London Awardဆု ဆိုတာ ဘယ်လိုဆုမျိုးလဲနှင့် ၂၀၂၃မှာ ဘယ်သူတွေကို ကျော်ဖြတ်ပြီး ဂန်းနားတွေ ရရှိခဲ့တာလဲ
တနင်္လာနေ့ညက RoundHouse မှာ ပြုလုပ်ကျင်းပတဲ့ လန်ဒန်မြို့က ဘောလုံးအသင်းတွေထဲမှ တစ်နှစ်တာအကောင်းဆုံးဆုများ ရွေးချယ်ချီးမြှင့်တဲ့ London Award 2023 ရဲ့ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး အာဆင်နယ်အသင်းက ဆုများအားလုံးနီးပါး သိမ်းကြုံးရယူသွားတာ တွေ့ခဲ့ရပါတယ်။
London Football Awards အခမ်းအနားကို ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အဲဒီ ညချမ်းမှာ ရရှိသော ဝင်ငွေအားလုံးကို နိုင်ငံတော် ပရဟိတအဖွဲ့ ဝီလိုဖောင်ဒေးရှင်းမှ တဆင့် အသက် ၁၆ နှစ်မှ ၄၀ နှစ်ကြား အပြင်းအထန် နာမကျန်းဖြစ်နေသောလူများထဲမှ ထောက်ပံံ့မှုအလိုအပ်ဆုံးလူနာများကို ကူညီပံ့ပေးသည့် အထူးနေ့တနေ့အဖြစ် လှူဒါန်းပေးခြင်းဖြစ်ပါတယ်။ London Football Awards ကို ဘောလုံးအသင်း စီမံခန့်အုပ်ချုပ်ခန့်ခွဲသူများနှင့် ဘောလုံးမီဒီယာများရဲ့ ခေါင်းဆောင်ပိုင်းများက လွတ်လပ်စွာ အကဲဖြတ်ဆုံးဖြတ်ပြီး လန်ဒန်မြို့ခံဘောလုံးအသင်းတွေ အားလုံးထဲမှနေပြီး အကောင်းဆုံးဆိုသူများကို ဂုဏ်ပြုရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။
မီခေးလ် အာတီတာက တစ်နှစ်တာအကောင်းဆုံးမန်နေဂျာဆု၊ မာတင် အော်ဒီဂွါ့ဒ်က တစ်နှစ်တာအကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမားဆု၊ ဘူကာယိုဆာကာက တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု၊ အာရွန် ရမ်စ်ဒေးလ်က တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုတွေကို ရရှိခဲ့သလို အာဆင်နယ်အမျိုးသမီးအသင်းမှ ဝီလီယမ်ဆန် နဲ့ ဘတ် မိဒ်တို့ကလည်း POWER OF THE FOOTBALL ဆုကို လက်ခံရရှိခဲ့ပါတယ်။
တစ်နှစ်တာအကောင်းဆုံးမန်နေဂျာဆုကိုတော့ စကာတင်ရွေးချယ်ထားခံရတဲ့ ဘရန့်ဖို့ဒ်မန်နေဂျာ သောမတ်စ် ဖရန့်ခ်၊ လေတန်အိုးရီးမန်နေဂျာ ရီချီ ဝဲလန်စ်၊ ချဲလ်ဆီးအမျိုးသမီးအသင်း မန်နေဂျာ အမ်မာ ဟေးလ်၊ ဖူလ်ဟမ်မန်နေဂျာ မာကို ဆေးလ်ဗားတို့ကို ကျော်ဖြတ်ပြီး အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ရရှိခဲ့ခြင်းဖြစ်ပါတယ်။
တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုတော အာဆင်နယ်တောင်ပံတိုက်စစ်မှူးလေး ဘူကာယို ဆာကာက အာဆင်နယ်အသင်းဖော်တွေဖြစ်တဲ့ မာတင်နယ်လီ၊ ဆာလီဘာတို့နဲ့ ခရစ်စတယ်ပဲလေ့ကစားစမား မိုက်ကယ် အိုလစ်၊ မီလ်ဝဲလ်အသင်းမှ ဘိုင်လီမစ်ချဲလ်တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်ဟာ ဒီရီးမီးယားလိဂ်ကစားသမားဆုကို အာဆင်နယ်အသင်းဖော် ဆာကာ၊ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟယ်ရီ ကိန်း၊ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးနှင့် ဖူလ်ဟမ်တိုက်စစ်မှူး အလက်ဇန်ဒါ မီထရိုဗစ်တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ် ဂိုးသမား အာရွန် ရမ်စ်ဒေးလ်ကတော့ ချဲလ်ဆီး ဂိုးသမား ကီပါ၊ ဖူလ်ဟမ် ဂိုးသမား လီနို၊ ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ် ယာရာ၊ လေတန်အိုးရီးရန့်ဂိုးသမား ဗီဂိုရိုခ်တို့ထက် အသာရပြီး တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အမျိုးသမီးအသင်းမှ လေး ဝီလီယမ်ဆန်နဲ့ ဘတ် မိဒ်တို့ကတော့ အင်္ဂလန်အမျိုးသမီးအသင်း ၂၀၂၂ ယူရိုချန်ပီယံဆု ရရှိခဲ့မှုမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကောင်းတွေ ပြနိုင်ခဲ့လို့ Power of the Football Award ကို ချီးမြင့်ခြင်းခံခဲ့ရပါတယ်။ အင်္ဂလန်အမျိုးသမီးအသင်းခေါင်းဆောင်လည်းဖြစ်၊ ဝီလို ဖောင်ဒေးရှင်းရဲ့ သံတမန်လည်းဖြစ်တဲ့ ဝီလီယမ်ဆန်က …”ကျွန်မတို့ လက်ရှိဆောင်ရွက်ပြုလုပ်နေတာတွေကို မရပ်တန့်ပဲ လာမယ့်နွေရာသီမှာ အင်္ဂလန်အသင်းအတွက် ဆုဖလားတစ်လုံး ( အမျိုးသမီး ကမ္ဘာ့ဖလား) ယူပေးဖို့ ကြိုးစားပေးကြမယ်” လို့ ပြောခဲ့ပါတယ်။
အက်ဖ်အေ အမျိုးသမီး တစ်နှစ်တာအကောင်းဆုံးဆုကိုတော့ ချဲလ်ဆီးအသင်းမှ ဆမ်ခါးက ရရှိခဲ့ပြီး စကာတင်စာရင်းထဲ ပါဝင်ခဲ့တဲ့ အာဆင်နယ်အမျိုးသမီးအသင်းမှ ဘတ် မိဒ်၊ ကမ် လစ်တဲတို့ကတော့ ဆုနဲ့ လွဲချော်ခဲ့ပါတယ်။ ဘတ် မိဒ်အတွက် အလွဲများနဲ့ နှစ်လို့ ဆိုရလောက်အောင် အမျိုးသမီး ဘလွန်ဒေါဆုမှာလည်း ဒုတိယနဲ့ ကျေနပ်ခဲ့သလို ဖီဖာပရို အကောင်းဆုံး အမျိုးသမီးအသင်းမှာ ပါဝင်နိုင်ခဲ့ပေမယ့် အကောင်းဆုံး အမျိုးသမီးဆုကိုတော့ လွဲချော်ခဲ့ရပြန်ပါတယ်။ ဆုနှစ်ခုစလုံးကို ရရှိသွားသူကတော့ ဘာစီလိုနာအမျိုးသမီးအသင်းမှ အလက်ဇီယာ ပူတဲလ်လာ့စ်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT
ZAWGYI:တနလၤာေန႔ညက RoundHouse မွာ ျပဳလုပ္က်င္းပတဲ့ လန္ဒန္ၿမိဳ႕က ေဘာလုံးအသင္းေတြထဲမွ တစ္ႏွစ္တာအေကာင္းဆုံးဆုမ်ား ေ႐ြးခ်ယ္ခ်ီးျမႇင့္တဲ့ London Award 2023 ရဲ႕ ဆုေပးပြဲအခမ္းအနားကို က်င္းပခဲ့ၿပီး အာဆင္နယ္အသင္းက ဆုမ်ားအားလုံးနီးပါး သိမ္းႀကဳံးရယူသြားတာ ေတြ႕ခဲ့ရပါတယ္။
London Football Awards အခမ္းအနားကို ျပဳလုပ္ျခင္းရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ အဲဒီ ညခ်မ္းမွာ ရရွိေသာ ဝင္ေငြအားလုံးကို ႏိုင္ငံေတာ္ ပရဟိတအဖြဲ႕ ဝီလိုေဖာင္ေဒးရွင္းမွ တဆင့္ အသက္ ၁၆ ႏွစ္မွ ၄၀ ႏွစ္ၾကား အျပင္းအထန္ နာမက်န္းျဖစ္ေနေသာလူမ်ားထဲမွ ေထာက္ပံံ့မႈအလိုအပ္ဆုံးလူနာမ်ားကို ကူညီပံ့ေပးသည့္ အထူးေန႔တေန႔အျဖစ္ လႉဒါန္းေပးျခင္းျဖစ္ပါတယ္။ London Football Awards ကို ေဘာလုံးအသင္း စီမံခန႔္အုပ္ခ်ဳပ္ခန႔္ခြဲသူမ်ားႏွင့္ ေဘာလုံးမီဒီယာမ်ားရဲ႕ ေခါင္းေဆာင္းပိုင္းမ်ားက လြတ္လပ္စြာ အကဲျဖတ္ဆုံးျဖတ္ၿပီး လန္ဒန္ၿမိဳ႕ခံေဘာလုံးအသင္းေတြ အားလုံးထဲမွေနၿပီး အေကာင္းဆုံးဆိုသူမ်ားကို ဂုဏ္ျပဳေ႐ြးခ်ယ္ခ်ီးျမႇင့္တာျဖစ္ပါတယ္။
မီေခးလ္ အာတီတာက တစ္ႏွစ္တာအေကာင္းဆုံးမန္ေနဂ်ာဆု၊ မာတင္ ေအာ္ဒီဂြါ့ဒ္က တစ္ႏွစ္တာအေကာင္းဆုံး ပရီးမီးယားလိဂ္ကစားသမားဆု၊ ဘူကာယိုဆာကာက တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆု၊ အာ႐ြန္ ရမ္စ္ေဒးလ္က တစ္ႏွစ္တာအေကာင္းဆုံးဂိုးသမားဆုေတြကို ရရွိခဲ့သလို အာဆင္နယ္အမ်ိဳးသမီးအသင္းမွ ဝီလီယမ္ဆန္ နဲ႔ ဘတ္ မိဒ္တို႔ကလည္း POWER OF THE FOOTBALL ဆုကို လက္ခံရရွိခဲ့ပါတယ္။
တစ္ႏွစ္တာအေကာင္းဆုံးမန္ေနဂ်ာဆုကိုေတာ့ စကာတင္ေ႐ြးခ်ယ္ထားခံရတဲ့ ဘရန႔္ဖို႔ဒ္မန္ေနဂ်ာ ေသာမတ္စ္ ဖရန႔္ခ္၊ ေလတန္အိုးရီးရန႔္နည္းျပ ရီခ်ီ ဝဲလန္စ္၊ ခ်ဲလ္ဆီးအမ်ိဳးသမီားအသင္း မန္ေနဂ်ာ အမ္မာ ေဟးလ္၊ ဖူလ္ဟမ္မန္ေနဂ်ာ မာကို ေဆးလ္ဗားတို႔ကို ေက်ာ္ျဖတ္ၿပီး အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာက ရရွိခဲ့ျခင္းျဖစ္ပါတယ္။ တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကိုေတာ အာဆင္နယ္ေတာင္ပံတိုက္စစ္မႉးေလး ဘူကာယို ဆာကာက အာဆင္နယ္အသင္းေဖာ္ေတြျဖစ္တဲ့ မာတင္နယ္လီ၊ ဆာလီဘာတို႔နဲ႔ ခရစ္စတယ္ပဲေလ့ကစားစမား မိုက္ကယ္ အိုလစ္၊ မီလ္ဝဲလ္အသင္းမွ ဘိုင္လီမစ္ခ်ဲလ္တို႔ကို ေက်ာ္ျဖတ္ၿပီး ရရွိခဲ့တာ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါ့ဒ္ဟာ ဒီရီးမီးယားလိဂ္ကစားသမားဆုကို အာဆင္နယ္အသင္းေဖာ္ ဆာကာ၊ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟယ္ရီ ကိန္း၊ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္တိုေနးႏွင့္ ဖူလ္ဟမ္တိုက္စစ္မႉး အလက္ဇန္ဒါ မီထ႐ိုဗစ္တို႔ကို ေက်ာ္ျဖတ္ၿပီး ရရွိခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ ဂိုးသမား အာ႐ြန္ ရမ္စ္ေဒးလ္ဟာ ခ်ဲလ္ဆီး ဂိုးသမား ကီပါ၊ ဖူလ္ဟမ္ ဂိုးသမား လီႏို၊ ဘရန႔္ဖို႔ဒ္ဂိုးသမား ေဒးဗစ္ ယာရာ၊ ေလတန္အိုးရီးရန႔္ဂိုးသမား ဗီဂို႐ိုခ္တို႔ထက္ အသာရၿပီး တစ္ႏွစ္တာအေကာင္းဆုံးဂိုးသမားဆုကို ရရွိခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္အမ်ိဳးသမီးအသင္းမွ ေလး ဝီလီယမ္ဆန္နဲ႔ ဘတ္ မိဒ္တို႔ကေတာ့ အဂၤလန္အမ်ိဳးသမီး ၂၀၂၂ ယူ႐ိုခ်န္ပီယံဆု ရရွိခဲ့မႈမွာ အေကာင္းဆုံး စြမ္းေဆာင္ရည္ေကာင္းေတြ ျပႏိုင္ခဲ့လို႔ Power of the Football Award ကို ခ်ီးျမင့္ျခင္းခံခဲ့ရပါတယ္။ အဂၤလန္အမ်ိဳးသမီးအသင္းေခါင္းေဆာင္လည္းျဖစ္၊ ဝီလို ေဖာင္ေဒးရွင္းရဲ႕ သံတမန္လည္းျဖစ္တဲ့ ဝီလီယမ္ဆန္က …”ကြၽန္မတို႔ လက္ရွိေဆာင္႐ြက္ျပဳလုပ္ေနတာေတြကို မရပ္တန႔္ပဲ လာမယ့္ေႏြရာသီမွာ အဂၤလန္အသင္းအတြက္ ဆုဖလားတစ္လုံး ( အမ်ိဳးသမီး ကမာၻ႔ဖလား) ယူေပးဖို႔ ႀကိဳးစားေပးၾကမယ္” လို႔ ေျပာခဲ့ပါတယ္။
အက္ဖ္ေအ အမ်ိဳးသမီး တစ္ႏွစ္တာအေကာင္းဆုံးဆုကိုေတာ့ ခ်ဲလ္ဆီးအသင္းမွ ဆမ္ခါးက ရရွိခဲ့ၿပီး စကာတင္စာရင္းထဲ ပါဝင္ခဲ့တဲ့ အာဆင္နယ္အမ်ိဳးသမီးအသင္းမွ ဘတ္ မိဒ္၊ ကမ္ လစ္တဲတို႔ကေတာ့ ဆုနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ ဘတ္ မိဒ္အတြက္ အလြဲမ်ားနဲ႔ ႏွစ္လို႔ ဆိုရေလာက္ေအာင္ အမ်ိဳးသမီး ဘလြန္ေဒါဆုမွာလည္း ဒုတိယနဲ႔ ေက်နပ္ခဲ့သလို ဖီဖာပ႐ို အေကာင္းဆုံး အမ်ိဳးသမီးအသင္းမွာ ပါဝင္ႏိုင္ခဲ့ေပမယ့္ အေကာင္းဆုံး အမ်ိဳးသမီးဆုကိုေတာ့ လြဲေခ်ာ္ခဲ့ရျပန္ပါတယ္။ ဆုႏွစ္ခုစလုံးကို ရရွိသြားသူကေတာ့ ဘာစီလိုနာအမ်ိဳးသမီးအသင္းမွ အလက္ဇီယာ ပူတဲလ္လာ့စ္က ရရွိသြားခဲ့တာ ျဖစ္ပါတယ္။
ARSENAL MYANMAR
PHOTOS CREDIT
- Posted In:
- News