မန်စီးတီးကို ၈မှတ် ဖြတ်နိုင်ခြင်းအပေါ်ခံစားချက် အပါအဝင် ပဲလေ့စ်နဲ့ပွဲအပြီး အာတေတာရဲ့ စကားသံများ
အိမ်ကွင်း အမ်းမရိတ်မှာ လန်ဒန်မြို့ခံကလပ်အသင်း အချင်းချင်းဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်ကို (၄-၁) ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူကာ ဒုတိယနေရာ မန်စီးတီးအသင်းကို အမှတ်ပေးဇယားမှာ (၈) မှတ် ဖြတ်အပြီး နည်းပြ အာတေတာရဲ့ အမြင်နဲ့ ပွဲပြီးစကားတွေကို ဖော်ပြပေးလိုက်ပါတယ်။
နိုင်ပွဲ ခံစားချက်
” ပွဲအစကတည်းက မြင်တွေ့ခဲ့ရတဲ့ စိတ်ဆန္ဒပြင်းပြမှုနဲ့ ခွန်အားတွေကို ကျွန်တော် သဘောအကျမိဆုံးပါ။ ကျွန်တော်တို့ဟာ ကြာသပတေးနေ့ကို အတိတ်မှာပဲ ချန်ထားရစ်ခဲ့နိုင်ပြီး ပွဲကို ဆုံးဖြတ်ချက်တွေ ပြတ်ပြတ်သားသားနဲ့ အာရုံစိုက်နိုင်ခဲ့တယ်။ ”
” မိနစ် (၁၂၀) လောက်ပွဲတပွဲကို ကစားအပြီး သိပ်မကြာခင်မှာပဲ ဒီပွဲကို ကစားရတယ်။ ပဲလေ့စ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်မကောင်းပေမယ့် ကစားရခက်တဲ့ အသင်းတသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပွဲကို လွှမ်းမိုးထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်။ ”
မန်စီးတီးကို (၈) မှတ် ဖြတ်နိုင်ခြင်း
” ကျွန်တော်တို့အသင်းရဲ့ ကစားပုံအတိုင်း ကစားနိုင်ပြီး လိုအပ်တဲ့ရလဒ်ကို ရယူနိုင်ခဲ့တာဟာ အရမ်းကောင်းပါတယ်။ အခုတော့ ကျွန်တော်တို့ ခဏရပ်ပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ဒီလိုမျိုး တူညီတဲ့ စိတ်ဓာတ်တွေနဲ့ ကစားသမားတွေကို ပြန်အလာကို စောင့်ရပါမယ်။ လိဒ်ယူနိုက်တက်က နောက်တပွဲပါ။ ကျွန်တော်တို့ အဲဒီအတွက်ပဲ အာရုံစိုက်ရပါမယ်။ ”
မာတင်နယ်လီနဲ့ ဆာကာ
” ကြာတပတေးနေ့က ပယ်နယ်တီလွဲခဲ့အပြီး သူ့ရဲ့ တုံ့ပြန်မှုပေါ့လေ။ ဒီလိုအခြေအနေမျိုးမှာ မေးခွန်းထုတ်ခံရပေမယ့် ကျွန်တော်နဲ့ မနေ့ကတွေ့တော့ ဂါဘီကပြောတယ်။ လူစာရင်းမှာ ပါဝင်ဖို့ အသင့်ပဲတဲ့။ ”
” ဘူကာရိုကတော့ ဟက်ထရစ် မရခဲ့တဲ့အတွက် စိတ်ပျက်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ လိုအပ်နေတဲ့အရာပါပဲ။ ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေဟာ စွမ်းဆောင်ရည် မြင့်မားစွာနဲ့ ခြားနားချက်တွေ လုပ်နေနိုင်ရပါမယ်။ ဒီနေ့မှာ သူတို့ဆီကနေ ဒါကို ရခဲ့ပါတယ်။ ”
တိုမီယဆုနဲ့ ဆာလီဘာတို့ ဒဏ်ရာအခြေအနေ
” ကျွန်တော် သေချာ မသိသေးဘူး။ ဆေးအဖွဲ့က ဆောင်ရွက်နေပါတယ်။ မနက်ဖြန်လောက်မှ အသေးစိတ် သိရမှာ ဖြစ်ပါတယ်။ တိုမီကတော့ သိပ်မကောင်းပါဘူး။ ကျွန်တော်တို့အတွက် စိုးရိမ်ရပါတယ်။ ”
” ဝီလို (ဆာလီဘာ) ကတော့ တိုမီလောက် မဆိုးဘူးလို့ မျှော်လင့်မိပါတယ်။ သူနဲ့ပတ်သက်လို့လည်း မနက်ဖြန်မှသာ သေသေချာချာ သိရမှာ ဖြစ်ပါတယ်။ ”
EG
Ref : Arsenal Buzz
ZAWGYI:
အိမ္ကြင္း အမ္းမရိတ္မွာ လန္ဒန္ၿမိဳ႕ခံကလပ္အသင္း အခ်င္းခ်င္းျဖစ္တဲ့ ခရစၥတယ္ပဲေလ့စ္ကို (၄-၁) ဂိုးနဲ႔ ဂိုးျပတ္ အႏိုင္ယူကာ ဒုတိယေနရာ မန္စီးတီးအသင္းကို အမွတ္ေပးဇယားမွာ (၈) မွတ္ ျဖတ္အၿပီး နည္းျပ အာေတတာရဲ႕ အျမင္နဲ႔ ပြဲၿပီးစကားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
ႏိုင္ပြဲ ခံစားခ်က္
” ပြဲအစကတည္းက ျမင္ေတြ႕ခဲ့ရတဲ့ စိတ္ဆႏၵျပင္းျပမႈနဲ႔ ခြန္အားေတြကို ကြၽန္ေတာ္ သေဘာအက်မိဆုံးပါ။ ကြၽန္ေတာ္တို႔ဟာ ၾကာသပေတးေန႔ကို အတိတ္မွာပဲ ခ်န္ထားရစ္ခဲ့ႏိုင္ၿပီး ပြဲကို ဆုံးျဖတ္ခ်က္ေတြ ျပတ္ျပတ္သားသားနဲ႔ အာ႐ုံစိုက္ႏိုင္ခဲ့တယ္။ ”
” မိနစ္ (၁၂၀) ေလာက္ပြဲတပြဲကို ကစားအၿပီး သိပ္မၾကာခင္မွာပဲ ဒီပြဲကို ကစားရတယ္။ ပဲေလ့စ္ဟာ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ရလဒ္မေကာင္းေပမယ့္ ကစားရခက္တဲ့ အသင္းတသင္းပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ ပြဲကို လႊမ္းမိုးထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ႏိုင္ပြဲနဲ႔ ထိုက္တန္ခဲ့တယ္။ ”
မန္စီးတီးကို (၈) မွတ္ ျဖတ္ႏိုင္ျခင္း
” ကြၽန္ေတာ္တို႔အသင္းရဲ႕ ကစားပုံအတိုင္း ကစားႏိုင္ၿပီး လိုအပ္တဲ့ရလဒ္ကို ရယူႏိုင္ခဲ့တာဟာ အရမ္းေကာင္းပါတယ္။ အခုေတာ့ ကြၽန္ေတာ္တို႔ ခဏရပ္ၿပီး ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာ ဒီလိုမ်ိဳး တူညီတဲ့ စိတ္ဓာတ္ေတြနဲ႔ ကစားသမားေတြကို ျပန္အလာကို ေစာင့္ရပါမယ္။ လိဒ္ယူႏိုက္တက္က ေနာက္တပြဲပါ။ ကြၽန္ေတာ္တို႔ အဲဒီအတြက္ပဲ အာ႐ုံစိုက္ရပါမယ္။ ”
မာတင္နယ္လီနဲ႔ ဆာကာ
” ၾကာတပေတးေန႔က ပယ္နယ္တီလြဲခဲ့အၿပီး သူ႔ရဲ႕ တုံ႔ျပန္မႈေပါ့ေလ။ ဒီလိုအေျခအေနမ်ိဳးမွာ ေမးခြန္းထုတ္ခံရေပမယ့္ ကြၽန္ေတာ္နဲ႔ မေန႔ကေတြ႕ေတာ့ ဂါဘီကေျပာတယ္။ လူစာရင္းမွာ ပါဝင္ဖို႔ အသင့္ပဲတဲ့။ ”
” ဘူကာ႐ိုကေတာ့ ဟက္ထရစ္ မရခဲ့တဲ့အတြက္ စိတ္ပ်က္ေနပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ လိုအပ္ေနတဲ့အရာပါပဲ။ ကြၽန္ေတာ္တို႔ တိုက္စစ္ကစားသမားေတြဟာ စြမ္းေဆာင္ရည္ ျမင့္မားစြာနဲ႔ ျခားနားခ်က္ေတြ လုပ္ေနႏိုင္ရပါမယ္။ ဒီေန႔မွာ သူတို႔ဆီကေန ဒါကို ရခဲ့ပါတယ္။ ”
တိုမီယဆုနဲ႔ ဆာလီဘာတို႔ ဒဏ္ရာအေျခအေန
” ကြၽန္ေတာ္ ေသခ်ာ မသိေသးဘူး။ ေဆးအဖြဲ႕က ေဆာင္႐ြက္ေနပါတယ္။ မနက္ျဖန္ေလာက္မွ အေသးစိတ္ သိရမွာ ျဖစ္ပါတယ္။ တိုမီကေတာ့ သိပ္မေကာင္းပါဘူး။ ကြၽန္ေတာ္တို႔အတြက္ စိုးရိမ္ရပါတယ္။ ”
” ဝီလို (ဆာလီဘာ) ကေတာ့ တိုမီေလာက္ မဆိုးဘူးလို႔ ေမွ်ာ္လင့္မိပါတယ္။ သူနဲ႔ပတ္သက္လို႔လည္း မနက္ျဖန္မွသာ ေသေသခ်ာခ်ာ သိရမွာ ျဖစ္ပါတယ္။ ”
EG
Ref : Arsenal Buzz
- Posted In:
- Manager's Talk
- News