VAR စစ်ဆေးမှု ၄ ကြိမ်ရှိခဲ့တောင် ပင်နယ်တီဆုံးဖြတ်ချက်မှားခဲ့တာကို တုံ့ပြန်ခဲ့တဲ့ ရှီးယားရားနဲ့ ဂစ်ဗင်
ပရီးမီးယားလိဂ်ဂန္တဝင် အလန် ရှီးယားရားက အာဆင်နယ်အသင်းဟာ ဘုန်းမောက်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ရသင့်ရထိုက်တဲ့ပင်နယ်တီတွေ မရရှိခဲ့တာက ကံမကောင်းခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘုန်းမောက်အသင်းဟာ အမ်းမရိတ်စ်ကွင်းမှာ ဖီးလစ်ပ် ဘီလ်လင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယမြောက် အမြန်ဆုံးသွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အာတီတာအသင်းရဲ့ ပထမပိုင်းမှာ ဘုန်းမောက်နောက်ခံလူ ခရစ္စ မက်ဖန် ပင်နယ်တီဧရိယာအတွင်း ဘောလုံးကို လက်ခဲ့ပြီးနောက် အာတီတာရဲ့အသင်းဟာ ပင်နယ်တီပြစ်ဒဏ်ဘော ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒိုင်လူကြီး ခရစ္စ ကက်ဗာနာဟာ ပင်နယ်တီ စက်ဝိုင်းဆီ ညွှန်ပြခဲ့ခြင်းမရှိဘဲ VAR ကလည်း အထပ်ထပ် စစ်ဆေးချင်ဟန်ဆောင်ပြခဲ့ပြီးနောက်ပိုင်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို သဘောတူညီခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်လ်ဂန္တဝင် အလန် ရှီးယားရားက အိမ်ရှင် အာဆင်နယ်အသင်းဟာ လက်ထိဘောကို ပင်နယ်တီ မရရှိခဲ့တာက ကံဆိုးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဘုန်းမောက်အသင်းကတော့ အလွန်အမင်းကံကောင်းခဲ့တယ်လို့ ယုံကြည်နေပါတယ်။
“ကျိန်းသေပေါက် သူတို့တွေ ရခဲ့ရမှာပါ(ပင်နယ်တီ)။ ဒီလက်ထိဘောက ပြီးခဲ့တဲ့ရာသီမှာဆိုရင်တော့ ပင်နယ်တီပေးခဲ့မှာပါ။ ဒါ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့်လည်း ဒီရာသီမှာ စံနှုန်းက အနည်းငယ် မြင့်မားခဲ့ပြီး ဘုန်းမောက်က အဲဒီနေရာမှာ တော်တော်လေး ကံကောင်းသွားခဲ့တာပါ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဂိုးသမားဟောင်း ရှေး ဂစ်ဗင်ကလည်း အလန် ရှီးယားရားရဲ့ ထင်မြင်ချက်ကို ထောက်ခံလိုက်ပြီး ကက်ဗာနာက အမှားပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထင်ခဲ့တဲ့အကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
ဂစ်ဗင်က “ဒါလက်ထိဘော သေချာပါတယ်”လို့ ထပ်ပြောခဲ့ပြီး ဒုတိယပိုင်းမှာ ဘုန်းမောက်အသင်းက လက်ထိဘောထပ်ပြုလုပ်ခဲ့လို့ အာဆင်နယ်အသင်းအနေနဲ့ ပယ်နယ်တီရရမယ့် ဖြစ်စဉ်မျိုး နောက်ထပ် VAR စစ်ဆေးမှု ၂ ကြိမ်ရှိခဲ့တယ်။ ၂ ကြိမ်စလုံး မပေးခဲ့ဘူး။ တိုမီယဆုက ပထမပိုင်းမှာ ဘုန်းမောက်နောက်ခံလူတွေရဲ့ လှဲချခံခဲ့ရပြီး VAR က အနီးကပ်ပြန်ကြည့်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဆက်ကစားစေခဲ့ပါတယ်။
ဒါကြောင့်အာဆင်နယ်အသင်းအနေနဲ့ ဘုန်းမောက်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘုန်းမောက်အသင်းအနေနဲ့ ဂိုးဧရိယာထဲမှာ သိသာထင်ရှားတဲ့ လက်ထိဘော ၃ ကြိမ်တိတိနဲ့ တိုမီယဆုကို ဂိုးဧရိယာထဲမှာ ဘုန်းမောက်နောက်ခံကစားသမားက ထင်ရှားစွာ ကန်ကျောက်မှု တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် ပယ်နယ်တီရရမယ့် ဖြစ်စဉ်တွေ ဖြစ်ခဲ့ပြီး VAR ပြန်ကြည့်သော်လည်း ကြည့်ရုံသာ ကြည့်ခဲ့ပြီး VAR ဒိုင်များနှင့် ကွင်းလယ်ဒိုင်တို့က ပယ်နယ်တီဟု မသတ်မှတ်ခဲ့ကြပါဘူး။
These are penalty decisions not given in just one game. Shambles pic.twitter.com/ZJH0X6z1FD
— P™ (@SemperFiArsenal) March 4, 2023
အာဆင်နယ်အသင်းအနေနဲ့ ရီးစ် နယ်လ်ဆန်၏ နောက်ဆုံး မိနစ်သွင်းဂိုးကြောင့် အနိုင် ၃ မှတ်ရရှိခဲ့လို့သာ နစ်နာဆုံးရှုံးမှု မကြီးမားခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် အသင်းတစ်သင်းအနေနဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးများအဖွဲ့ချုပ် PGMOL သို့ ယခုလိုဖြစ်ရပ်များ တင်ပြပြီး VAR နှင့် VAR ဒိုင်များသည် အာဆင်နယ်အသင်းအတွက် ဖိနှိပ်မှုတစ်ခု ပြုလုပ်ဖို့ သပ်သပ် ထားထားခြင်းလားဆိုပြီး လေးနက်စွာ စတင် မေးခွန်းထုတ်ကြဖို့ အချိန်တန်ပြီလား…..
Arsenal Myanmar
Ref: Internet
ZAWGYI:
ပရီးမီးယားလိဂ္ဂႏၲဝင္ အလန္ ရွီးယားရားက အာဆင္နယ္အသင္းဟာ ဘုန္းေမာက္အသင္းနဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္အတြင္း ရသင့္ရထိုက္တဲ့ပင္နယ္တီေတြ မရရွိခဲ့တာက ကံမေကာင္းခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ဘုန္းေမာက္အသင္းဟာ အမ္းမရိတ္စ္ကြင္းမွာ ဖီးလစ္ပ္ ဘီလ္လင္းရဲ႕ ပရီးမီးယားလိဂ္သမိုင္းမွာ ဒုတိယေျမာက္ အျမန္ဆုံးသြင္းဂိုးေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး အာတီတာအသင္းရဲ႕ ပထမပိုင္းမွာ ဘုန္းေမာက္ေနာက္ခံလူ ခရစၥ မက္ဖန္ ပင္နယ္တီဧရိယာအတြင္း ေဘာလုံးကို လက္ခဲ့ၿပီးေနာက္ အာတီတာရဲ႕အသင္းဟာ ပင္နယ္တီျပစ္ဒဏ္ေဘာ ျငင္းပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။
ဒိုင္လူႀကီး ခရစၥ ကက္ဗာနာဟာ ပင္နယ္တီ စက္ဝိုင္းဆီ ၫႊန္ျပခဲ့ျခင္းမရွိဘဲ VAR ကလည္း အထပ္ထပ္ စစ္ေဆးခ်င္ဟန္ေဆာင္ျပခဲ့ၿပီးေနာက္ပိုင္း ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကို သေဘာတူညီခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္လ္ဂႏၲဝင္ အလန္ ရွီးယားရားက အိမ္ရွင္ အာဆင္နယ္အသင္းဟာ လက္ထိေဘာကို ပင္နယ္တီ မရရွိခဲ့တာက ကံဆိုးခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ဘုန္းေမာက္အသင္းကေတာ့ အလြန္အမင္းကံေကာင္းခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။
“က်ိန္းေသေပါက္ သူတို႔ေတြ ရခဲ့ရမွာပါ(ပင္နယ္တီ)။ ဒီလက္ထိေဘာက ၿပီးခဲ့တဲ့ရာသီမွာဆိုရင္ေတာ့ ပင္နယ္တီေပးခဲ့မွာပါ။ ဒါ သံသယျဖစ္စရာမရွိပါဘူး။ ဒါေပမယ့္လည္း ဒီရာသီမွာ စံႏႈန္းက အနည္းငယ္ ျမင့္မားခဲ့ၿပီး ဘုန္းေမာက္က အဲဒီေနရာမွာ ေတာ္ေတာ္ေလး ကံေကာင္းသြားခဲ့တာပါ”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးဂိုးသမားေဟာင္း ေရွး ဂစ္ဗင္ကလည္း အလန္ ရွီးယားရားရဲ႕ ထင္ျမင္ခ်က္ကို ေထာက္ခံလိုက္ၿပီး ကက္ဗာနာက အမွားျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ထင္ခဲ့တဲ့အေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။
ဂစ္ဗင္က “ဒါလက္ထိေဘာ ေသခ်ာပါတယ္”လို႔ ထပ္ေျပာခဲ့ၿပီး ဒုတိယပိုင္းမွာ ဘုန္းေမာက္အသင္းက လက္ထိေဘာထပ္ျပဳလုပ္ခဲ့လို႔ အာဆင္နယ္အသင္းအေနနဲ႔ ပယ္နယ္တီရရမယ့္ ျဖစ္စဥ္မ်ိဳး ေနာက္ထပ္ VAR စစ္ေဆးမႈ ၂ ႀကိမ္ရွိခဲ့တယ္။ ၂ ႀကိမ္စလုံး မေပးခဲ့ဘူး။ တိုမီယဆုက ပထမပိုင္းမွာ ဘုန္းေမာက္ေနာက္ခံလူေတြရဲ႕ လွဲခ်ခံခဲ့ရၿပီး VAR က အနီးကပ္ျပန္ၾကည့္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က ဆက္ကစားေစခဲ့ပါတယ္။
ဒါေၾကာင့္အာဆင္နယ္အသင္းအေနနဲ႔ ဘုန္းေမာက္အသင္းကို ၃ ဂိုး ၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဘုန္းေမာက္အသင္းအေနနဲ႔ ဂိုးဧရိယာထဲမွာ သိသာထင္ရွားတဲ့ လက္ထိေဘာ ၃ ႀကိမ္တိတိနဲ႔ တိုမီယဆုကို ဂိုးဧရိယာထဲမွာ ဘုန္းေမာက္ေနာက္ခံကစားသမားက ထင္ရွားစြာ ကန္ေက်ာက္မႈ တစ္ႀကိမ္ စုစုေပါင္း ၄ ႀကိမ္ ပယ္နယ္တီရရမယ့္ ျဖစ္စဥ္ေတြ ျဖစ္ခဲ့ၿပီး VAR ျပန္ၾကည့္ေသာ္လည္း ၾကည့္႐ုံသာ ၾကည့္ခဲ့ၿပီး VAR ဒိုင္မ်ားႏွင့္ ကြင္းလယ္ဒိုင္တို႔က ပယ္နယ္တီဟု မသတ္မွတ္ခဲ့ၾကပါဘူး။
These are penalty decisions not given in just one game. Shambles pic.twitter.com/ZJH0X6z1FD
— P™ (@SemperFiArsenal) March 4, 2023
အာဆင္နယ္အသင္းအေနနဲ႔ ရီးစ္ နယ္လ္ဆန္၏ ေနာက္ဆုံး မိနစ္သြင္းဂိုးေၾကာင့္ အႏိုင္ ၃ မွတ္ရရွိခဲ့လို႔သာ နစ္နာဆုံးရႈံးမႈ မႀကီးမားခဲ့ျခင္းျဖစ္ၿပီး ပရီးမီးယားလိဂ္ အသင္းတစ္သင္းအေနနဲ႔ ပရီးမီးယားလိဂ္ ဒိုင္လူႀကီးမ်ားအဖြဲ႕ခ်ဳပ္ PGMOL သို႔ ယခုလိုျဖစ္ရပ္မ်ား တင္ျပၿပီး VAR ႏွင့္ VAR ဒိုင္မ်ားသည္ အာဆင္နယ္အသင္းအတြက္ ဖိႏွိပ္မႈတစ္ခု ျပဳလုပ္ဖို႔ သပ္သပ္ ထားထားျခင္းလားဆိုၿပီး ေလးနက္စြာ စတင္ ေမးခြန္းထုတ္ၾကဖို႔ အခ်ိန္တန္ၿပီလား…..
Arsenal Myanmar
Ref: Internet
- Posted In:
- News