အာတီတာဆီ စာပို့မယ်လို့ ခြိမ်းခြောက်တဲ့ ဖခင်အကြောင်း ပြောပြခဲ့တဲ့ ရမ်းစ်ဒေးလ်
အာရွန် ရမ်းစ်ဒေးလ်က ၎င်းရဲ့ ဖခင်ဟာ နောက်တန်းကနေ တိုက်စစ်စတင်ဖို့ တောင်းဆိုနေတဲ့ နည်းပြ အာတီတာဆီကို စာပို့မယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အာတီတာရဲ့ ဘောလုံး ကစားနိုင်တဲ့ ဂိုးသမားမျိုး လိုချင်တဲ့ဆန္ဒကြောင့် ဘန်းဒ် လီနိုရဲ့ အာဆင်နယ်ဂိုးသမားဘဝဟာ အဆုံးသတ်ခဲ့ရတာဖြစ်ပြီး အာရွန် ရမ်းစ်ဒေးလ်က အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အာရွန် ရမ်းစ်ဒေးလ်ဟာ ဘောလုံးကို ခြေထောက်နဲ့ပါ ကစားနိုင်တဲ့ အရည်အချင်းဟာ အလိုလို ဖြစ်လာတာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း အာဆင်နယ်ဂိုးသမားဟာ ပရီးမီးယားလိဂ်မှာ ဘောလုံးကစားနိုင်တဲ့ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် လျင်လျင်မြန်မြန် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရမ်းစ်ဒေးလ်ကို နောက်တန်းကနေ တိုက်စစ် စတင်တဲ့ ကစားပုံကို ကြည့်ရတာက ၎င်းရဲ့ ဖခင် နစ်ခ်အတွက်တော့ စိတ်မသက်မသာဖြစ်စရာ အခိုက်အတန့်ဖြစ်ခဲ့ပြီး သားဖြစ်သူကို ကိုယ့်ပင်နယ်တီဧရိယာထဲကနေ တိုက်စစ်စတင်ဖို့ ကြိုးပမ်းတာ မြင်ရတာ မုန်းတီးခဲ့တာ ဖြစ်ပါတယ်။
“သူ အဲဒါကို မုန်းတီးနေဆဲဖြစ်ပြီး လုံးဝကို မုန်းတီးတာပါ။ သူက မီခေးလ်ကို စာတိုပို့မယ်ဆိုပြီး ခြိမ်းခြောက်နေတုန်းပါ။ တစ်ခုတည်းသော ပြဿနာက ကျွန်တော် နည်းနည်းရှေ့ပိုတက်ပြီး တွန်းအားပေးမိရင် လုပ်လေ။ ဆက်လုပ်ပါ။ မင်း အဲဒါကို လုပ်ချင်မှာမဟုတ်ပါဘူးဆိုပြီး ပြောနေတာပါ။ သူ တကယ်ကို စာတိုပို့မှာပါ။ ဘာလို့လဲဆိုတော့ အာတီတာရဲ့ဖုန်းနံပါတ် သူ့ဆီမှာ ရှိလို့ပါ။ ကျွန်တေ်ာ အဲဒါ တစ်ခုကိုတော့ တကယ် ဂရုတစိုက်နဲ့ ကစားနေရပါတယ်။ အဲဒီလို ကစားတာက ကျွန်တော့်အတွက် အလိုအလျောက်ဖြစ်လာတာမျိုး မဟုတ်ခဲ့ပါဘူး။ ကျွန်တော် ဘော်လ်တန်ကနေ ကျွန်တော့်ရဲ့ အရပ်အမောင်းနဲ့ ဘောလုံးမကန်နိုင်တာကြောင့် ထွက်ခွင့်ပေးခြင်းခံခဲ့ရပါတယ်။ အဲဒီတော့ ခံစစ်ကနေ ဘောလုံးကစားပြီး တိုက်စစ်စတင်တာက ကျွန်တော့်မှာ အမြဲတမ်းရှိနေခဲ့တဲ့ အရည်အချင်းတစ်ခုတော့မဟုတ်ဘဲ ရှက်ဖီးယူနိုက်တက်နဲ့ အင်္ဂလန်က လူငယ်အသင်းနည်းပြတွေကို ကြီးကြီးမားမား ချီးကျူးရမှာပါ။ သူတို့တွေက အသင်းမှာ ခင်ဗျား လုပ်တာထက် နည်းနည်းပိုပြီး ထက်မြက်မှုရှိလာဖို့ ပြင်ပ ကစားသမားတွေနဲ့ လေ့ကျင့်ရေးလုပ်ဖို့ ပြောခဲ့တယ်။ ကျွန်တော် လူငယ်အသင်းကစားသမားဘဝတုန်းက အဲဒီကို သွားပြီး လူငယ်ဂိုးသမားတွေကို အင်္ဂါနေ့နဲ့ ကြာသပတေးနေ့ညမှာ ကူညီပေးပြီး ပိုက်ဆံနည်းနည်းပိုရှာခဲ့တယ်။ ကျွန်တော် ယူ-၁၆ သင်းနဲ့လည်း ပူးပေါင်းပြီး ပြင်ပကစားသမားအဖြစ်နဲ့လည်း ကစားပေးခဲ့ပါတယ်။ အဲဒါတွေက ကျွန်တော့်ကို ဘောလုံးအပေါ်မှာ နည်းနည်းပိုပြီး သက်တောင့်သက်သာရှိစေခဲ့ပြီး ခြေထောက် ၂ ဖက်စလုံးနဲ့ ကစားနိုင်စေခဲ့တယ်။ အဲဒါက အမြဲတမ်း တိုးတက်နေခဲ့တဲ့ အရာတစ်ခုပါ”လို့ ပြောကြားခဲ့ပါတယ်။
လီနိုဟာ ပြီးခဲ့တဲ့ရာသီ အာဆင်နယ်ရဲ့ ပထမဆုံး ၃ ပွဲကို ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ရမ်းစ်ဒေးလ်က သိပ်မကြာခင်မှာပဲ အာတီတာရဲ့ ပထမဦးစားပေး ဂိုးသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရမ်းစ်ဒေးလ်ဟာ အမ်းမရိတ်စ်ကွင်းမှာ အထင်ကြီးဖွယ် ရာသီကို ပိုင်ဆိုင်နေပြီး ၂၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၆ ဂိုးသာ ခွင့်ပြုပေးခဲ့ရပြီး ဂန်းနားတွေကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ရမ်းစ်ဒေးလ်က ပြီးခဲ့တဲ့ရာသီကုန်တုန်းက အာဆင်နယ်အသင်းဟာ စိတ်လှုပ်ရှားနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပေမယ့် ဒီရာသီမှာတော့ မတူညီတဲ့ရလဒ်တွေကို မျှော်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ရာသီကုန်မှာ ကျွန်တော်တို့ အချို့ပွဲတွေမှာ စိတ်လှုပ်ရှားနေခဲ့ကြတယ်။ ကျွန်တော်တို့ အဲဒီကနေ လေ့လာသင်ယူခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အဲဒါကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကို အခုအချိန်မှာ အများကြီး ကောင်းကောင်းပိုသိနေပြီလို့ ထင်တယ်။ အဲဒါက ကျွန်တော်တို့ ပွဲစဉ်တွေကို စိတ်လှုပ်ရှားခြင်းမရှိဘဲ ကစားသွားမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် ပွဲကစားချိန်အများစုအတွက် ကျွန်တော်တို့ ဘာလိုအပ်လဲ၊ ဘယ်လိုကစားရမလဲ၊ ဘယ်လိုပြုမူရမလဲဆိုတာကို သိနေပြီလို့ ပြောချင်တာပါ။ ကျွန်တော်တို့က ငယ်ရွယ်တဲ့အသင်းပါ။ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်မှာ ထိပ်ဆုံး ၄ နေရာနဲ့ လွဲချော်ပြီး ခက်ခဲကြမ်းတမ်းတဲ့နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ထိပ်ဆုံး ၄ နေရာကို တော့တင်ဟမ်ကို ပေးလိုက်ရတာက ပိုလို့တောင် ခက်ခဲခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တစ်ပွဲချင်းစီကနေ လေ့လာသင်ယူနေတယ်။ ကျွန်တော် နည်းပြအဖွဲ့ကို ကြီးမားတဲ့ ချီးကျူးမှုပြုလုပ်ရမှာဖြစ်သလို ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့နှစ် ကျရှုံးမှုကိုလည်း ကျေးဇူးတင်ရမယ်လို့ ထင်ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာ႐ြန္ ရမ္းစ္ေဒးလ္က ၎ရဲ႕ ဖခင္ဟာ ေနာက္တန္းကေန တိုက္စစ္စတင္ဖို႔ ေတာင္းဆိုေနတဲ့ နည္းျပ အာတီတာဆီကို စာပို႔မယ္လို႔ ၿခိမ္းေျခာက္တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
အာတီတာရဲ႕ ေဘာလုံး ကစားႏိုင္တဲ့ ဂိုးသမားမ်ိဳး လိုခ်င္တဲ့ဆႏၵေၾကာင့္ ဘန္းဒ္ လီႏိုရဲ႕ အာဆင္နယ္ဂိုးသမားဘဝဟာ အဆုံးသတ္ခဲ့ရတာျဖစ္ၿပီး အာ႐ြန္ ရမ္းစ္ေဒးလ္က အသင္းရဲ႕ နံပါတ္ ၁ ဂိုးသမား ျဖစ္လာခဲ့တာျဖစ္ပါတယ္။ အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ ေဘာလုံးကို ေျခေထာက္နဲ႔ပါ ကစားႏိုင္တဲ့ အရည္အခ်င္းဟာ အလိုလို ျဖစ္လာတာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ေပမယ့္လည္း အာဆင္နယ္ဂိုးသမားဟာ ပရီးမီးယားလိဂ္မွာ ေဘာလုံးကစားႏိုင္တဲ့ အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးအျဖစ္ လ်င္လ်င္ျမန္ျမန္ တိုးတက္လာခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္ ရမ္းစ္ေဒးလ္ကို ေနာက္တန္းကေန တိုက္စစ္ စတင္တဲ့ ကစားပုံကို ၾကည့္ရတာက ၎ရဲ႕ ဖခင္ နစ္ခ္အတြက္ေတာ့ စိတ္မသက္မသာျဖစ္စရာ အခိုက္အတန႔္ျဖစ္ခဲ့ၿပီး သားျဖစ္သူကို ကိုယ့္ပင္နယ္တီဧရိယာထဲကေန တိုက္စစ္စတင္ဖို႔ ႀကိဳးပမ္းတာ ျမင္ရတာ မုန္းတီးခဲ့တာ ျဖစ္ပါတယ္။
“သူ အဲဒါကို မုန္းတီးေနဆဲျဖစ္ၿပီး လုံးဝကို မုန္းတီးတာပါ။ သူက မီေခးလ္ကို စာတိုပို႔မယ္ဆိုၿပီး ၿခိမ္းေျခာက္ေနတုန္းပါ။ တစ္ခုတည္းေသာ ျပႆနာက ကြၽန္ေတာ္ နည္းနည္းေရွ႕ပိုတက္ၿပီး တြန္းအားေပးမိရင္ လုပ္ေလ။ ဆက္လုပ္ပါ။ မင္း အဲဒါကို လုပ္ခ်င္မွာမဟုတ္ပါဘူးဆိုၿပီး ေျပာေနတာပါ။ သူ တကယ္ကို စာတိုပို႔မွာပါ။ ဘာလို႔လဲဆိုေတာ့ အာတီတာရဲ႕ဖုန္းနံပါတ္ သူ႔ဆီမွာ ရွိလို႔ပါ။ ကြၽန္ေတ္ာ အဲဒါ တစ္ခုကိုေတာ့ တကယ္ ဂ႐ုတစိုက္နဲ႔ ကစားေနရပါတယ္။ အဲဒီလို ကစားတာက ကြၽန္ေတာ့္အတြက္ အလိုအေလ်ာက္ျဖစ္လာတာမ်ိဳး မဟုတ္ခဲ့ပါဘူး။ ကြၽန္ေတာ္ ေဘာ္လ္တန္ကေန ကြၽန္ေတာ့္ရဲ႕ အရပ္အေမာင္းနဲ႔ ေဘာလုံးမကန္ႏိုင္တာေၾကာင့္ ထြက္ခြင့္ေပးျခင္းခံခဲ့ရပါတယ္။ အဲဒီေတာ့ ခံစစ္ကေန ေဘာလုံးကစားၿပီး တိုက္စစ္စတင္တာက ကြၽန္ေတာ့္မွာ အၿမဲတမ္းရွိေနခဲ့တဲ့ အရည္အခ်င္းတစ္ခုေတာ့မဟုတ္ဘဲ ရွက္ဖီးယူႏိုက္တက္နဲ႔ အဂၤလန္က လူငယ္အသင္းနည္းျပေတြကို ႀကီးႀကီးမားမား ခ်ီးက်ဴးရမွာပါ။ သူတို႔ေတြက အသင္းမွာ ခင္ဗ်ား လုပ္တာထက္ နည္းနည္းပိုၿပီး ထက္ျမက္မႈရွိလာဖို႔ ျပင္ပ ကစားသမားေတြနဲ႔ ေလ့က်င့္ေရးလုပ္ဖို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္ လူငယ္အသင္းကစားသမားဘဝတုန္းက အဲဒီကို သြားၿပီး လူငယ္ဂိုးသမားေတြကို အဂၤါေန႔နဲ႔ ၾကာသပေတးေန႔ညမွာ ကူညီေပးၿပီး ပိုက္ဆံနည္းနည္းပိုရွာခဲ့တယ္။ ကြၽန္ေတာ္ ယူ-၁၆ သင္းနဲ႔လည္း ပူးေပါင္းၿပီး ျပင္ပကစားသမားအျဖစ္နဲ႔လည္း ကစားေပးခဲ့ပါတယ္။ အဲဒါေတြက ကြၽန္ေတာ့္ကို ေဘာလုံးအေပၚမွာ နည္းနည္းပိုၿပီး သက္ေတာင့္သက္သာရွိေစခဲ့ၿပီး ေျခေထာက္ ၂ ဖက္စလုံးနဲ႔ ကစားႏိုင္ေစခဲ့တယ္။ အဲဒါက အၿမဲတမ္း တိုးတက္ေနခဲ့တဲ့ အရာတစ္ခုပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
လီႏိုဟာ ၿပီးခဲ့တဲ့ရာသီ အာဆင္နယ္ရဲ႕ ပထမဆုံး ၃ ပြဲကို ပြဲထြက္ဂိုးသမားအျဖစ္ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ရမ္းစ္ေဒးလ္က သိပ္မၾကာခင္မွာပဲ အာတီတာရဲ႕ ပထမဦးစားေပး ဂိုးသမား ျဖစ္လာခဲ့တာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ရမ္းစ္ေဒးလ္ဟာ အမ္းမရိတ္စ္ကြင္းမွာ အထင္ႀကီးဖြယ္ ရာသီကို ပိုင္ဆိုင္ေနၿပီး ၂၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂၆ ဂိုးသာ ခြင့္ျပဳေပးခဲ့ရၿပီး ဂန္းနားေတြကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ ဦးေဆာင္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
ရမ္းစ္ေဒးလ္က ၿပီးခဲ့တဲ့ရာသီကုန္တုန္းက အာဆင္နယ္အသင္းဟာ စိတ္လႈပ္ရွားေနတာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္တယ္လို႔ ဝန္ခံခဲ့ေပမယ့္ ဒီရာသီမွာေတာ့ မတူညီတဲ့ရလဒ္ေတြကို ေမွ်ာ္မွန္းထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“ၿပီးခဲ့တဲ့ရာသီကုန္မွာ ကြၽန္ေတာ္တို႔ အခ်ိဳ႕ပြဲေတြမွာ စိတ္လႈပ္ရွားေနခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ အဲဒီကေန ေလ့လာသင္ယူခဲ့တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို ဘယ္လို ေျဖရွင္းရမလဲဆိုတာကို အခုအခ်ိန္မွာ အမ်ားႀကီး ေကာင္းေကာင္းပိုသိေနၿပီလို႔ ထင္တယ္။ အဲဒါက ကြၽန္ေတာ္တို႔ ပြဲစဥ္ေတြကို စိတ္လႈပ္ရွားျခင္းမရွိဘဲ ကစားသြားမယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ ဒါေပမယ့္ ပြဲကစားခ်ိန္အမ်ားစုအတြက္ ကြၽန္ေတာ္တို႔ ဘာလိုအပ္လဲ၊ ဘယ္လိုကစားရမလဲ၊ ဘယ္လိုျပဳမူရမလဲဆိုတာကို သိေနၿပီလို႔ ေျပာခ်င္တာပါ။ ကြၽန္ေတာ္တို႔က ငယ္႐ြယ္တဲ့အသင္းပါ။ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ႏွစ္မွာ ထိပ္ဆုံး ၄ ေနရာနဲ႔ လြဲေခ်ာ္ၿပီး ခက္ခဲၾကမ္းတမ္းတဲ့ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ခဲ့ရပါတယ္။ ထိပ္ဆုံး ၄ ေနရာကို ေတာ့တင္ဟမ္ကို ေပးလိုက္ရတာက ပိုလို႔ေတာင္ ခက္ခဲခဲ့ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ တစ္ပြဲခ်င္းစီကေန ေလ့လာသင္ယူေနတယ္။ ကြၽန္ေတာ္ နည္းျပအဖြဲ႕ကို ႀကီးမားတဲ့ ခ်ီးက်ဴးမႈျပဳလုပ္ရမွာျဖစ္သလို ကြၽန္ေတာ္တို႔ရဲ႕ ၿပီးခဲ့တဲ့ႏွစ္ က်ရႈံးမႈကိုလည္း ေက်းဇူးတင္ရမယ္လို႔ ထင္ပါတယ္။”လို႔ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk