ငါတို့ကို သူတို့ဖျက်ဆီးခဲ့တယ်လို့ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ချာကာ
အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် ဂရာနစ် ချာကာက ပြီးခဲ့တဲ့ရာသီမှာ ငှက်ကျားတွေရဲ့ ထိုးသုတ်ခြင်းကို ခံခဲ့ရပြီးနောက် နယူးကာဆယ်နဲ့ ပွဲစဉ်ဟာ ဘယ်လောက်အထိ ခက်ခဲလာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီး အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။
နယူးကာဆယ်ဟာ ယခုရာသီ ဥရောပမှာ ပုံမှန်ခြေစွမ်းရရှိနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ထိပ်ဆုံး ၄ နေရာအတွင်းမှာ ရာသီပြီးဆုံးနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေဟာ နယူးကာဆယ်ကို ရာသီ အခုလိုအချိန်မှာ ခြေစွမ်းကျဆင်းပြီး အမှတ်ပေးဇယားထိပ်ပိုင်းကနေ သွေဖယ်သွားနိုင်တယ်လို့ မျှော်မှန်းခဲ့ပေမယ့်လည်း အဲဒီလိုမျိုး မဖြစ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲရက်သတ္တပတ်တွေမှာ နယူးကာဆယ်အသင်းဟာ ထိပ်တန်းကလပ်အသင်းတွေကို အရှက်ရအောင် လုပ်ပြခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲအတွက် ကစားရမယ့် နောက်ဆုံး ၄ ပွဲမှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ချာကာက စိန့် ဂျိမ်းစ်ပါ့ခ်ကို နောက်ဆုံးအကြိမ် သွားရောက်ကစားခဲ့တဲ့ပွဲစဉ်တုန်းက အရှက်ရစရာ ဖြစ်ခဲ့တဲ့ ကိစ္စကို မမေ့လျော့သေးဘဲ အသင်းဖော်တွေကို သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ရာသီ အဲဒီမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ပွဲကို မမေ့နိုင်ပါဘူး။ သူတို့တွေ ကျွန်တော်တို့ကို ဖျက်ဆီးခဲ့တယ်လို့ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရမှာပါ။ သူတို့တွေက အများကြီး အများကြီး ပိုကောင်းခဲ့တယ်။ သူတို့တွေ အဲဒါကို ပိုပြီး လိုချင်ခဲ့တယ်”
“ကျွန်တော်တို့ အဲဒီကိုသွားပြီး ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဘာကြောင့် ဒီနေရာမှာ ရှိနေလဲဆိုတာကို ပြသရမှာပါ။ ကျွန်တော်တို့ အခုရှိနေတဲ့နေရာမှာ ရှိနေဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် အဲဒါက အရမ်းခက်ခဲတဲ့ အခိုက်အတန့်ဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ နယူးကာဆယ်က အရမ်းကောင်းတဲ့အလုပ်ကို လုပ်နေတာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk