အိုဇေးလ်ရဲ့အနားယူမှုအပြီး ဂန်းနားကြယ်ပွင့်ဟောင်းနဲ့ဆက်ဆံရေးကို ဖွင့်ဟခဲ့တဲ့ ဆန်းချက်ဇ်
အလက်ဆစ် ဆန်းချက်ဇ်က အသက် ၃၄ နှစ်အရွယ်မှာပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူပြီဖြစ်တယ်လို့ ကြေညာခဲ့တဲ့ မီဆွတ် အိုဇေးလ်ကို ချီးကျူးဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အိုဇေးလ်ဟာ ဗုဒ္ဓဟူးနေ့က ဘောလုံးသမားဘဝကနေ အနားယူပြီဖြစ်တဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်က ၎င်းရဲ့ ပရိသတ်တွေကို ဝမ်းနည်း ကြေကွဲဖွယ် အသိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။
“အားလုံးပဲ မင်္ဂလာပါ။ အလေးအနက် စဉ်းစားဆင်ခြင်ပြီးနောက်မှာ ကျွန်တော့်အနေနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။ ကျွန်တော် အခုအဆိုရင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် ၁၇ နှစ်နီးပါး ကစားခဲ့ရလို့ ဂုဏ်ယူခဲ့ရပါတယ်။ ကျွန်တော် ဒီအခွင့်အရေးအတွက် မယုံနိုင်လောက်အောင် ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေ၊ လတွေမှာ ဒဏ်ရာအချို့ ခံစားခဲ့ရပါတယ်။ ဘောလုံးရဲ့ ကြီးမားတဲ့ အဆင့်ကနေ ထွက်ခွာဖို့အတွက် အချိန်ကျပြီဆိုတာ ပိုပိုပြီး ရှင်းလင်း လာခဲ့ပါတယ်။”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားခဲ့တာဖြစ်ပါတယ််။
ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ကစားသမားဘဝ အကောင်းဆုံးအချိန်တုန်းက ကမ္ဘာ့ဘောလုံးလောကမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ အိုဇေးလ်အတွက် ချီးကျူးဂုဏ်ပြုစကားတွေ ပြည့်နှက်ခဲ့ကြတာဖြစ်ပါတယ်။
ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်တို့အပါအဝင် ဥရောပထိပ်တန်းကလပ်အသင်းတွေအတွက် ကစားပေးခဲ့သူဖြစ်ပြီး အိုဇေးလ်ဟာ လက်ရှိ အာဆင်နယ်နည်းပြ အာတီတာရဲ့ စာချုပ်ဖျက်သိမ်းခြင်းကို မခံရမီ အမ်းမရိတ်စ်မှာ ၈ နှစ်ကြာ ကစားပေးခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ဘောလုံးလောကမှာ အိုဇေးလ်အတွက် အချိန်ကောင်းတွေ ရှိခဲ့ပြီး အက်ဖ်အေဖလား ၄ ကြိမ် အနိုင်ရရှိခဲ့ပြီး ဂန်းနားတွေကို ဆုဖလားပျောက်ဆုံးနေမှုကို အဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီအောင်မြင်မှုတွေထဲက အများစုဟာ ဆန်းချက်ဇ်နဲ့ စိတ်ချင်းဆက်သွယ်နိုင်လုနီးပါး ရင်းနှီးတဲ့ ဆက်ဆံရေးအပေါ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဂန်းနားကြယ်ပွင့်ဟောင်း ၂ ဦးဟာ စုစုပေါင်း ၁၂၃ ကြိမ်အထိ တွဲကစားခဲ့တာ ဖြစ်ပါတယ်။
ဆန်းချက်ဇ်က ၎င်းတို့ ၂ ဦးကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှုရှိခဲ့တယ်လို့ ခံစားခဲ့ရတာက အံ့အားသင့်စရာမဟုတ်တော့ဘဲ အိုဇေးလ်ရဲ့ အနားယူကြောင်း ကြေညာမှုအပြီးမှာ အသင်းဖော်ဟောင်းကို သတင်းစကားပေးပို့ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် တကယ်ကို နားလည်ခဲ့ကြပါတယ် သူငယ်ချင်း မီဆွတ်။ ခင်ဗျားရဲ့ စာမျက်နှာသစ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အိုဇေးလ်က ချီလီတောင်ပံကြယ်ပွင့်ကို အာဆင်နယ်မှာ ကစားခဲ့တဲ့ကာလအတွင်း အကောင်းဆုံး ဂန်းနား ၁၁ ဦးအသင်းထဲမှာ ထည့်သွင်းထားပြီး အသင်းဟောင်းတွေအပေါ်မှာ ဘယ်လို ပြင်းထန်တဲ့ ခံစားမှုမျိုး မရှိဘူးဆိုတဲ့အကြောင်းကို နှုတ်ဆက်စာထဲမှာ အာဆင်နယ်နာမည်ကို ထည့်သွင်းခဲ့တာကို ကြည့်ပြီး သိနိုင်ပါတယ်။
“မယုံနိုင်စရာ အခိုက်အတန့်တွေနဲ့ စိတ်ခံစားမှုတွေ ပြည့်နှက်နေတဲ့ အံ့အားသင့်စရာ ခရီးလမ်းဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကလပ်အသင်းတွေဖြစ်တဲ့ ရှော်ကေး၊ ဝါဒါ ဘရီမင်၊ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်၊ ဖီနာဘာချီ၊ ဘာဆတ်ဆီဟီရာနဲ့ ကျွန်တော့်ကို အားပေးထောက်ခံခဲ့တဲ့နည်းပြတွေအပြင် မိတ်ဆွေသူငယ်ချင်းတွေဖြစ်လာခဲ့တဲ့ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မိသားစုတွေနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေကို အထူးကျေးဇူးတင်ပါတယ်။ သူတို့တွေက ကျွန်တော့်ခရီးလမ်း ပထမဆုံးနေ့ကတည်းက အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ကြတာဖြစ်ပြီး ကျွန်တော့်ကို ကောင်းမွန်တဲ့အချိန်တွေမှာရော ဆိုးရွားတဲ့အချိန်တွေမှာပါ အချစ်တွေနဲ့ ထောက်ခံအားပေးမှုတွေ အများကြီးပိုပေးခဲ့ကြတယ်။”
“ကျွန်တော့်ကို ဘယ်လိုအခြေအနေမျိုးမှာမဆို၊ ဘယ်အသင်းကို ကိုယ်စားပြုပေးသည်ဖြစ်စေ ချစ်ခြင်းမေတ္တာတွေ အများကြီးပြသခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော့်ရဲ့ရှေ့မှာ ရှိနေတဲ့အရာအားလုံးကို ကျွန်တော့်ဇနီးချော အာမင်းနဲ့ သမီးချော ၂ ဦးဖြစ်တဲ့ အီဒါနဲ့ အီလာတို့နဲ့အတူ စောင့်မျှော်နေပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ကျွန်တော့်ဆီကနေ လူမှုကွန်ရက်ချန်နယ်တွေကနေတဆင့် အချိန်တိုင်း ကြားနေရမယ်ဆိုတာ သေချာပါတယ်။ သိပ်မကြာခင် တွေ့ကြတာပေါ့”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။”
Arsenal Myanmar
Ref: Internet
ZAWGYI: အလက္ဆစ္ ဆန္းခ်က္ဇ္က အသက္ ၃၄ ႏွစ္အ႐ြယ္မွာပဲ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားဘဝကေန အနားယူၿပီျဖစ္တယ္လို႔ ေၾကညာခဲ့တဲ့ မီဆြတ္ အိုေဇးလ္ကို ခ်ီးက်ဴးဂုဏ္ျပဳမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
အိုေဇးလ္ဟာ ဗုဒၶဟူးေန႔က ေဘာလုံးသမားဘဝကေန အနားယူၿပီျဖစ္တဲ့အေၾကာင္းကို လူမႈကြန္ရက္ေပၚက ၎ရဲ႕ ပရိသတ္ေတြကို ဝမ္းနည္း ေၾကကြဲဖြယ္ အသိေပးေျပာၾကားလိုက္တာ ျဖစ္ပါတယ္။
“အားလုံးပဲ မဂၤလာပါ။ အေလးအနက္ စဥ္းစားဆင္ျခင္ၿပီးေနာက္မွာ ကြၽန္ေတာ့္အေနနဲ႔ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားဘဝကေန အနားယူလိုက္ၿပီျဖစ္တဲ့အေၾကာင္း ေၾကညာလိုက္ပါတယ္။ ကြၽန္ေတာ္ အခုအဆိုရင္ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားအျဖစ္ ၁၇ ႏွစ္နီးပါး ကစားခဲ့ရလို႔ ဂုဏ္ယူခဲ့ရပါတယ္။ ကြၽန္ေတာ္ ဒီအခြင့္အေရးအတြက္ မယုံႏိုင္ေလာက္ေအာင္ ေက်းဇူးတင္မိပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြ၊ လေတြမွာ ဒဏ္ရာအခ်ိဳ႕ ခံစားခဲ့ရပါတယ္။ ေဘာလုံးရဲ႕ ႀကီးမားတဲ့ အဆင့္ကေန ထြက္ခြာဖို႔အတြက္ အခ်ိန္က်ၿပီဆိုတာ ပိုပိုၿပီး ရွင္းလင္း လာခဲ့ပါတယ္။”လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေရးသားထားခဲ့တာျဖစ္ပါတယ္္။
ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီးေနာက္ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္တုန္းက ကမာၻ႔ေဘာလုံးေလာကမွာ စိတ္လႈပ္ရွားစရာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တဲ့ အိုေဇးလ္အတြက္ ခ်ီးက်ဴးဂုဏ္ျပဳစကားေတြ ျပည့္ႏွက္ခဲ့ၾကတာျဖစ္ပါတယ္။
ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ ရီးရဲလ္မက္ဒရစ္၊ အာဆင္နယ္တို႔အပါအဝင္ ဥေရာပထိပ္တန္းကလပ္အသင္းေတြအတြက္ ကစားေပးခဲ့သူျဖစ္ၿပီး အိုေဇးလ္ဟာ လက္ရွိ အာဆင္နယ္နည္းျပ အာတီတာရဲ႕ စာခ်ဳပ္ဖ်က္သိမ္းျခင္းကို မခံရမီ အမ္းမရိတ္စ္မွာ ၈ ႏွစ္ၾကာ ကစားေပးခဲ့တာျဖစ္ပါတယ္။ အဂၤလိပ္ေဘာလုံးေလာကမွာ အိုေဇးလ္အတြက္ အခ်ိန္ေကာင္းေတြ ရွိခဲ့ၿပီး အက္ဖ္ေအဖလား ၄ ႀကိမ္ အႏိုင္ရရွိခဲ့ၿပီး ဂန္းနားေတြကို ဆုဖလားေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ေပးခဲ့တာျဖစ္ပါတယ္။
အဲဒီေအာင္ျမင္မႈေတြထဲက အမ်ားစုဟာ ဆန္းခ်က္ဇ္နဲ႔ စိတ္ခ်င္းဆက္သြယ္ႏိုင္လုနီးပါး ရင္းႏွီးတဲ့ ဆက္ဆံေရးအေပၚမွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး ဂန္းနားၾကယ္ပြင့္ေဟာင္း ၂ ဦးဟာ စုစုေပါင္း ၁၂၃ ႀကိမ္အထိ တြဲကစားခဲ့တာ ျဖစ္ပါတယ္။
ဆန္းခ်က္ဇ္က ၎တို႔ ၂ ဦးၾကားမွာ ထူးျခားတဲ့ ဆက္ႏြယ္မႈရွိခဲ့တယ္လို႔ ခံစားခဲ့ရတာက အံ့အားသင့္စရာမဟုတ္ေတာ့ဘဲ အိုေဇးလ္ရဲ႕ အနားယူေၾကာင္း ေၾကညာမႈအၿပီးမွာ အသင္းေဖာ္ေဟာင္းကို သတင္းစကားေပးပို႔ခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္ကို နားလည္ခဲ့ၾကပါတယ္ သူငယ္ခ်င္း မီဆြတ္။ ခင္ဗ်ားရဲ႕ စာမ်က္ႏွာသစ္မွာ အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္”လို႔ ေရးသားခဲ့တာ ျဖစ္ပါတယ္။ အိုေဇးလ္က ခ်ီလီေတာင္ပံၾကယ္ပြင့္ကို အာဆင္နယ္မွာ ကစားခဲ့တဲ့ကာလအတြင္း အေကာင္းဆုံး ဂန္းနား ၁၁ ဦးအသင္းထဲမွာ ထည့္သြင္းထားၿပီး အသင္းေဟာင္းေတြအေပၚမွာ ဘယ္လို ျပင္းထန္တဲ့ ခံစားမႈမ်ိဳး မရွိဘူးဆိုတဲ့အေၾကာင္းကို ႏႈတ္ဆက္စာထဲမွာ အာဆင္နယ္နာမည္ကို ထည့္သြင္းခဲ့တာကို ၾကည့္ၿပီး သိႏိုင္ပါတယ္။
“မယုံႏိုင္စရာ အခိုက္အတန႔္ေတြနဲ႔ စိတ္ခံစားမႈေတြ ျပည့္ႏွက္ေနတဲ့ အံ့အားသင့္စရာ ခရီးလမ္းျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ့္ရဲ႕ကလပ္အသင္းေတြျဖစ္တဲ့ ေရွာ္ေကး၊ ဝါဒါ ဘရီမင္၊ ရီးရဲလ္မက္ဒရစ္၊ အာဆင္နယ္၊ ဖီနာဘာခ်ီ၊ ဘာဆတ္ဆီဟီရာနဲ႔ ကြၽန္ေတာ့္ကို အားေပးေထာက္ခံခဲ့တဲ့နည္းျပေတြအျပင္ မိတ္ေဆြသူငယ္ခ်င္းေတြျဖစ္လာခဲ့တဲ့ အသင္းေဖာ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္မိသားစုေတြနဲ႔ အရင္းႏွီးဆုံး သူငယ္ခ်င္းေတြကို အထူးေက်းဇူးတင္ပါတယ္။ သူတို႔ေတြက ကြၽန္ေတာ့္ခရီးလမ္း ပထမဆုံးေန႔ကတည္းက အစိတ္အပိုင္းတစ္ခု ျဖစ္ခဲ့ၾကတာျဖစ္ၿပီး ကြၽန္ေတာ့္ကို ေကာင္းမြန္တဲ့အခ်ိန္ေတြမွာေရာ ဆိုး႐ြားတဲ့အခ်ိန္ေတြမွာပါ အခ်စ္ေတြနဲ႔ ေထာက္ခံအားေပးမႈေတြ အမ်ားႀကီးပိုေပးခဲ့ၾကတယ္။”
“ကြၽန္ေတာ့္ကို ဘယ္လိုအေျခအေနမ်ိဳးမွာမဆို၊ ဘယ္အသင္းကို ကိုယ္စားျပဳေပးသည္ျဖစ္ေစ ခ်စ္ျခင္းေမတၱာေတြ အမ်ားႀကီးျပသခဲ့တဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ အခု ကြၽန္ေတာ့္ရဲ႕ေရွ႕မွာ ရွိေနတဲ့အရာအားလုံးကို ကြၽန္ေတာ့္ဇနီးေခ်ာ အာမင္းနဲ႔ သမီးေခ်ာ ၂ ဦးျဖစ္တဲ့ အီဒါနဲ႔ အီလာတို႔နဲ႔အတူ ေစာင့္ေမွ်ာ္ေနပါတယ္။ ဒါေပမယ့္ ခင္ဗ်ားတို႔ ကြၽန္ေတာ့္ဆီကေန လူမႈကြန္ရက္ခ်န္နယ္ေတြကေနတဆင့္ အခ်ိန္တိုင္း ၾကားေနရမယ္ဆိုတာ ေသခ်ာပါတယ္။ သိပ္မၾကာခင္ ေတြ႕ၾကတာေပါ့”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။”
Arsenal Myanmar
Ref: Internet
- Posted In:
- Former Players' Talks
- News