အာဆင်နယ် ဖလားမရဘူးလို့ အရှက်နဲ့ပါ လောင်းကြေးထပ်လိုက်တဲ့ နဗီး
ဂယ်ရီ နဗီးဟာ အာတီတာရဲ့အသင်းသာ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့မယ်ဆိုရင် ဂန်းနားရှပ်ကို ဝတ်ဆင်ပြမယ်လု့ိ အာဆင်နယ်ပရိသတ်နဲ့ လောင်းကြေးထပ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္တဝင် နောက်ခံကစားသမား ဂယ်ရီ နဗီးဟာ မြောက်လန်ဒန်ကလပ်အသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရာသီချိန်အများစု ရပ်တည်နေပေမယ့်လည်း အာဆင်နယ်ရဲ့ ဆုဖလားမျှော်လင့်ချက်ကို ပုံမှန်အားဖြင့် နှိမ့်ချပြောဆိုခဲ့သူဖြစ်ပါတယ်။ အဲဗာတန်ကို အနိုင်ရရှိခဲ့တာကြောင့် အာတီတာရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း ဂယ်ရီ နဗီးရဲ့အသင်းဟောင်းက ကစားဖို့ ကျန်နေသေးတဲ့ တစ်ပွဲကို အနိုင်ရခဲ့ရင်တောင်မှ အာဆင်နယ်နဲ့ ၈ မှတ်အထိ ကွာဟနေဦးမှာဖြစ်ပါတယ်။
ဂယ်ရီ နဗီးက အာဆင်နယ်ရဲ့ အက်စတန် ဗီလာနဲ့ပွဲစဉ်မှာ နောက်ကျ အနိုင်ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပြီးနောက် အောင်ပွဲခံပုံဟာ ပရီးမီးယားလိဂ်ဖလားက မြောက်လန်ဒန်မှာ ရောက်ရှိလာမှာမဟုတ်တဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ဂန္တဝင်နောက်ခံလူက လက်ရှိမှာတော့ လူမှုကွန်ရက်ပေါ်မှာ အာဆင်နယ်ပရိသတ်ကို ကတိပေးပြီး စကားအကုန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“အာဆင်နယ်သာ အမှတ်ပေးဖလားကို အနိုင်ရရှိခဲ့ရင် ဂယ်ရီ နဗီးအနေနဲ့ ရာသီနောက်ဆုံးနေ့ အမ်းမရိတ်စ်ကွင်းမှာ ကတုံးတုံးသင့်တယ်”လို့ အာဆင်နယ်ပရိသတ်တစ်ဦးက တွစ်တာပေါ်မှာ ရေးသားခဲ့တာဖြစ်ပြီး ဂယ်ရီ နဗီးက အဲဒီပြောဆိုမှုကို သဘောမတူပေမယ့်လည်း မတူညီတဲ့အရာကို လုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် အာဆင်နယ်ရှပ်ကို ဝတ်ဆင်ပြီး ခင်ဗျားအတွက် ချန်ပီယံတွေလို့ ပြောပေးမယ် မိတ်ဆွေ။ ဒါပေမယ့် ခင်ဗျားရှုံးရင်တော့ ခင်ဗျားတို့အားလုံး ဒီကို လေးဖက်ထောက်လာပြီး ‘တောင်းပန်ပါတယ် ဂယ်ရီ’လို့ ပြောရမယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အသက် ၄၈ နှစ်အရွယ် နောက်ခံကစားသမားဟောင်းဟာ အာဆင်နယ်ပရိသတ်တွေနဲ့ လူမှုကွန်ရက်ပေါ်မှာ သူတပြန်ကိုယ်တပြန် တိုက်ခိုက်နေတာ ဒါက ပထမဆုံးအကြိမ်တော့မဟုတ်တော့ဘဲ ဖေဖော်ဝါရီလတုန်းကလည်း အာဆင်နယ်ပရိသတ်တစ်ဦးကို ‘ခုချိန်အထိ အမှတ်ပေးဖလား မရသေးဘူးနော်’လို့ သတိပေးခဲ့သေးတာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဂယ္ရီ နဗီးဟာ အာတီတာရဲ႕အသင္းသာ ပရီးမီးယားလိဂ္ဖလား ရရွိခဲ့မယ္ဆိုရင္ ဂန္းနားရွပ္ကို ဝတ္ဆင္ျပမယ္လု႔ိ အာဆင္နယ္ပရိသတ္နဲ႔ ေလာင္းေၾကးထပ္ခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ေနာက္ခံကစားသမား ဂယ္ရီ နဗီးဟာ ေျမာက္လန္ဒန္ကလပ္အသင္းက အမွတ္ေပးဇယားထိပ္ဆုံးမွာ ရာသီခ်ိန္အမ်ားစု ရပ္တည္ေနေပမယ့္လည္း အာဆင္နယ္ရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္ကို ပုံမွန္အားျဖင့္ ႏွိမ့္ခ်ေျပာဆိုခဲ့သူျဖစ္ပါတယ္။ အဲဗာတန္ကို အႏိုင္ရရွိခဲ့တာေၾကာင့္ အာတီတာရဲ႕အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္အသာနဲ႔ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ဂယ္ရီ နဗီးရဲ႕အသင္းေဟာင္းက ကစားဖို႔ က်န္ေနေသးတဲ့ တစ္ပြဲကို အႏိုင္ရခဲ့ရင္ေတာင္မွ အာဆင္နယ္နဲ႔ ၈ မွတ္အထိ ကြာဟေနဦးမွာျဖစ္ပါတယ္။
ဂယ္ရီ နဗီးက အာဆင္နယ္ရဲ႕ အက္စတန္ ဗီလာနဲ႔ပြဲစဥ္မွာ ေနာက္က် အႏိုင္ဂိုးေတြနဲ႔ ျပန္လာႏိုင္ခဲ့ၿပီးေနာက္ ေအာင္ပြဲခံပုံဟာ ပရီးမီးယားလိဂ္ဖလားက ေျမာက္လန္ဒန္မွာ ေရာက္ရွိလာမွာမဟုတ္တဲ့ အေၾကာင္းအရင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အဂၤလန္ဂႏၲဝင္ေနာက္ခံလူက လက္ရွိမွာေတာ့ လူမႈကြန္ရက္ေပၚမွာ အာဆင္နယ္ပရိသတ္ကို ကတိေပးၿပီး စကားအကုန္ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။
“အာဆင္နယ္သာ အမွတ္ေပးဖလားကို အႏိုင္ရရွိခဲ့ရင္ ဂယ္ရီ နဗီးအေနနဲ႔ ရာသီေနာက္ဆုံးေန႔ အမ္းမရိတ္စ္ကြင္းမွာ ကတုံးတုံးသင့္တယ္”လို႔ အာဆင္နယ္ပရိသတ္တစ္ဦးက တြစ္တာေပၚမွာ ေရးသားခဲ့တာျဖစ္ၿပီး ဂယ္ရီ နဗီးက အဲဒီေျပာဆိုမႈကို သေဘာမတူေပမယ့္လည္း မတူညီတဲ့အရာကို လုပ္ေဆာင္သြားမယ္လို႔ ကတိေပးခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္ အာဆင္နယ္ရွပ္ကို ဝတ္ဆင္ၿပီး ခင္ဗ်ားအတြက္ ခ်န္ပီယံေတြလို႔ ေျပာေပးမယ္ မိတ္ေဆြ။ ဒါေပမယ့္ ခင္ဗ်ားရႈံးရင္ေတာ့ ခင္ဗ်ားတို႔အားလုံး ဒီကို ေလးဖက္ေထာက္လာၿပီး ‘ေတာင္းပန္ပါတယ္ ဂယ္ရီ’လို႔ ေျပာရမယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
အသက္ ၄၈ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားေဟာင္းဟာ အာဆင္နယ္ပရိသတ္ေတြနဲ႔ လူမႈကြန္ရက္ေပၚမွာ သူတျပန္ကိုယ္တျပန္ တိုက္ခိုက္ေနတာ ဒါက ပထမဆုံးအႀကိမ္ေတာ့မဟုတ္ေတာ့ဘဲ ေဖေဖာ္ဝါရီလတုန္းကလည္း အာဆင္နယ္ပရိသတ္တစ္ဦးကို ‘ခုခ်ိန္အထိ အမွတ္ေပးဖလား မရေသးဘူးေနာ္’လို႔ သတိေပးခဲ့ေသးတာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- News