အာဆင်နယ် ရုန်းကန်နေရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နိုင်တဲ့ ရမ်းစ်ဒေးလ်ရဲ့ကိန်းဂဏန်း coyg

အာဆင်နယ် ရုန်းကန်နေရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နိုင်တဲ့ ရမ်းစ်ဒေးလ်ရဲ့ကိန်းဂဏန်း

အာရွန် ရမ်းစ်ဒေးလ်ဟာ အာဆင်နယ်ရဲ့ မကြာသေးမီက သမိုင်းထဲမှာ အကောင်းဆုံး ကစားသမားသစ်ခေါ်ယူမှုတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ယခုရာသီမှာ အင်္ဂလန်ဂိုးသမားပြုလုပ်ခဲ့တဲ့ ကြီးမားတဲ့ကာကွယ်မှုတွေထဲက အချို့ဟာ ဂန်းနားတွေ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

နည်းပြ အာတီတာဟာ အာရွန် ရမ်းစ်ဒေးလ်ကို အပြည့်အဝ ယုံကြည်မှုပေးထားပြီး အင်္ဂလိပ်ဂိုးသမားဟာ ကြံ့ခိုင်မှုပြည့်ဝနေတဲ့အခါတိုင်း ပွဲထွက်လူစာရင်းထဲမှာ ပထမဆုံး ချရေးခံခဲ့ရတဲ့ နာမည်တွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အမှားတွေ များလာခဲ့ပြီး အဲဒီအမှားတွေထဲက အချို့ဟာ ပရီးမီးယားလိဂ်ဖလားကို ၁၉ နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်ကိုင်မြှောက်ဖို့ ကြိုးပမ်းနေတဲ့ ဂန်းနားတွေအတွက် ဒုက္ခရောက်စေခဲ့တာဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ဂိုးပေးခဲ့ရတဲ့ အမှားဟာ ယခုရာသီမှာ အာရွန် ရမ်းစ်ဒေးလ်အတွက် ဆဌမမြောက် အမှားဖြစ်ပြီးယခုရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေးရတဲ့ အမှားကျူးလွန်ခဲ့တဲ့ ဂိုးသမားစာရင်းမှာ ဂျော်ဒန် ပစ်ဖို့ဒ်နဲ့ အဆင့် ၂ နေရာမှာ ပူးတွဲရပ်တည်နေပြီး ဟူဂို လိုရစ်က အမှားအများဆုံးဂိုးသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ဟာ ဘောလုံးကို လက်နဲ့ဖမ်းဆီးရာမှာရော ခြေထောက်နဲ့ ပေးပို့မှုပြုလုပ်ရာမှာပါ ကောင်းမွန်တဲ့ကစားသမားဖြစ်ပေမယ့်လည်း ဒီကိန်းဂဏန်းတွေက အင်္ဂလန်လက်ရွေးစင်ဂိုးသမားအနေနဲ့ ဂန်းနားတွေကို နောက်ထပ်တစ်ကြိမ် ချန်ပီယံဖြစ်အောင် ကူညီပေးချင်တယ်ဆိုရင် မဖြစ်မနေ တိုးတက်အောင်လုပ်ရမယ့်နေရာကို ပြသနေတာဖြစ်ပါတယ်။

အာရွန် ရမ်းစ်ဒေးလ်ဟာ အင်္ဂလန်မှာ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း ၎င်းရဲ့အမှားတွေက အသင်းကို နစ်နာစေခဲ့ပြီး ပြိုင်ဘက်ကလပ်အသင်းတွေက ၎င်းရဲ့ ပွဲစဉ်အတွင်းက အမှားကျူးလွန်တတ်မှုကိုသာ အချိန်မီ မပြင်ဆင်နိုင်ရင် မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ ကြိုးပမ်းပြီး အခွင့်ကောင်းယူသွားကြမှာဖြစ်ပါတယ်။

အဲဒီလို ဖြစ်လာမယ်ဆိုရင် အာဆင်နယ်အသင်းအတွက် နိင်ပွဲတွေရဖို့ ပိုမို ခက်ခဲလာမှာဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ရရှိဖို့အတွက် ရမှတ်တွေသာမက ပေးဂိုးကလည်း ပြိုင်ဘက်တွေအားလုံးထက် နည်းနိုင်သမျှ နည်းဖို့ အရေးကြီးနေတာကြောင့် ဗုဒ္ဓဟူးနေ့ အစ်တီဟတ်က ပွဲစဉ်မှာ ရမ်းစ်ဒေးလ်အနေနဲ့ အမှားကင်းကင်းနဲ့ အားကိုးအားထားပြုနိုင်တဲ့ ဂိုးသမားအဖြစ် နောက်ထပ်တစ်ကြိမ် စွမ်းဆောင်ပြနိုင်ဖို့ မျှော်လင့်မိပါတယ်။

Arsenal Myanmar

Ref: Internet