အီဒူးကို ဆိုးရွားတဲ့အမှားကနေ ရှောင်လွှဲနိုင်အောင် ကူညီပေးနိုင်ခဲ့တဲ့ အာတီတာ
အာတီတာဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း အာဆင်နယ်ကို ပထမဆုံးအမှတ်ပေးဖလားရယူပေးဖို့ ကောင်းကောင်း ဦးဆောင်ပေးနေပေမယ့် အားကစားဒါရိုက်တာ အီဒူးက အရင်တုန်းက စပိန်လူမျိုးနည်းပြကို မခန့်အပ်မီ ပက်ထရစ် ဗီယာရာကို ခန့်အပ်ဖို့ တွန်းအားပေးခဲ့ဖူးပါတယ်။
အာဆင်နယ်အသင်းက ၂၀၁၉ ခုနှစ်မှာ အူနိုင်း အမ်မရီရဲ့ နေရာမှာ အစားထိုးခေါ်ယူမှု ပြုလုပ်ဖို့ ရှာဖွေနေခဲ့တာဖြစ်ပြီး လက်ရှိ အက်စတန် ဗီလာကို နည်းပြနေတဲ့ စပိန်လူမျိုးနည်းပြ ဂန်းနားဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးရဲ့ နေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီနည်းပြဟောင်းဟာ အမ်းမရိတ်စ်မှာ ၁၈ လသာခံခဲ့ပြီး စိန်ခေါ်မှုအသစ်တွေအတွက် မြောက်လန်ဒန်ကို စွန့်ခွာသွားခဲ့တာဖြစ်ပါတယ်။
ဖရက်ဒီ ယွန်းဘတ်က ယာယီနည်းပြအဖြစ် အာဆင်နယ်အသင်းကို ဟန်ချက်မပျက်အောင် ထိန်းသိမ်းပေးထားချိန်မှာ အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေက ၎င်းတို့ရဲ့ ရွေးချယ်စရာတွေကို သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘရန်ဒန် ရော့ဂျားစ်နဲ့ အယ်လီဂရီတို့လို နည်းပြတွေကို ရွေးချယ်စရာအဖြစ် ယူဆခြင်းခံခဲ့ရပေမယ့်လည်း အီဒူးဟာ ၎င်းရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ဗီယာရာနဲ့ ပြန်လည်ဆုံစည်းချင်ခဲ့တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်ဂန္တဝင်ဟာ အဲဒီအချိန်တုန်းက နိစ်အသင်းကို နည်းပြနေတာဖြစ်ပြီး နယူးယောက်အက်ဖ်စီကိုလည်း နည်းပြခဲ့ပေမယ့်လည်း ဥရောပမှာ နည်းပြအဖြစ် လုပ်ကိုင်ချင်တာကြောင့် လမ်းခွဲခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ အာဆင်နယ်အသင်းဟာ နောက်ထပ်အာဆင်နယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အာတီတာကိုပဲ ခေါ်ယူခဲ့တာဖြစ်ပြီး အစပိုင်းတုန်းက ပထမအသင်းနည်းပြအတွေ့အကြုံလုံးဝမရှိတဲ့ စပိန်လူမျိုးနည်းပြကို အာဆင်နယ်လိုမျိုး အစဉ်အလာကြီးမားတဲ့ ကလပ်အသင်းကြီးရဲ့ နည်းပြရာထူးကို ပေးအပ်ခဲ့တဲ့အတွက် ဝေဖန်သံတွေ ဆူညံခဲ့ပေမယ့်လည်း အီဒူးအနေနဲ့ ဆိုးရွားတဲ့အမှားတစ်ခုကို ရှောင်လွှဲနိုင်ခဲ့တာဖြစ်တယ်ဆိုတာကို လက်ရှိမှာ သက်သေပြသခဲ့ပြီးဖြစ်ပါတယ်။
အာတီတာဟာ ဂန်းနားတွေနဲ့ ပထမဆုံးရာသီအပြည့်မှာ အဆင့် ၈ နေရာမှာသာ ရာသီပြီးဆုံးခဲ့ပြီး ရာသီအလယ်မှာ ၇ ပွဲဆက် နိုင်ပွဲမရှိ စံချိန်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာတီတာနဲ့ ဗီယာရာတို့ဟာ နည်းပြတွေအဖြစ် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခဲ့ကြပြီး မြောက်လန်ဒန်မှာ ၂-၂ သရေကျခဲ့တာဖြစ်ပါတယ်။
နောက်တစ်ကျော့ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပေမယ့်လည်း ယခုရာသီအစ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ လက်စားချေနိုင်ခဲ့ပြီးကတည်းက မယုံနိုင်ဖွယ် နိုင်ပွဲစံချိန်တွေ ပိုင်ဆိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။
အီဒူးဟာ အာဆင်နယ်နည်းပြရာထူးအတွက် အခြားရွေးချယ်စရာကို စဉ်းစားခဲ့ပေမယ့်လည်း အာတီတာနဲ့ ပူးပေါင်းခဲ့တဲ့အချိန်ကတည်းက ကြီးမားတဲ့ အောင်မြင်မှုတွေကို အတူတကွ ရယူနိုင်ခဲ့ကြပြီး စပိန်လူမျိုးနည်းပြကိုလည်း စျေးကွက်ထဲမှာ လူငယ်ကစားသမားတွေကို ပစ်မှတ်ထားဖို့ ဆက်လက်ထောက်ခံအားပေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်အသင်းဟာ ရမ်းစ်ဒေးလ်၊ အော်ဒီဂွါဒ်၊ ဂျေးဇု၊ ဇင်ချန်ကိုတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ်အသင်းကလည်း နည်းပြ ဗီယာရာလက်အောက်မှာ အလားအလာရှိတဲ့ ပထမနှစ်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် လက်ရှိမှာ အနည်းငယ်ရှုပ်ထွေးတဲ့ အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ခရစ္စတယ် ပဲလေ့စ်အသင်းဟာ ယခုရာသီ အမှတ်ပေးဇယားအလယ်မှာ ရပ်တည်နေပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ နိုင်ပွဲမရှိခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာတီတာဟာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း အာဆင္နယ္ကို ပထမဆုံးအမွတ္ေပးဖလားရယူေပးဖို႔ ေကာင္းေကာင္း ဦးေဆာင္ေပးေနေပမယ့္ အားကစားဒါ႐ိုက္တာ အီဒူးက အရင္တုန္းက စပိန္လူမ်ိဳးနည္းျပကို မခန႔္အပ္မီ ပက္ထရစ္ ဗီယာရာကို ခန႔္အပ္ဖို႔ တြန္းအားေပးခဲ့ဖူးပါတယ္။
အာဆင္နယ္အသင္းက ၂၀၁၉ ခုႏွစ္မွာ အူႏိုင္း အမ္မရီရဲ႕ ေနရာမွာ အစားထိုးေခၚယူမႈ ျပဳလုပ္ဖို႔ ရွာေဖြေနခဲ့တာျဖစ္ၿပီး လက္ရွိ အက္စတန္ ဗီလာကို နည္းျပေနတဲ့ စပိန္လူမ်ိဳးနည္းျပ ဂန္းနားဂႏၲဝင္ နည္းျပႀကီး အာဆင္ဝင္းဂါးရဲ႕ ေနရာမွာ အစားထိုးခန႔္အပ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပီအက္စ္ဂ်ီနည္းျပေဟာင္းဟာ အမ္းမရိတ္စ္မွာ ၁၈ လသာခံခဲ့ၿပီး စိန္ေခၚမႈအသစ္ေတြအတြက္ ေျမာက္လန္ဒန္ကို စြန႔္ခြာသြားခဲ့တာျဖစ္ပါတယ္။
ဖရက္ဒီ ယြန္းဘတ္က ယာယီနည္းျပအျဖစ္ အာဆင္နယ္အသင္းကို ဟန္ခ်က္မပ်က္ေအာင္ ထိန္းသိမ္းေပးထားခ်ိန္မွာ အသင္းထိပ္ပိုင္းတာဝန္ရွိသူေတြက ၎တို႔ရဲ႕ ေ႐ြးခ်ယ္စရာေတြကို သုံးသပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဘရန္ဒန္ ေရာ့ဂ်ားစ္နဲ႔ အယ္လီဂရီတို႔လို နည္းျပေတြကို ေ႐ြးခ်ယ္စရာအျဖစ္ ယူဆျခင္းခံခဲ့ရေပမယ့္လည္း အီဒူးဟာ ၎ရဲ႕အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဗီယာရာနဲ႔ ျပန္လည္ဆုံစည္းခ်င္ခဲ့တယ္လို႔ The Times က ေဖာ္ျပခဲ့ပါတယ္။
အာဆင္နယ္ဂႏၲဝင္ဟာ အဲဒီအခ်ိန္တုန္းက နိစ္အသင္းကို နည္းျပေနတာျဖစ္ၿပီး နယူးေယာက္အက္ဖ္စီကိုလည္း နည္းျပခဲ့ေပမယ့္လည္း ဥေရာပမွာ နည္းျပအျဖစ္ လုပ္ကိုင္ခ်င္တာေၾကာင့္ လမ္းခြဲခဲ့တာျဖစ္ပါတယ္။
ေနာက္ဆုံးမွာေတာ့ အာဆင္နယ္အသင္းဟာ ေနာက္ထပ္အာဆင္နယ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ အာတီတာကိုပဲ ေခၚယူခဲ့တာျဖစ္ၿပီး အစပိုင္းတုန္းက ပထမအသင္းနည္းျပအေတြ႕အႀကဳံလုံးဝမရွိတဲ့ စပိန္လူမ်ိဳးနည္းျပကို အာဆင္နယ္လိုမ်ိဳး အစဥ္အလာႀကီးမားတဲ့ ကလပ္အသင္းႀကီးရဲ႕ နည္းျပရာထူးကို ေပးအပ္ခဲ့တဲ့အတြက္ ေဝဖန္သံေတြ ဆူညံခဲ့ေပမယ့္လည္း အီဒူးအေနနဲ႔ ဆိုး႐ြားတဲ့အမွားတစ္ခုကို ေရွာင္လႊဲႏိုင္ခဲ့တာျဖစ္တယ္ဆိုတာကို လက္ရွိမွာ သက္ေသျပသခဲ့ၿပီးျဖစ္ပါတယ္။
အာတီတာဟာ ဂန္းနားေတြနဲ႔ ပထမဆုံးရာသီအျပည့္မွာ အဆင့္ ၈ ေနရာမွာသာ ရာသီၿပီးဆုံးခဲ့ၿပီး ရာသီအလယ္မွာ ၇ ပြဲဆက္ ႏိုင္ပြဲမရွိ စံခ်ိန္ဆိုးနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ အာတီတာနဲ႔ ဗီယာရာတို႔ဟာ နည္းျပေတြအျဖစ္ ပထမဆုံးအႀကိမ္ ျပန္လည္ေတြ႕ဆုံခဲ့ၾကၿပီး ေျမာက္လန္ဒန္မွာ ၂-၂ သေရက်ခဲ့တာျဖစ္ပါတယ္။
ေနာက္တစ္ေက်ာ့ ဆဲလ္ဟတ္စ္ပါ့ခ္မွာ ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ေပမယ့္လည္း ယခုရာသီအစ ဆဲလ္ဟတ္စ္ပါ့ခ္မွာ ကစားခဲ့တဲ့ အဖြင့္ပြဲစဥ္မွာ လက္စားေခ်ႏိုင္ခဲ့ၿပီးကတည္းက မယုံႏိုင္ဖြယ္ ႏိုင္ပြဲစံခ်ိန္ေတြ ပိုင္ဆိုင္ခဲ့ၿပီး ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာ ရွိေနတာျဖစ္ပါတယ္။
အီဒူးဟာ အာဆင္နယ္နည္းျပရာထူးအတြက္ အျခားေ႐ြးခ်ယ္စရာကို စဥ္းစားခဲ့ေပမယ့္လည္း အာတီတာနဲ႔ ပူးေပါင္းခဲ့တဲ့အခ်ိန္ကတည္းက ႀကီးမားတဲ့ ေအာင္ျမင္မႈေတြကို အတူတကြ ရယူႏိုင္ခဲ့ၾကၿပီး စပိန္လူမ်ိဳးနည္းျပကိုလည္း ေစ်းကြက္ထဲမွာ လူငယ္ကစားသမားေတြကို ပစ္မွတ္ထားဖို႔ ဆက္လက္ေထာက္ခံအားေပးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္ အာဆင္နယ္အသင္းဟာ ရမ္းစ္ေဒးလ္၊ ေအာ္ဒီဂြါဒ္၊ ေဂ်းဇု၊ ဇင္ခ်န္ကိုတို႔လို ကစားသမားေတြကို ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး ခရစၥတယ္ ပဲေလ့စ္အသင္းကလည္း နည္းျပ ဗီယာရာလက္ေအာက္မွာ အလားအလာရွိတဲ့ ပထမႏွစ္ကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ လက္ရွိမွာ အနည္းငယ္ရႈပ္ေထြးတဲ့ အေျခအေနကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။
ခရစၥတယ္ ပဲေလ့စ္အသင္းဟာ ယခုရာသီ အမွတ္ေပးဇယားအလယ္မွာ ရပ္တည္ေနေပမယ့္လည္း ေနာက္ဆုံးကစားခဲ့တဲ့ ၉ ပြဲမွာ ႏိုင္ပြဲမရွိခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet