အာတီတာရဲ့မှတ်ချက်ကို သဘောမတူဘဲ အသင်းဖော်တွေကို သတင်းစကားပါးခဲ့တဲ့ ချာကာ
ဂရာနစ် ချာကာနဲ့ အာဆင်နယ်အသင်းဖော်တွေဟာ ၎င်းတို့ရဲ့ ဆုဖလား ကံကြမ္မာရဲ့ အရှင်သခင်တွေ ဖြစ်နေဆဲဖြစ်တယ်လို့ ယုံကြည်ချက် ရှိနေကြဆဲ ဖြစ်ပါတယ်။
ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်ဟာ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ရမှတ် ထပ်မံလျော့ကျခဲ့ပေမယ့်လည်း ထိတ်လန့် တုန်လှုပ်ခြင်းမရှိခဲ့ဘဲ အချို့က ဂန်းနားတွေဟာ မတည်မငြိမ်ဖြစ်လာပြီလို့ အချို့က ယုံကြည်စပြုလာနေကြပြီဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းတို့ကို ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်ပေးပြီး သရေကျခဲ့တာဟာ ကြီးမားတဲ့ ကျရှုံးမှုဖြစ်ခဲ့ပေမယ့်လည်း ချာကာကတော့ လက်မြှောက်ဖို့ မစဉ်းစားတာဖြစ်ပါတယ်။
ကျန်ရှိနေတဲ့ ပွဲစဉ်တွေကို အနိင်ယူဖို့အတွက် သောကြာနေ့မှာ ဆောက်သမ်တန်နဲ့ စတင်ရမှာဖြစ်ပြီး လာမယ့်အပတ်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ အခုအချိန်အထိ ဒီစိန်ခေါ်မှုကို လက်ခံထားပြီး ဘယ်သူမှ ရာသီစကတည်းက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ စဉ်းစားခဲ့ကြမှာမဟုတ်ပါဘူး။ အဲဒီတော့ စိန်ခေါ်မှုကို လက်ခံလိုက်ရအောင်။ လီဗာပူးလ် အဝေးကွင်း၊ ဝက်စ်ဟမ်း အဝေးကွင်းပွဲစဉ်တွေက အမြဲတမ်း အရမ်းကို ခက်ခဲတဲ့ ပွဲစဉ်တွေဖြစ်နေမှာပါ။ ကျွန်တော်တို့ အဲဒါကို သိခဲ့ပါတယ်”
“အဲဒီတော့ အခု အရာအားလုံးကို အသစ်တဖန်ပြန်ဖြစ်အောင် လုပ်ကြရအောင်။ ပွဲကို ခွဲခြမ်းစိတ်ဖြာကြည့်ကြတာပေါ့။ သောကြာနေ့မှာ ခင်ဗျား တုံ့ပြန်မှုကို မြင်ရမယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ ကျွန်တော်တို့ ဘာကြောင့် ဒီလို ၂ ပွဲဆက်တိုက် ဖြစ်ခဲ့တာလဲဆိုတာကို ဆန်းစစ်ဖို့ နောက်ထပ်တစ်ကြိမ် ပွဲကို ကြည့်သွားမှာပါ။ ဒါပေမယ့် ကျွန်တော် အရမ်းကြီးလည်း မစိုးရိမ်ပါဘူး”
“ကျွန်တော်တို့ နောက်ဆုံး ၈ ပွဲကိ ရမှတ် မလျော့ကျဘဲ ဒါမှမဟုတ် အနိုင်ရပြီး အသင်းတွေကို အနိုင်ယူပြီး ဖြတ်သန်းနိုင်မယ်လို့ ထင်နေကြတယ်ဆိုရင် သူတို့တွေ တွေးတာက မှန်ကန်တဲ့ အနေအထားမှာမရှိနေဘူးလို့ ကျွန်တော် ထင်တယ်။ ပွဲမတိုင်ခင်နဲ့ ဘာမှ မပြောင်းလဲသွားပါဘူး။ ကျွန်တော်တို့ အိမ်ကွင်းမှာ ဆောက်သမ်တန်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ပြီးရင် အစ်တီဟတ်ကို ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင်တုန်းကလို တူညီတဲ့ ရည်မှန်းချက်နဲ့ သွားမှာပါ”
“ကျွန်တော် ဒေါသမထွက်ဘူး။ ကျွန်တော် စိတ်မပျက်ဘူးဆိုတာ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျား အနိုင် ၃ မှတ်ရယူဖို့ ၂-၀ နဲ့ ဦးဆောင်ပြီးနောက် ဝက်စ်ဟမ်းနဲ့ပွဲမှာ အခွင့်အရေးရှိခဲ့လို့ပါ။ ဒါပေမယ့် ဒါက ဘောလုံးပါ။ ခင်ဗျား မိနစ် ၉၀ စလုံး မစွမ်းဆောင်နိုင်ရင် အနိုင်ရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အဲဒါကို မလုပ်ခဲ့ကြဘူး။ ဒါပေမယ့် ကျွန်တော်တို့လက်ထဲမှာ အရာအားလုံးရှိနေဆဲပါ။ ကျွန်တော်တို့ ကျန်နေတဲ့ ပွဲတွေကို အနိုင်ရမယ်ဆိုရင် ခင်ဗျား ဘာဖြစ်မလဲဆိုတာကို သိမှာပါ။”
စိတ်ဝင်စားစရာကောင်းစွာနဲ့ပဲ အာတီတာက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ အဆုံးသတ်နိုင်စွမ်းကို မေးခွန်းထုတ်ခဲ့တာဖြစ်ပေမယ့်လည်း ချာကာကတော့ ဆန့်ကျင်ဘက် အမြင် ရှိနေတာဖြစ်ပါတယ်။
“အဲဒါက စိတ်ဓာတ်နဲ့ မဆိုင်ပါဘူး။ သေချာတာတော့ စိတ်ဓာတ်ပိုင်းနဲ့မဆိုင်ပါဘူး။ တစ်စုံတရာက ကောင်းကောင်း မဖြစ်လာဘူးဆိုရင် တစ်ယောက်ယောက်ကို လက်ညှိုးထိုးဖို့က လွယ်ပါတယ်။ အခု အတူတကွ ရှိနေရမယ့်အချိန်ပါ။ ဘာလို့လဲဆိုတော့ ၇ ပွဲ ကစားဖို့ ရှိနေသေးတာကြောင့်ပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref:Internet
- Posted In:
- News
- Players' Talk