အိုဇေးလ်ရဲ့အနားယူမှုအပြီး ဂန်းနားကြယ်ပွင့်ဟောင်းနဲ့ ဆက်ဆံရေးကို ဖွင့်ဟခဲ့တဲ့ ဆန်းချက်ဇ်
အလက်ဆစ် ဆန်းချက်ဇ်က အသက် ၃၄ နှစ်အရွယ်မှာပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူပြီဖြစ်တယ်လို့ ကြေညာခဲ့တဲ့ မီဆွတ် အိုဇေးလ်ကို ချီးကျူးဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အိုဇေးလ်ဟာ ဗုဒ္ဓဟူးနေ့က ဘောလုံးသမားဘဝကနေ အနားယူပြီဖြစ်တဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်က ၎င်းရဲ့ ပရိသတ်တွေကို ဝမ်းနည်း ကြေကွဲဖွယ် အသိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။
“အားလုံးပဲ မင်္ဂလာပါ။ အလေးအနက် စဉ်းစားဆင်ခြင်ပြီးနောက်မှာ ကျွန်တော့်အနေနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။ ကျွန်တော် အခုအဆိုရင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် ၁၇ နှစ်နီးပါး ကစားခဲ့ရလို့ ဂုဏ်ယူခဲ့ရပါတယ်။ ကျွန်တော် ဒီအခွင့်အရေးအတွက် မယုံနိုင်လောက်အောင် ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေ၊ လတွေမှာ ဒဏ်ရာအချို့ ခံစားခဲ့ရပါတယ်။ ဘောလုံးရဲ့ ကြီးမားတဲ့ အဆင့်ကနေ ထွက်ခွာဖို့အတွက် အချိန်ကျပြီဆိုတာ ပိုပိုပြီး ရှင်းလင်း လာခဲ့ပါတယ်။”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားခဲ့တာဖြစ်ပါတယ််။
ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ကစားသမားဘဝ အကောင်းဆုံးအချိန်တုန်းက ကမ္ဘာ့ဘောလုံးလောကမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ အိုဇေးလ်အတွက် ချီးကျူးဂုဏ်ပြုစကားတွေ ပြည့်နှက်ခဲ့ကြတာဖြစ်ပါတယ်။
ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်တို့အပါအဝင် ဥရောပထိပ်တန်းကလပ်အသင်းတွေအတွက် ကစားပေးခဲ့သူဖြစ်ပြီး အိုဇေးလ်ဟာ လက်ရှိ အာဆင်နယ်နည်းပြ အာတီတာရဲ့ စာချုပ်ဖျက်သိမ်းခြင်းကို မခံရမီ အမ်းမရိတ်စ်မှာ ၈ နှစ်ကြာ ကစားပေးခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ဘောလုံးလောကမှာ အိုဇေးလ်အတွက် အချိန်ကောင်းတွေ ရှိခဲ့ပြီး အက်ဖ်အေဖလား ၄ ကြိမ် အနိုင်ရရှိခဲ့ပြီး ဂန်းနားတွေကို ဆုဖလားပျောက်ဆုံးနေမှုကို အဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီအောင်မြင်မှုတွေထဲက အများစုဟာ ဆန်းချက်ဇ်နဲ့ စိတ်ချင်းဆက်သွယ်နိုင်လုနီးပါး ရင်းနှီးတဲ့ ဆက်ဆံရေးအပေါ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဂန်းနားကြယ်ပွင့်ဟောင်း ၂ ဦးဟာ စုစုပေါင်း ၁၂၃ ကြိမ်အထိ တွဲကစားခဲ့တာ ဖြစ်ပါတယ်။
ဆန်းချက်ဇ်က ၎င်းတို့ ၂ ဦးကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှုရှိခဲ့တယ်လို့ ခံစားခဲ့ရတာက အံ့အားသင့်စရာမဟုတ်တော့ဘဲ အိုဇေးလ်ရဲ့ အနားယူကြောင်း ကြေညာမှုအပြီးမှာ အသင်းဖော်ဟောင်းကို သတင်းစကားပေးပို့ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် တကယ်ကို နားလည်ခဲ့ကြပါတယ် သူငယ်ချင်း မီဆွတ်။ ခင်ဗျားရဲ့ စာမျက်နှာသစ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အိုဇေးလ်က ချီလီတောင်ပံကြယ်ပွင့်ကို အာဆင်နယ်မှာ ကစားခဲ့တဲ့ကာလအတွင်း အကောင်းဆုံး ဂန်းနား ၁၁ ဦးအသင်းထဲမှာ ထည့်သွင်းထားပြီး အသင်းဟောင်းတွေအပေါ်မှာ ဘယ်လို ပြင်းထန်တဲ့ ခံစားမှုမျိုး မရှိဘူးဆိုတဲ့အကြောင်းကို နှုတ်ဆက်စာထဲမှာ အာဆင်နယ်နာမည်ကို ထည့်သွင်းခဲ့တာကို ကြည့်ပြီး သိနိုင်ပါတယ်။
“မယုံနိုင်စရာ အခိုက်အတန့်တွေနဲ့ စိတ်ခံစားမှုတွေ ပြည့်နှက်နေတဲ့ အံ့အားသင့်စရာ ခရီးလမ်းဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကလပ်အသင်းတွေဖြစ်တဲ့ ရှော်ကေး၊ ဝါဒါ ဘရီမင်၊ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်၊ ဖီနာဘာချီ၊ ဘာဆတ်ဆီဟီရာနဲ့ ကျွန်တော့်ကို အားပေးထောက်ခံခဲ့တဲ့နည်းပြတွေအပြင် မိတ်ဆွေသူငယ်ချင်းတွေဖြစ်လာခဲ့တဲ့ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မိသားစုတွေနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေကို အထူးကျေးဇူးတင်ပါတယ်။ သူတို့တွေက ကျွန်တော့်ခရီးလမ်း ပထမဆုံးနေ့ကတည်းက အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ကြတာဖြစ်ပြီး ကျွန်တော့်ကို ကောင်းမွန်တဲ့အချိန်တွေမှာရော ဆိုးရွားတဲ့အချိန်တွေမှာပါ အချစ်တွေနဲ့ ထောက်ခံအားပေးမှုတွေ အများကြီးပိုပေးခဲ့ကြတယ်။”
“ကျွန်တော့်ကို ဘယ်လိုအခြေအနေမျိုးမှာမဆို၊ ဘယ်အသင်းကို ကိုယ်စားပြုပေးသည်ဖြစ်စေ ချစ်ခြင်းမေတ္တာတွေ အများကြီးပြသခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော့်ရဲ့ရှေ့မှာ ရှိနေတဲ့အရာအားလုံးကို ကျွန်တော့်ဇနီးချော အာမင်းနဲ့ သမီးချော ၂ ဦးဖြစ်တဲ့ အီဒါနဲ့ အီလာတို့နဲ့အတူ စောင့်မျှော်နေပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ကျွန်တော့်ဆီကနေ လူမှုကွန်ရက်ချန်နယ်တွေကနေတဆင့် အချိန်တိုင်း ကြားနေရမယ်ဆိုတာ သေချာပါတယ်။ သိပ်မကြာခင် တွေ့ကြတာပေါ့”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။”
Arsenal Myanmar
Ref: Internet
- Posted In:
- Former Players' Talks
- News