အွန်နရီ ဘာတွေပြောခဲ့သလဲ ပြန်ပြောပြခဲ့တဲ့ ဘာလိုဂန်နဲ့ သူ့ကို အင်္ဂလန်အသင်းမှာ ဘာလို့မရွေးချယ်ဖြစ်တာလဲ ဖြေရှင်းခဲ့တဲ့ ဆောက်ဂိတ် admin

အွန်နရီ ဘာတွေပြောခဲ့သလဲ ပြန်ပြောပြခဲ့တဲ့ ဘာလိုဂန်နဲ့ သူ့ကို အင်္ဂလန်အသင်းမှာ ဘာလို့မရွေးချယ်ဖြစ်တာလဲ ဖြေရှင်းခဲ့တဲ့ ဆောက်ဂိတ်

ဘာလိုဂန်ဟာ အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အနာဂတ်ကို အခိုင်အမာ မပြောဆိုသေးတဲ့ကစားသမားဖြစ်ပြီး အသင်းကနေ ထွက်နိုင်ခြေရှိနေပေမယ့်လည်း မကြာသေးမီက အသင်းဂန္တဝင် သီယာရီ အွန်နရီနဲ့ ပြောဆိုခဲ့တဲ့ စကားတွေကို အသေးစိတ်  ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ရင်းမ်စ်မှာ အလွန်ကောင်းမွန်တဲ့ အငှားကစားသမားဘဝကို ပိုင်ဆိုင်နေသူဖြစ်ပြီး ယခုရာသီ လီဂူးဝမ်း ၂၇ ပွဲမှာ ၁၇ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ဘာလိုဂန်အနေနဲ့ အာဆင်နယ်ပထမအသင်းကို ပြန်လာမှာလားဆိုတဲ့ မေးခွန်းတွေရှိနေပြီး လူငယ် တိုက်စစ်မှူးကတော့ ဘာတွေဖြစ်လာမလဲဆိုတာကို သေချာမသိသေးဘဲ ရာသီကုန်မှာ အသင်းနဲ့ စကားပြောသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာလိုဂန်ဟာ မကြာသေးမီက ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ကစားရမယ့်ပွဲမတိုင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် တာဝန်ကျခဲ့တဲ့ အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီနဲ့ စကားပြောခွင့် ရရှိခဲ့ပြီး ဘာတွေ ပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သူ ကျွန်တော့်ကို ပြောခဲ့တာက လုပ်စရာရှိတာလုပ်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုထားတဲ့။ သူက ကျွန်တော့်ကို နောက်ကနေ ပန်းတက်ပြေးလွှားမှုတွေ လုပ်ဖို့ အားပေးသွားတယ်။ သူတို့(ပီအက်စ်ဂျီ)ရဲ့ ခံစစ် ၄ ဦးကို တကယ် ပြဿနာပေးနိုင်ဖို့အတွက်ပေါ့။ ပွဲမတိုင်ခင် ဒီလိုကြားရတာ အမြဲတမ်း ကောင်းမွန်ပါတယ်။ ကျွန်တော် သူနဲ့ လေးလေးနက်နက် စကားပြောဆိုခဲ့တယ်။ နာရီဝက်လောက်ရှိမယ်ထင်တယ်။ ပြင်သစ်က ဘဝအကြောင်းနဲ့ ဒီရာသီ ကျွန်တော် ဘာတွေ ရချင်လဲဆိုတဲ့အကြောင်းပြောခဲ့ကြတယ်။”လို့ ပြောကြားခဲ့ပါတယ်။

-အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ်က ဘာလိုဂန်ကို ယူအက်စ်အေ လက်ရွေးစင်အသင်းက စိတ်ဝင်စားနေပေမယ့်လည်း အင်္ဂလန်အတွက် ကစားပေးဖို့ ထူးထူးခြားခြား စည်းရုံးသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး အင်္ဂလန်အတွက် ကစားပေးချင်ရင် စိတ်ရှည်သည်းခံဖို့လိုတယ်လို့ သတိပေးခဲ့ပါတယ်။

“ကျွန်တော်တို့ သူ့ကို အချိန်အချို့ ပေးချင်ပါတယ်။ သူသာ ဒီပုံစံအတိုင်း ဆက်ပြီး တိုးတက်လာနေပြီး ဒီတိုးတက်မှုကို ဆက်လက် လုပ်ဆောင်မယ်ဆိုရင်ပေါ့။ အဲဒီကျရင် သူ့အတွက် အခွင့်အရေး ရှိလာပါလိမ့်မယ်။ ဒါပေမယ့် ဒီအပတ်မှာတော့ ကျွန်တော် သူ့ကို မကမ်းလှမ်းနိုင်ပါဘူး။ အဲဒီလို လုပ်ခဲ့ရင်လည်း ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ဂိုးတွေ သွင်းယူထားတဲ့ အိုင်ဗန် တိုနီအပေါ်မှာ မတရားရာကျမယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘာလိုဂန်ကို အမေရိကန်လက်ရွေးစင်အသင်းမှာ ပြောင်းရွှေ့ကစားလာစေဖို့ အမေရိကန်အသင်း ယာယီနည်းပြနဲ့ အာဆင်နယ်အသင်းဖော် မတ် တာနာတို့က အမေရိကန်မှာ အနားယူရင်း လေ့ကျင်မှုတွေပြုလုပ်နေတဲ့ ဘာလိုဂန်နဲ့ ပြီးခဲ့တဲ့ တပတ်ကတွေ့ဆုံပြီး အမေရိကန်အသင်းသားအဖြစ် ပြောင်းလဲလာခဲ့ဖို့ နွေးနွေးထွေးထွေး ပြောဆို ဆွေးနွေးဆွဲဆောင်နေကြတယ်လို့လည်း သတင်းများက ဆိုထားတဲ့အတွက် ဘာလိုဂန်အနေနဲ့ ဘယ်နိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ် မလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ARSENAL MYANMAR
PHOTOSO CREDIT

ZAWGYI:ဘာလိုဂန္ဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အနာဂတ္ကို အခိုင္အမာ မေျပာဆိုေသးတဲ့ကစားသမားျဖစ္ၿပီး အသင္းကေန ထြက္ႏိုင္ေျခရွိေနေပမယ့္လည္း မၾကာေသးမီက အသင္းဂႏၲဝင္ သီယာရီ အြန္နရီနဲ႔ ေျပာဆိုခဲ့တဲ့ စကားေတြကို အေသးစိတ္  ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားဟာ ရင္းမ္စ္မွာ အလြန္ေကာင္းမြန္တဲ့ အငွားကစားသမားဘဝကို ပိုင္ဆိုင္ေနသူျဖစ္ၿပီး ယခုရာသီ လီဂူးဝမ္း ၂၇ ပြဲမွာ ၁၇ ဂိုး သြင္းယူခဲ့တာျဖစ္ပါတယ္။ လာမယ့္ရာသီမွာ ဘာလိုဂန္အေနနဲ႔ အာဆင္နယ္ပထမအသင္းကို ျပန္လာမွာလားဆိုတဲ့ ေမးခြန္းေတြရွိေနၿပီး လူငယ္တိုက္စစ္မႉးကေတာ့ ဘာေတြျဖစ္လာမလဲဆိုတာကို ေသခ်ာမသိေသးဘဲ ရာသီကုန္မွာ အသင္းနဲ႔ စကားေျပာသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဘာလိုဂန္ဟာ မၾကာေသးမီက ပီအက္စ္ဂ်ီနဲ႔ ရင္ဆိုင္ကစားရမယ့္ပြဲမတိုင္ ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ တာဝန္က်ခဲ့တဲ့ အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီနဲ႔ စကားေျပာခြင့္ ရရွိခဲ့ၿပီး ဘာေတြ ေျပာခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“သူ ကြၽန္ေတာ့္ကို ေျပာခဲ့တာက လုပ္စရာရွိတာလုပ္၊ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈထားတဲ့။ သူက ကြၽန္ေတာ့္ကို ေနာက္ကေန ပန္းတက္ေျပးလႊားမႈေတြ လုပ္ဖို႔ အားေပးသြားတယ္။ သူတို႔(ပီအက္စ္ဂ်ီ)ရဲ႕ ခံစစ္ ၄ ဦးကို တကယ္ ျပႆနာေပးႏိုင္ဖို႔အတြက္ေပါ့။ ပြဲမတိုင္ခင္ ဒီလိုၾကားရတာ အၿမဲတမ္း ေကာင္းမြန္ပါတယ္။ ကြၽန္ေတာ္ သူနဲ႔ ေလးေလးနက္နက္ စကားေျပာဆိုခဲ့တယ္။ နာရီဝက္ေလာက္ရွိမယ္ထင္တယ္။ ျပင္သစ္က ဘဝအေၾကာင္းနဲ႔ ဒီရာသီ ကြၽန္ေတာ္ ဘာေတြ ရခ်င္လဲဆိုတဲ့အေၾကာင္းေျပာခဲ့ၾကတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

-အဂၤလန္လက္ေ႐ြးစင္နည္းျပ ဂါးရတ္ ေဆာက္ဂိတ္က ဘာလိုဂန္ကို ယူအက္စ္ေအ လက္ေ႐ြးစင္အသင္းက စိတ္ဝင္စားေနေပမယ့္လည္း အဂၤလန္အတြက္ ကစားေပးဖို႔ ထူးထူးျခားျခား စည္း႐ုံးသြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး အဂၤလန္အတြက္ ကစားေပးခ်င္ရင္ စိတ္ရွည္သည္းခံဖို႔လိုတယ္လို႔ သတိေပးခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ သူ႔ကို အခ်ိန္အခ်ိဳ႕ ေပးခ်င္ပါတယ္။ သူသာ ဒီပုံစံအတိုင္း ဆက္ၿပီး တိုးတက္လာေနၿပီး ဒီတိုးတက္မႈကို ဆက္လက္ လုပ္ေဆာင္မယ္ဆိုရင္ေပါ့။ အဲဒီက်ရင္ သူ႔အတြက္ အခြင့္အေရး ရွိလာပါလိမ့္မယ္။ ဒါေပမယ့္ ဒီအပတ္မွာေတာ့ ကြၽန္ေတာ္ သူ႔ကို မကမ္းလွမ္းႏိုင္ပါဘူး။ အဲဒီလို လုပ္ခဲ့ရင္လည္း ကြၽန္ေတာ္တို႔ ပရီးမီးယားလိဂ္မွာ ဂိုးေတြ သြင္းယူထားတဲ့ အိုင္ဗန္ တိုနီအေပၚမွာ မတရားရာက်မယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘာလိုဂန္ကို အေမရိကန္လက္ေ႐ြးစင္အသင္းမွာ ေျပာင္းေ႐ႊ႕ကစားလာေစဖို႔ အေမရိကန္အသင္း ယာယီနည္းျပနဲ႔ အာဆင္နယ္အသင္းေဖာ္ မတ္ တာနာတို႔က အေမရိကန္မွာ အနားယူရင္း ေလ့က်င္မႈေတြျပဳလုပ္ေနတဲ့ ဘာလိုဂန္နဲ႔ ၿပီးခဲ့တဲ့ တပတ္ကေတြ႕ဆုံၿပီး အေမရိကန္အသင္းသားအျဖစ္ ေျပာင္းလဲလာခဲ့ဖို႔ ေႏြးေႏြးေထြးေထြး ေျပာဆို ေဆြးေႏြးဆြဲေဆာင္ေနၾကတယ္လို႔လည္း သတင္းမ်ားက ဆိုထားတဲ့အတြက္ ဘာလိုဂန္အေနနဲ႔ ဘယ္ႏိုင္ငံကိုယ္စားျပဳအျဖစ္ ေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္ မလဲဆိုတာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။