လာမယ့်ရာသီမှာ စီးတီးကို ဂန်းနားတွေရဲ့စိန်ခေါ်နိုင်ခြေကို သုံးသပ်ခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့်ဟောင်း coyg

လာမယ့်ရာသီမှာ စီးတီးကို ဂန်းနားတွေရဲ့စိန်ခေါ်နိုင်ခြေကို သုံးသပ်ခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့်ဟောင်း

ဂလင်း ဂျွန်ဆင်က လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် မန်ချက်စတာစီးတီးရဲ့ အကြီးမားဆုံး ပြိုင်ဘက်ကို သတ်မှတ်ခဲ့ပြီး အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ငြင်းပယ်ခဲ့ပါတယ်။

ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလား ၄ နှစ်ဆက်တိုက် ကိုင်မြှောက်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး မန်ချက်စတာစီးတီးဟာ ၂၀၂၂-၂၀၂၃ ရာသီ ဒုတိယပိုင်းမှာ အမှားမရှိသလောက် ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ အက်ဖ်အေနဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် အသင်းသမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ၁၉၉၈-၁၉၉၉ နောက်ပိုင်း ပထမဆုံး ဖလား ၃ လုံးတပြိုင်နက် ကိုင်မြှောက်နိုင်ခဲ့တဲ့အသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံကစားသမားဟောင်း ဂလင်း ဂျွန်ဆင်က မန်ချက်စတာစီးတီးရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ လာမယ့်ရာသီမှာ ဆက်လက် မြင်တွေ့ရနိုင်ပြီး ၎င်းတို့ရဲ့ အကြီးမားဆုံးပြိုင်ပွဲဟာ ချဲလ်ဆီးအသင်းဆီကနေ လာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုရာသီမှာ စိတ်ပျက်ဖွယ် အချိန်တွေကို ဖြတ်သန်းခဲ့ရပြီးနောက် အဆင့် ၁၂ နေရာမှာသာ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ဂျွန်ဆင်က အနောက်လန်ဒန်ကလပ်အသင်းဟာ ပိုချက်တီနိုလက်အောက်မှာ အံ့အားသင့်စရာအသင်းတစ်သင်းဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“လီဗာပူးလ်က လာမယ့်ရာသီမှာ တိုးတက်လာမယ်လို့ ကျွန်တော် ယုံကြည်တာ သိသာပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ အခြားကျန်တဲ့အသင်းတွေကြားမှာ ကြီးမားတဲ့ ကွာဟချက်ရှိတယ်လို့ ယုံကြည်ပါတယ်။ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားအတွက် သူတို့တွေ စိန်ခေါ်ကြလိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ ဒါပေမယ့် ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ချဲလ်ဆီးက အံ့အားသင့်စရာအသင်းဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ချဲလ်ဆီးအသင်းက ထူးခြားဆန်းကြယ်တဲ့ လူစာရင်းရှိပေမယ့် ပြီးခဲ့တဲ့ရာသီမှာ သူတို့တွေ အစွမ်းရှိသလောက် မပြသနိုင်ခဲ့ဘူး။ ဒါပေမယ့် အခု သူတို့တွေမှာ နည်းပြကောင်းရှိပြီး ကောင်းမွန်တဲ့ လူစာရင်းရှိပါတယ်။ သူတို့တွေက သက်သေပြဖို့ ရှိနေလိမ့်မယ်လို့ ယုံကြည်ပြီး လူတွေ မျှော်မှန်းထားတာထက်ပိုပြီး စိန်ခေါ်ကြပါလိမ့်မယ်။ သူတို့တွေက မန်ချက်စတာစီးတီးကို နည်းပေါင်းစုံနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ကောင်းမွန်တဲ့ လုံလောက်မှုရှိမယ်လို့ မထင်ပေမယ့်လည်း ချဲလ်ဆီးက သူတို့ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်လိမ့်မယ် ယုံပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ပရီးမီးယားလိဂ်နောက်ခံကစားသမားဟောင်း ဂျော်နသန် ဝုဒ်ဂိတ်က မန်ချက်စတာစီးတီးအတွက် တိုးတက်လာစရာတွေ ရှိနေသေးပြီး လာမယ့်ရာသီမှာ ဆုဖလား ၄ လုံးတပြိုင်နက် ရရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဘောလုံးအသင်းတွေအတွက် အမြဲတမ်း တိုးတက်အောင် လုပ်ဖို့ နည်းလမ်းတွေရှိပါတယ်။ အဲဒီ လူစာရင်းထဲက ကစားသမားတိုင်းက သူတို့တွေ နောက်နှစ်ကျရင် ပိုကောင်းချင်တယ်လို့ တွေးကြပါလိမ့်မယ်။ သူတို့တွေ နောက်နှစ် ဘာတွေ လုပ်နိုင်မလဲ။ သူတို့တွေ ဆုဖလား ၄ လုံးကို အနိုင်ရရှိနိုင်တယ်။ ဒါက သူတို့တွေ စဉ်းစားနေမယ့်အရာတစ်ခုဖြစ်ပါလိမ့်မယ်။ သူတို့တွေ လာမယ့်ရာသီ ဆုဖလား ၄ လုံးရနိုင်လား။ ဒါက ခင်ဗျား ပိုပြီးကောင်းမွန်လာချင်တဲ့ စိတ်ဓာတ်၊ တိုးတက်ချင်တဲ့ စိတ်ဓာတ်နဲ့ဆိုင်တယ်။ သူတို့တွေမှာ အဲဒီစိတ်ဓာတ်ရှိလိမ့်မယ်လို့ ကျွန်တော် သေချာတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet