အုပ်စုအဆင့်က ပိုလို့တောင် ရှင်းလင်းသွားပြီဖြစ်ပြီး ၂၆ သင်းဟာ အုပ်စုအဆင့်အတွက် ဝင်ခွင့်ရရှိထားပြီးဖြစ်ပါတယ်။

အဲဒီထဲမှာ ဆီဗီလာ၊ ဘာစီလိုနာ၊ ရီးရဲလ်၊ အက်သလက်တီကို မက်ဒရစ်၊ ရီးရဲလ် ဆိုစီဒက်၊ နာပိုလီ၊ လာဇီယို၊ အင်တာမီလန်၊ အေစီမီလန်၊ ဘိုင်ယန်၊ ဒေါ့မွန်၊ လိုက်ပ်ဇစ်၊ ယူနီယံ ဘာလင်၊ ပီအက်စ်ဂျီ၊ လွန်းစ်၊ ဘင်ဖီကာ၊ ပေါ်တို၊ ဖီယင်နု၊ ရှက်တာဒိုးနတ်၊ ဆာ့လ်ဇ်ဘတ်၊ ရက်ဒ်စတား ဘဲလ်ဂရိတ်၊ ဆဲလ်တစ်တို့ ပါဝင်နေတာဖြစ်ပါတယ်။

ဂန်းနားတွေနဲ့အတူ မန်ချက်စတာ ကလပ် ၂ သင်း၊ နယူးကာဆယ်တို့က လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကိုယ်စားပြု ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး အုပ်စုအဆင့်မှာ အခြား ၆ သင်းနဲ့အတူ ကျရောက်မှာ ဖြစ်ပါတယ်။ အဲဒီအဆင့်ကနေ အသင်းတွေဟာ တစ်သင်းနဲ့တစ်သင်း အခြား အိုးထဲက အသင်း ၈ သင်းချင်းဆီထဲက တစ်သင်းနဲ့ ကျရောက်မှာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ နိုင်ငံတူ၊ အဖွဲ့အစည်းတူ အသင်းတွေအချင်းချင်း တွေ့ဆုံမှာမဟုတ်တာကြောင့် အာဆင်နယ်ဟာ မန်ချက်စတာ ၂ သင်း၊ နယူးကာဆယ်တို့နဲ့ ကျရောက်မှာမဟုတ်တာဖြစ်ပြီး အဲဒီအပြင် ဂန်းနားတွေက ဩဂုတ်လမှာ အုပ်စုအဆင့်မဲခွဲပွဲကျင်းပရာမှာ အိုး ၂ ထဲ ရှိနေမယ်လို့ အတည်ပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းဟာ ဥရောပချန်ပီယံ ၁၄ ကြိမ်ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်၊ ဒေါ့မွန်၊ အက်သလက်တီကို မက်ဒရစ်၊ လိုက်ပ်ဇစ် သို့မဟုတ် ပေါ်တိုတို့နဲ့ အတူတူ ကျရောက်မှာမဟုတ်တာဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်းဟာ ဆီဗီလာ၊ ဘာစီလိုနာ၊ နာပိုလီ၊ ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ ဘင်ဖီကာ သို့မဟုတ် ဖီယင်နုတို့နဲ့ ကျရောက်နိုင်ပါတယ်။

အာဆင်နယ်ဟာ ပြီးတဲ့နောက်မှာ အိုး ၃ ထဲက ရှက်တာဒိုးနတ်၊ ဆာ့လ်ဇ်ဘတ်၊ အေစီမီလန်၊ လာဇီယို သို့မဟုတ် ရက်ဒ်စတား ဘဲလ်ဂရိတ်တို့ထဲက တစ်သင်းနဲ့ တွေ့ဆုံရနိုင်ပြီး လက်ရှိမှာတော့ ယူနီယံ ဘာလင်နဲ့လွန်းစ်တို့ဟာ အိုး ၄ ထဲမှာ ထည့်သွင်းခံရမယ်လို့ အတည်ပြုထားခြင်းခံရပြီးဖြစ်တဲ့အသင်းတွေဖြစ်ပြီး လာမယ့်ဩဂုတ်လမတိုင်ခင်အထိ ကျန်တဲ့ ၆ သင်းက ဘယ်သူဘယ်ဝါလဲဆိုတာကို သိရဦးမှာမဟုတ်ပါဘူး။

Arsenal Myanmar

Ref: Internet