ဂန်းနားတွေကို နိမ့်ကျစေခဲ့တဲ့ အမှားကို ပြောပြခဲ့ပြီး သင်ခန်းစာယူနိုင်ခဲ့ပြီလို့ ပြောခဲ့တဲ့ တိုရေးနဲ့ နောက်ဆုံးရသတင်းများ coyg

ဂန်းနားတွေကို နိမ့်ကျစေခဲ့တဲ့ အမှားကို ပြောပြခဲ့ပြီး သင်ခန်းစာယူနိုင်ခဲ့ပြီလို့ ပြောခဲ့တဲ့ တိုရေးနဲ့ နောက်ဆုံးရသတင်းများ

-ပီအက်စ်ဗွီအသင်းဟာ အီဘရာဟင် ဆန်ဂါရေးကို ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ ပြင်ဆင်နေတတယ်လို့ 90min ကဖော်ပြခဲ့ပြီး အသက် ၂၅ နှစ်အရွယ် အိုင်ဗရီကို့စ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်္ဂလန်ကို ပြောင်းဖို့ သတင်းထွက်ခဲ့ပေမယ့် ဒတ်ချ်ကလပ်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတင်းရင်းမြစ်တွေရဲ့ အတည်ပြုချက်အရ စာချုပ်လျော်ကြေး ယူရို ၃၇ သန်းထည့်သွင်းချုပ်ဆိုထားတဲ့ ဆန်ဂါရေးဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်မှာ ကိုယ့်ကိုကိုယ်စမ်းသပ်မှုတွေ ပြုလုပ်သွားဖို့ အဆင်သင့်ဖြစ်နေပြီး ပီအက်စ်ဗွီကလည်း စျေးကောင်းကောင်း ရတုန်း ရောင်းချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားကို အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးလ်၊ စပါးစ်တို့က သဘောကျနေကြပြီး ၎င်းရဲ့ အေးဂျင့်ဆီကနေ အချက်ပေးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

-ဘူကာယို ဆာကာက ဂွါဒီယိုလာအနေနဲ့ အာဆင်နယ်ကို အနိုင်ရရှိသူတွေအဖြစ် ပြောင်းလဲနိင်အောင် ကူညီပေးခဲ့တာလို့ ယုံကြည်နေပြီး မန်စီးတီးနည်းပြဟာ ဇင်ချန်ကိုနဲ့ ဂျေးဇုတို့ကို ပြီးခဲ့တဲ့နွေရာသီမှာ ဂန်းနားတွေဆီကို ရောင်းချပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာစီးတီးအသင်းဟာ ဆုဖလားကို ထိန်းသိမ်းထားဖို့ တိုက်ပွဲဝင်နေရတာဖြစ်ပြီး အာဆင်နယ်ရဲ့နောက် ၈ မှတ်အကွာကနေ လိုက်နေရတာဖြစ်ပါတယ်။

“ဇင်ချန်ကိုက အရည်အသွေးတွေယူဆောင်လာခဲ့တယ်။ ဒါပေမယ့် သူက အဲဒီထက် အများကြီး ယူဆောင်ပေးခဲ့တာပါ။ ခင်ဗျား သူ ဘယ်လိုကစားလဲဆိုတာနဲ့ ပွဲကို သူ ဘယ်လို ထိန်းချုပ်လဲဆိုတာကိုမြင်နိုင်မှာပါ။ သူက ထူးချွန်တဲ့ ကစားသမားပါ။ သူ့မှာ အရမ်းကောင်းမွန်တဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေရှိပါတယ်။ အဲဒီတော့ သူက ကျွန်တော်တို့ကို တကယ် အကူအညီပေးနိုင်ပါတယ်။

သူတို့တွေ(ဇင်ကြီးနဲ့ ဂျေးဇု)က ကျွန်တော်တို့ဆီကို အဲဒီမှာရှိနေခဲ့ပြီး လိဂ်ကို အနိုင်ရရှိခဲ့တဲ့ ကစားသမားတွေအဖြစ် နိုင်ပွဲရ စိတ်ဓာတ်တွေ ယူဆောင်လာပေးတယ်။ ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ သူတို့တွေက အဲဒါ ဘယ်လိုခံစားရလဲဆိုတာကို သိကြတယ်။ သူတို့တွေ ကျွန်တော်တို့ကို အားပေးနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ လူငယ်ကစားသမားတွေ အများကြီးရှိလို့ပါ။ သူတို့တွေက စိတ်ဓာတ်ပိုင်းမှာ ကျွန်တော်တို့ကို တကယ်ကို အကူအညီဖြစ်စေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်နောက်ခံလူဟောင်း ကိုလို တိုရေးက ဂန်းနားတွေဟာ နောက်ဆုံးမှာတော့ အရင်တုန်းက အမှားတွေဆီကနေ သင်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ယုံကြည်နေပြီး ဆာကာကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့  နီးစပ်နေပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ မာတီနယ်လီကိုလည်း ယခုရာသီမှာ ကြီးမားတဲ့စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်ပြီး ဆာလီဘာနဲ့လည်း စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ တိုရေးက ပြီးခဲ့တဲ့နှစ်တွေတုန်းက အာဆင်နယ်အသင်းဟာ အဓိကကစားသမားအများအပြားကို ဆုံးရှုံးခဲ့ရတာကို ထောက်ပြခဲ့ပြီး လက်ရှိမှာတော့ အတိတ်က အမှားတွေကနေ လေ့လာသင်ယူနိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

“အမှားတစ်ခုက အာဆင်နယ်ကို နှစ်တော်တော်ကြာ နိမ့်ကျစေခဲ့တယ်။ သူတို့တွေမှာ အသင်းကို ချစ်မြတ်နိုးတဲ့ အဓိကကစားသမားတွေ ရှိခဲ့ပြီး အဲဒီကစားသမားတွေကို ထွက်ခွင့်ပေးခဲ့တယ်။ ခင်ဗျား ဒီလို အဓိကကစားသမားတွေကို ထိန်းသိမ်းရမယ်။ ဘာလို့လဲဆိုတေ့ ဒီလိုကစားသမားတွေက ခင်ဗျားအတွက် အသင်းကို ဦးဆောင်ပေးမယ့်သူတွေမို့လို့ပါ။ ဒီကစားသမားတွေက ခင်ဗျား အားထားလို့ရတဲ့ကစားသမားတွေပါ။

ဒီကစားသမားတွေက ခက်ခဲတဲ့အချိန်မှာ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ဂိုးစည်းပေါ် ဒိုင်ဗင်ထိုး ကာကွယ်ပေးမှာပါ။ ဘာလို့လဲဆိုတော့ သူတို့က အသင်းကို ချစ်မြတ်နိုးလို့ပါ။ ခင်ဗျားမှာ ကစားသမား ၂ မျိုးရှိတယ်။ အသင်းကို ချစ်တဲ့ ကစားသမားနဲ့ လာကစားပြီး ထွက်သွားမယ့်ကစားသမားမျိုးပါ။ ခင်ဗျားအနေနဲ့ အသင်းကို ချစ်မြတ်နိုးတဲ့ကစားသမားမျိုးလိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီကစားသမားတွေက သူတို့ရဲ့ နှလုံးသားနဲ့ တိုက်ပွဲဝင်သွားကြမယ့်သူတွေမို့လို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။

-ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂန်းနားတွေဟာ ဘရာဇီးလ်တိုက်စစ်မှူးကို ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၄၅ သန်းနဲ့ မန်စီးတီးကနေ ခေါ်ယူခဲ့တာဖြစ်ပြီး မကြာသေးမီကမှ ဒူးဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ ဂျေးဇုကို လက်ရှိမှာတော့ လာလီဂါနဲ့ ဥရောပချန်ပီယံတွေက ခေါ်ယူချင်နေတယ်လို့ Defensa Central က ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီးရက်ဇ်က အာဆင်နယ်တိုက်စစ်မှူးဟာ ဘန်ဇီးမားရဲ့ နေရာမှာ အရန်သင့်ဖြည့်ကစားဖို့ရော လိုအပ်ရင် အတူတူ တွဲကစားဖို့ပါ ပြီးပြည့်စုံတဲ့ကစားသမားလို့ ရှုမြင်ထားတယ်လို့ သိရပြီး အာဆင်နယ်နဲ့ ၄ နှစ်စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့်လည်း အရခေါ်ယူသွားချင်နေတယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။

-ဂျော်ဒန် ပစ်ဖို့ဒ်က အဲဗာတန်အသင်းသာ တန်းဆင်းသွားခဲ့မယ်ဆိုရင် အင်္ဂလန်ရဲ့ ကျောနံပါတ်၁ နေရာအတွက် ခြိမ်းခြောက်မှုတွေ ရှိလာမယ်ဆိုတာကို လက်ခံခဲ့ပြီး နစ်ခ် ပုပ်နဲ့ ရမ်းစ်ဒေးလ်တို့ဟာ အာဆင်နယ်နဲ့ နယူးကာဆယ်လ်တို့အတွက် အသီးသီး လက်စွမ်းပြသနေကြတာဖြစ်ပါတယ်။ “ကျွန်တော့်ကိုယ်ကိုပဲ အာရုံစိုက်သွားရမှာပါ။ အာရွန်က အာဆင်နယ်မှာ ထိပ်တန်းရာသီကို ပိုင်ဆိုင်နေပြီး ဆုဖလားအတွက် တိုက်ပွဲဝင်နေတယ်။ နယူးကာဆယ်လ်ကလည်း အဆင့် ၅ နေရာမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပါတယ်။ အဲဗာတန်အနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့က အရေးကြီးပါတယ်။ ပရီးမီးယားလိဂ်က ရှိနေရမယ့် ထိပ်တန်းလိဂ်ဖြစ်ပြီး ကျွန်တော် အဲဒီအပေါ်မှာ အာရုံစိုက်သွားမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet