VAR ရဲ့ ဂန်းနားတွေအပေါ် မမျှတမှုကို ပြစ်တင်ဝေဖန်ခဲ့တဲ့ ပရိသတ်များ
အာဆင်နယ်ပရိသတ်တွေဟာ ဗုဒ္ဓဟူးနေ့ညက မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ VAR ရဲ့ နောက်ထပ်တစ်ကြိမ် ဒုက္ခပေးခြင်းကို ခံခဲ့ရမှုကို ညည်းတွားခဲ့ကြပါတယ်။
ကီဗင် ဒီဘရိုင်းနားက ပင်နယ်တီဧရိယာအပြင်ဘက်က အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့အတူ မန်ချက်စတာစီးတီးအတွက် ၇ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့ အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးဟာ အငြင်းပွားဖွယ် ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဂျွန် စတုန်းစ်ဟာ ကနဦးမှာ လူကျွံအလံထောင်ပြခြင်းခံခဲ့ရပေမယ့်လည်း ရုပ်သံအနှေးပြကွက်တွေမှာ မန်စီးတီးနောက်ခံလူဟာ နောက်ဆုံးနောက်ခံလူရဲ့ နောက်မှာ ရှိနေတာကို ပြသခဲ့တာဖြစ်ပြီး VAR က အချိန်အတော်ကြာ စစ်ဆေးခဲ့ပြီးနောက် ဂိုးခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ပထမပိုင်း ပြီးဆုံးခါနီးမှာ နောက်ထပ်တစ်ကြိမ် အငြင်းပွားစရာဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပြီး ရူဘင် ဒီယက်စ်က အာဆင်နယ်နောက်ခံလူ ဘန် ဝှိုက်ကို ကန်ကျောက်ခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း VAR က မန်စီးတီးနောက်ခံလူရဲ့ ပြစ်ဒဏ်ကျူးလွန်မှုဟာ တိုက်ရိုက်အနီကတ်ပြသဖို့ မလိုအပ်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် အဝါကတ်ပြားသာ ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ယခုရာသီအစောပိုင်းမှာ VAR ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညက ဖြစ်စဉ် ၂ ခုစလုံးဟာ ဒိုင်လူကြီးတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပေမယ့်လည်း အိမ်ရှင်တွေက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ပရိသတ်တွေဟာ ဂျွန် စတုန်းစ်ရဲ့ ခေါင်းတိုက်သွင်းဂိုးဟာ လူကျွံဘောဖြစ်တာကြောင့် ပယ်ဖျက်သင့်တယ်လို့ ငြင်းခုံခဲ့ကြတာဖြစ်ပြီး စတုန်းစ်ဟာ အနောက်က ဘန် ဝှိုက်ရဲ့ ခြေထောက်ဆန့်ထုတ်ထားမှုကြောင့် လူကျွံအနေအထားမှာမရှိဘူးလို့ သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဘန် ဝှိုက်ဟာ မန်ချက်စတာစီးတီးနောက်ခံလူ ရူဘင် ဒီယက်စ်ဆီကနေ နောက်ကနေ ကန်ကျောက်ခြင်းကို ခံခဲ့ရသေးတာဖြစ်ပြီး အာဆင်နယ်ပရိသတ်တစ်ဦးက “လူကျွံဘော မဖြစ်ခဲ့ဘူး။ ကန်ကျောက်မှုကိုလည်း လုံးဝ လစ်လျူရှုခဲ့တယ်။ ငါ ဒီပွဲကို အရမ်းမုန်းတယ်”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “လုံးဝကို စက်ဆုပ်ရွံရှာစရာပဲ။ လူကျွံဘောမဖြစ်ခဲ့ဘူး။ ဒီယက်စ်လည်း ထုတ်ပယ်ခံခဲ့ရသင့်တယ်။”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet