အာဆင်ဝင်းဂါး ပစ်မှတ်ကို ခေါ်ယူပြီး ပေါင် ၉၂ သန်း ချွေတာနိုင်မယ့် အာတီတာ
အာဆင်ဝင်းဂါးရဲ့ ခေတ်နှောင်းပိုင်းဟာ လက်ရှိ နည်းပြ အာတီတာရဲ့ ယခုရာသီ မျှော်မှန်းချက်တွေထက် ကျော်လွန်ပြီး စွမ်းဆောင်ပြသနေမှုတွေကြောင့် ပရိသတ်အများစုအတွက် တော်တော်လေးဝေးကွာနေပြီဖြစ်တဲ့ မှတ်ဉာဏ်မျိုးဖြစ်နေမယ့်ပုံပေါ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်ဝင်းဂါးလက်ထက် ပြီးဆုံးခါနီးမှာ အဓိကကစားသမားခေါ်ယူမှုတစ်ခု ပြုလုပ်ချင်ခဲ့ပြီး အာဆင်နယ်အတွက် အမှန်တကယ်ခေါ်ယူနိုင်မှုမဖြစ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ နောက်ထပ်တစ်ကြိမ် ခေါ်ယူနိုင်တော့မယ့်ပုံပေါ်နေတာဖြစ်ပါတယ်။
သောမတ်စ် လီမာဟာ အက်သလက်တီကို မက်ဒရစ်နဲ့ အချိန်တွေကို အဆုံးသတ်ဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ယခုနွေရာသီမှာ ပြင်သစ်တောင်ပံကြယ်ပွင့်ကို အလွတ်နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
လီမာကို ၂၀၁၇ ခုနှစ် ဩဂုတ်လတုန်းက အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်ဟာ အမှတ်ရဖွယ် ပေါင် ၉၂ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေခဲ့တယ်လို့ သတင်းတွေအရ သိရပြီး အဲဒီအချိန်တုန်းက ပြင်သစ်တောင်ပံကစားသမားဟာ အသက် ၂၁ နှစ်သာ ရှိသေးတာဖြစ်ပါတယ်။
သောမတ်စ် လီမာဟာ ၂၀၁၆-၂၀၁၇ ရာသီ လီဂူးဝမ်းကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ မိုနာကိုအသင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီရာသီမှာ သောမတ်စ် လီမာဟာ သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး မိုနာကိုအသင်းကို ၁၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလား ရရှိအောင် ခီလီယန် အမ်ဘာပေ၊ ဘာနာဒို ဆေးလ်ဗားတို့လိုပဲ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
အဲဒီနှစ် ဇူလိုင်လမှာ အာဆင်ဝင်းဂါးက အာဆင်နယ်ရဲ့ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့အတွက် သောမတ်စ် လီမာအတွက် ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပြီး ဂန်းနားတွေဟာ လီဗာပူးလ်ဆီကနေ ယှဉ်ပြိုင်မှုကိုလည်း ခံခဲ့ရပေမယ့် မိုနာကိုက ပြင်သစ်တောင်ပံကစားသမားကို ထိန်းသိမ်းဖို့ အခိုင်အမာ ဆုံးဖြတ်ခဲ့တာကြောင့် ဘယ်သူမှ မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ဟာ အဲဒီနွေရာသီမှာ မိုနာကို ကြယ်ပွင့်ကို အမ်းမရိတ်စ်ကို ရောက်ရှိလာအောင် အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပြီး သောမတ်စ် လီမာကို ခေါ်ယူနိုင်ခြေရှိတဲ့ နောက်ထပ် ၁၂ လအကြာမှာတော့ စိတ်ဝင်စားမှုကို ပြန်လည်အသက်မသွင်းခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် သောမတ်စ် လီမာဟာ အက်သလက်တီကို မက်ဒရစ်အသင်းကို ပေါင် ၅၈ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပေမယ့်လည်း မက်ဒရစ်မှာ ပြင်သစ်တောင်ပံကစားသမားအတွက် ထင်သလောက် အောင်မြင်မှုမရခဲ့တာ ဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းမှာ ပွဲဦးထွက်ရာသီကတည်းက လီမာဟာ အက်သလက်တီကို မက်ဒရစ်ရဲ့ လိဂ်ပွဲစဉ် တစ်ဝက်ကျော်အောင် ပွဲထွက်ပါဝင်ကစားပေးခွင့် မရရှိခဲ့တာကြောင့် လာလီဂါထိပ်သီးအသင်းကြီးက ပြင်သစ်ကစာသးမားကို စာချုပ်သစ် ကမ်းလှမ်းဖို့ အလျင်စလို ဖြစ်မနေတာ ဖြစ်ပါတယ်။
ယခုရာသီ ပြိုင်ပွဲစုံ ပွဲ ၃၀ မှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်ထားနိုင်တဲ့ လီမာကို ခေါ်ယူဖို့အတွက် အသည်းအသန် ဖြစ်နေတဲ့ အသင်းတွေ များများစားစား ရှိမှာမဟုတ်ဘဲ အာတီတာဟာ ယခုလာမယ့်နွေရာသီမှာ တောင်ပံနေရာကို အင်အားဖြည့်တင်းချင်နေတာကြောင့် အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့်က တောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်းရှိတဲ့အတွက် မာတီနယ်လီ၊ ဆာကာတို့ ၂ ဦးစလုံးရဲ့နေရာမှာ ဖြည့်ကစားပေးနိုင်မယ့်သူအဖြစ် ရှိနေတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဖလားပြိုင်ပွဲမှာ ရာသီအချိန်အများစုကို ဦးဆောင်ထားနိုင်ခဲ့ပြီးနောက် မန်စီးတီးက လက်ရှိမှာ ဇယားထိပ်ဆုံးမှာ အခိုင်အမာ ဦးဆောင်နေတာကြောင့် ဂန်းနားတွေဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး လိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ဖွယ်ရှိနေပုံပေါ်ပါတယ်။
အာဆင်နယ်အသင်းဟာ ၁၉ နှစ်အကြာမှာ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ဖို့အတွက်ဆိုရင် ဂွါဒီယိုလာရဲ့အသင်း ကစားဖို့ ကျန်ရှိနေသေးတဲ့ နောက်ဆုံး ၄ ပွဲမှာ ၂ ပွဲလောက်အထိ ခြေချော်မှသာ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet