အာတီတာမှတ်ချက်အပြီး အာဆင်နယ်မှာ အနာဂတ်မရှိတော့တဲ့ ကြယ်ပွင့်ကစားသမား 1024 624 user

အာတီတာမှတ်ချက်အပြီး အာဆင်နယ်မှာ အနာဂတ်မရှိတော့တဲ့ ကြယ်ပွင့်ကစားသမား

ချားလ်စ် ဝက်တ်စ်က မီခေးလ် အာတီတာက နီကိုလာ ပေပေဟာ ဒဏ်ရာကြောင့် အမေရိကား ရာသီကြိုခရီးစဉ်မှာ မပါဝင်ခဲ့တာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီးနောက် အိုင်ဗရီကို့စ်ကြယ်ပွင့်ရဲ့ အမ်းမရိတ်စ်က အချိန်တွေက ပြီးဆုံးသွားပြီလို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီ နိစ်အသင်းကို အငှားထွက်ကစားခဲ့တာဖြစ်ပြီး မီခေးလ် အာတီတာဟာ ပေပေကို အငှားချခဲ့တာဟာ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟောင်းဆီကနေ ပိုပြီး လိုချင်တာကြောင့်ဖြစ်တယ်လို့ ရှင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

နီကိုလာ ပေပေအပေါ် ဒီလို ပြောဆိုမှုတွေက အခြေအနေကောင်းပုံမပေါ်ဘဲ အာဆင်နယ်အသင်းသတင်းထောက် ချားလ်စ် ဝက်တ်စ်က အခြေအနေတစ်ခုလုံးဟာ ထူးဆန်းနေပြီး လန်ဒန်မှာ အိုင်ဗရီကို့စ် တောင်ပံကစားသမားရဲ့ အနာဂတ်မရှိတော့ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နီကိုလာ ပေပေဟာ ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေခဲ့ပေမယ့်လည်း အဲဒီသတင်းတွေထွက်ထွက်ပြီးချင်းပဲ ပြန်လည်ပျက်ပြယ်သွားခဲ့တာဖြစ်ပြီး လိုင်လီကြယ်ပွင့်ဟောင်းရဲ့ အငှားကစားသမားဘဝဟာ အာတီတာလိုချင်ခဲ့တဲ့ပုံစံတိုင်း မဖြစ်ခဲ့ပုံပေါ်တာကြောင့် ယူအက်စ်အေ ခရီးစဉ်ကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့သတင်းတွေလည်း ပျက်ပြယ်သွားတာကြောင့် ပေပေအတွက် အခြေအနေက ခက်ခဲတဲ့အနေအထားဖြစ်လာပြီး ချားလ်စ် ဝက်တ်စ်က လိုင်လီကြယ်ပွင့်ဟောင်းအတွက် လက်ရှိမှာ ကမ်းလှမ်းမယ့်အသင်းကလည်း မရှိနေဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“နီကိုလာ ပေပေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒီနွေရာသီမှာ ဘာမှ မမြင်ခဲ့ရပါဘူး။ သူက အာဆင်နယ်ကိုတောင် ပြန်မရောက်ခဲ့ပါဘူး။ မီခေးလ် ပြောခဲ့တာတွေက စိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်တော် တွေးမိခဲ့တယ်။ ကျွန်တော် ဒီအခြေအနေကိုကြည့်ပြီး တစ်ခုခုတော့ ဖြစ်နေပြီလို့ တွေးမိတယ်။ သူက ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေတာဆိုရင်တောင် ဘာလို့ အာဆင်နယ်မှာ ရှိမနေရတာလဲလို့ တွေးမိတယ်။ သေချာတယ်။ ခင်ဗျားဆိုရင်လည်း သူ့ကို အသင်းဆရာဝန်တွေနဲ့ပဲရှိနေစေချင်မှာပါ။ အဲဒါက အဓိပ္ပာယ်မရှိပါဘူး။ သူက ခုထိ ဘာလို့ အသင်းနဲ့ အတူ ရှိမနေသေးတာလဲ”

“ခင်ဗျား တစ်နွေလုံး အသင်းနဲ့ အဝေးမှာရှိနေပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေတာဆိုရင် ဒဏ်ရာက သက်သာပြီဆိုတာနဲ့ ခင်ဗျားကို လစာပေးနေတဲ့ အသင်းကို ပြန်သွားချင်မှာပါ။ ဒါမှမဟုတ် ခင်ဗျားကို လစာပေးထားတဲ့အသင်းက ခင်ဗျားကို အဲဒီမှာ ရှိနေချင်မှာပါ။ အဲဒါမှ ခင်ဗျားကို သူတို့ စောင့်ကြည့်လို့ရမှာလေ။ သူတို့တွေ ခင်ဗျား ဒဏ်ရာကနေ ပြန်လည်သက်သာလာမှုက ဘယ်လောက်တိုးတက်မှုရှိလဲ စောင့်ကြည့်နိုင်မှာပေါ့။ နည်းပြ ပြောနေတဲ့ပုံစံမျိုးက တစ်ခုခုပဲလို့ ခံစားရတယ်။ တခြားကစားသမားတွေလည်း ဒီနွေရာသီမှာ ဒဏ်ရာရခဲ့ကြပြီး သူတို့တွေ အာဆင်နယ်မှာ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေခဲ့ကြတယ်။ ဒီနွေရာသီ အာဆင်နယ်မှာ နီကိုလာ ပေပေရဲ့အနာဂတ်ကို ကျွန်တော် မမြင်မိပါဘူး။ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုရင် သူ့ရဲ့ အခြေအနေကို ဘယ်လိုပုံစံမျိုး အဖြေထုတ်မလဲဆိုတာကို ရှာဖွေဖို့ပဲဖြစ်လိမ့်မယ်။ ကမ်းလှမ်းထားတဲ့အသင်းတွေမရှိပါဘူး။ ဆော်ဒီကို ပြောင်းဖို့သတင်းတွေကလည်း ပြန်ပျောက်သွားပုံပေါ်ပါတယ်။ အဲဒါက ထူးဆန်းတယ်လို့ ခံစားရတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet