ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုကို ကြေညာလိုက်တဲ့ စတန် ခရွန်ကီ
အာဆင်နယ်အသင်းပိုင်ရှင် စတန် ခရွန်ကီက ဆန် ဒီယေဂိုက ၄၈ ဧက ကျယ်ဝန်းတဲ့ အားကစားကွင်းနေရာကို ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စီမံကိန်းကို ဦးဆောင် ရင်းနှီးမြှုပ်နှံသူအဖြစ် Midway Rising Group နဲ့ ပူးပေါင်းပြီး အိမ်ခြံမြေလုပ်ငန်းစုကို တိုးချဲ့ခဲ့ကြောင်း သိရပါတယ်။
စတန် ခရွန်ကီဟာ အဆုံးမရှိတဲ့ အားကစား လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုအတွက် လူသိများပြီး ဒန်းဗား နက်ဂက်စ်ရဲ့ အန်ဘီအေ ဗိုလ်လုပွဲတွေမှာ အနိင်ရရှိမှုအပြီး မြောက်အမေရိကရဲ့ အဓိကဆုဖလား ၃ လုံးကို အနိုင်ရရှိတဲ့ ပထမဆုံး အသင်းပိုင်ရှင်ဖြစ်လာခဲ့တာဖြစ်သလို အိမ်ခြံမြေလုပ်ငန်းအများအပြားမှာလည်း ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ခရွန်ကီအုပ်စုပိုင် ခရွန်ကီ အိမ်ခြံမြေကုမ္ပဏီဟာ ဒီစီမံကိန်းကို အလုပ်အကိုင်အခွင့်အလမ်း ထောင်ပေါင်းများစွာ ပေးနိုင်မယ့် စီမံကိန်းအဖြစ် ချဉ်းကပ်သွားမှာဖြစ်ပြီး ဒီ စီမံကိန်းဟာ ခရွန်ကီရဲ့ လော့စ် အိန်ဂျလိစ်က ဆိုဖီ ကွင်းတောင်ဘက် မိုင် ၁၂၀ ဝန်းကျင်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်လောက်မှ စတင်ဖွင့်လှစ်နိုင်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။
Midway Rising ရဲ့ စီမံကိန်းထဲမှာ အိမ်သစ်ပေါင်း ၄၀၀၀ ကျော်၊ ပရိသတ် ၁၄၅၀၀ ကနေ ၁၆၅၀၀ အထိ ဝင်ဆံ့တဲ့ စတုရန်းပေ လေးသိန်းခွဲရှိတဲ့ အားကစားကွင်း၊ အခန်း ၂၀၀ ပါ ဟိုတယ်နဲ့ စတုရန်းပေ နှစ်သိန်းခွဲရှိတဲ့ အရောင်းဆိုင်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဆန်ဒီယေဂို မြို့တော်ဝန် တော့ဒ် ဂလိုရီယာက ခရွန်ကီရဲ့ ပါဝင်ပတ်သက်မှုကို သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားခဲ့ပြီး “ဒီနေ့ Midway Rising Group ကို ခရွန်ကီ အုပ်စု ပါဝင်အားဖြည့်မှုအပေါ် ကြေညာချက်ဟာ ဆန်ဒီယေဂိုက လူမှုအသိုက်အဝန်းကို မြှင့်တင်ပေးနိုင်တဲ့ လုပ်ငန်းများနဲ့ စီမံကိန်းတွေမှာ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ ကမ္ဘာ့အဆင့် မြို့တော်ဖြစ်တယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။ ဆန် ဒီယေဂိုကနေ ခရွန်ကီအုပ်စုကို ကြိုဆိုရတာ ဂုဏ်ယူမိပြီး ဆန်ဒီယေဂိုသားတွေ နေထိုင်ဖို့၊ အလုပ်လုပ်ကိုင်ဖို့၊ ကစားဖို့အတွက် နေရာအဖြစ် အားကစားကွင်းကို ပြုပြင်ပြောင်းလဲမှုကို မြင်တွေ့ရဖို့ စောင့်မျှော်နေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် ဘတ်ဂျက် ပေါင်သန်း ၂၀၀ နီးပါး အသုံးပြုသွားမှာဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အောင်မြင်မှုနဲ့ ဆယ်စုနှစ် ၂ ခုကြာ ဝေးကွာနေမှုကို အဆုံးသတ်ဖို့အတွက် နည်းပြ အာတီတာက ကစားသမားအများအပြား ခေါ်ယူသွားချင်နေတာဖြစ်ပြီး အဓိကကွင်းလယ်ပစ်မှတ်ဖြစ်တဲ့ ဒီကလန် ရိုက်စ် တစ်ဦးတည်းနဲ့တင် ဘတ်ဂျက်ရဲ့ တဝက်ခန့်ကို အသုံးပြုသွားရမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet