ဆုဖလားစိန်ခေါ်မှုမှာ ဦးဆောင်မယ့်သူနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမယ့် အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ
-ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုက အာဆင်နယ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အတွင်း ဘရာဇီးလ်တောင်ပံကစားသမားကို ကွင်းထဲကနေ ထွက်ခွာသွားခဲ့ရစေတဲ့ ဆိုးရွားတဲ့ဖျက်ထုတ်မှုအတွက် တောင်းပန်ခဲ့ပါတယ်။ “အချိန်တွေကိုသာ နောက်ပြန်လှည့်လို့ရရင် ကျွန်တော် အဲဒီလို ဆိုးရွားတဲ့ဖျက်ထုတ်မှုကို ပြုလုပ်ခဲ့မှာမဟုတ်ပါဘူး”လို့ ကိုင်ဆေဒိုက တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
–အာဆင်နယ်အသင်းဟာ အဓိကပစ်မှတ်ဖြစ်တဲ့ ဒီကလန် ရိုက်စ်ကို ယခုနွေရာသီမှာ ခေါ်ယူဖို့အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးကို ထပ်မံရိုက်ချိုးဖို့ အဆင်သင့်ဖြစ်နေပြီး ဂန်းနားတွေဟာ ၎င်းတို့ရဲ့ လစာပေးချေမှုပမာဏ အကန့်အသတ်ကိုလည်း ဖြေလျော့သွားမယ်လို့ Mail Sport က ဖော်ပြခဲ့ပါတယ်။ ဂရာနစ် ချာကာကလည်း ယခုနွေရာသီမှာ လေဗာကူဆင်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုအချို့ ရရှိထားပြီးဖြစ်တာကြောင့် ဝက်စ်ဟမ်းအသင်းခေါင်းဆောင်အတွက် လမ်းပွင့်သွားမှာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းနဲ့ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
–အာဆင်နယ်အသင်းဟာ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းသွားမယ့် ကစားသမား ၄ ဦးထဲက တစ်ဦးဖြစ်တဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကို စာချုပ်ကိစ္စအတွက် ပြောဆိုဆွေးနွေးမှုတွေ စတင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နော်ဝေကွင်းလယ်ကြယ်ပွင့်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းဟာ ချီးကျူးခြင်းခံခဲ့ရပြီး ယခုရာသီမှာ အာဆင်နယ်အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ အချိန်အတော်ကြာ ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ဂန်းနားတွေဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အတွက် လစာတိုးပေးပြီး ဆုချချင်နေပြီး စာချုပ်က သက်တမ်းအများကြီး ကျန်သေးရင်တောင်မှ စာချုပ်သစ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
–အဆင်နယ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပီအက်စ်ဗွီလူငယ်ကြယ်ပွင့် ဇာဗီ ဆိုင်မွန်ကို ခေါ်ယူဖို့ အခွင့်အရေး ကမ်းလှမ်းခြင်းခံရမှာဖြစ်တယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။ ဆိုင်မွန်ဟာ ဒတ်ချ်လိဂ် ၃၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး အသက် ၂၀ အရွယ်နဲ့ ဒီလို အထင်ကြီးဖွယ် ကိန်းဂဏန်းတွေကို စွမ်းဆောင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။
ဒတ်ချ်ကြယ်ပွင့်ရဲ့ စျေးကွက်ပေါက်စျေးကို CIES က ယူရိုသန်း ၅၀ သတ်မှတ်ထားပြီး ပီအက်စ်ဂျီက လူငယ်ကြယ်ပွင့်ရဲ့ စာချုပ်ထဲမှာ ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ပြန်ခေါ်နိုင်မယ့် အချက်တစ်ချက်ကို ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လီဂူးဝမ်းအသင်းက အဲဒီအချက်ကို မကြာခင် အချိန်အတွင်း အသက်သွင်းမယ့်ပုံစံမျိုး ပြသခဲ့ခြင်းမရှိတာဖြစ်ပြီး ဆိုင်မွန်ကလည်း ပြီးခဲ့တဲ့နှစ်က ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ပယ်ချခဲ့တာကြောင့် ပဲရစ်ကို ပြန်သွားချင်လားဆိုတာ မသေချာမရေရာဖြစ်နေတာဖြစ်ပါတယ်။ အဲဒါက ဆိုင်မွန်ရဲ့ အေးဂျင့်သစ် ဒါရင်း ဒိန်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အာဆင်နယ်အတွက် တံခါးပွင့်လာတာဖြစ်ပြီး ဒါရင်း ဒိန်းဟာ အာဆင်နယ်မှာ ၂၄ နှစ်ကြာ ဒုဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေးဗစ် ဒိန်းရဲ့သားဖြစ်ပါတယ်။
–အာဆင်နယ်ဟာ အစ်တီဟတ်မှာ စာချုပ်သစ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတဲ့ ကွင်းလယ်ကစားသမား ဂန်ဒိုဝမ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ယခုနွေရာသီမှာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် လူအင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် ဂျာမနီကွင်းလယ်ကစားသမားဟာ ချာကာရဲ့နေရာအတွက် ပြီးပြည့်စုံတဲ့ အစားထိုးခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News