အာဆင်နယ်ရဲ့ပစ်မှတ်အတွက် တန်ဖိုးသတ်မှတ်လိုက်တဲ့ ဂလာတာဆာရေး coyg

အာဆင်နယ်ရဲ့ပစ်မှတ်အတွက် တန်ဖိုးသတ်မှတ်လိုက်တဲ့ ဂလာတာဆာရေး

ဂလာတာ ဆာရေးအသင်းဟာ ယခုနွေရာသီမှာ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ ဆာချာ ဘိုဝီအတွက် ယူရိုသန်း ၂၀ နဲ့အထက် တောင်းဆိုသွားမှာဖြစ်ပါတယ်။

ပြင်သစ်ယူ-၂၀ ညာနောက်ခံကစားသမားဟာ တူရကီထိပ်သီးအသင်းကြီးအတွက် အထင်ကြီးဖွယ်ရာသီကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ဥရောပကလပ်အသင်း အများအပြားဆီကနေ စိတ်ဝင်စားခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

အာတီတာဟာ ယခုနွေရာသီမှာ သောမတ်စ် ပါတေးကို ညာနောက်ခံနေရာမှာ အသုံးပြုရတာကို လျှော့ချနိုင်ဖို့အတွက် ညာနောက်ခံတောင်ပံနေရာကို အင်အားဖြည့်တင်းချင်နေတာဖြစ်ပြီး ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ ခီဗီယောကလည်း ဇင်ချန်ကို ဒဏ်ရာရရှိသွားပြီးနောက်ပိုင်း ရာသီနောက်ဆုံးပွဲစဉ် ၂ ပွဲမှာ ကစားနေကျမဟုတ်တဲ့နေရာမှာ ကစားခဲ့ရတာဖြစ်ပါတယ်။

တိုမီယဆုက လာမယ့်ရာသီအစမတိုင်ခင်အထိ ဒဏ်ရာကနေ ပြန်လည်သက်သာလာမယ့်အခြေအနေ မရှိချိန်မှာ တီယာနီကလည်း အမ်းမရိတ်စ်မှာ ပုံမှန်ပွဲထွက်ခွင့် မရရှိခဲ့တာကြောင့် အသင်းကို စွန့်ခွာဖို့ များနေတာ ဖြစ်ပါတယ်။ တစ်ခါတုန်းက အနာဂတ်အသင်းခေါင်းဆောင်လို့ ယူဆခြင်းခံခဲ့ရတဲ့ တီယာနီဟာ ဇင်ချန်ကိုကို inverted နောက်ခံတောင်ပံကစားသမားအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ချက်အတွက် ပေးဆပ်ခဲ့ရတာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းက စကော့တလန် နောက်ခံလူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း တီယာနီကို ခေါ်ယူခဲ့တဲ့ အာဆင်နယ်နည်းပြဟောင်း အက်စတန် ဗီလာနည်းပြ အူနိုင်း အမ်မရီဆီကနေ ပြင်းထန်တဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ နူနို တာဗာရက်စ်ကလည်း မာဆေးလ်မှာ မအောင်မြင်တဲ့ အငှားကစားသမားဘဝနဲ့ မိခင်ကလပ်အသင်းအပေါ် လေးစားမှုမရှိတဲ့ မှတ်ချက်တွေ ပြောဆိုခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက ဘင်ဖီကာကို ပေါင် ၇.၅ သန်းပေးချေခဲ့ရတဲ့ အာဆင်နယ်ရဲ့ အမြတ်နည်းနည်းနဲ့ ရောင်းထုတ်ခြင်းကို ခံရတော့မှာ ဖြစ်ပါတယ်။

ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ အာဆင်နယ်ဟာ ဂလာတာဆာရေးအသင်းနဲ့ တရားဝင် ပြောဆိုဆွေးနွေးမှုအဆင့်ကိုတော့ ဝင်ရောက်ခြင်းမရှိသေးသလို ဘိုဝီရဲ့ အေးဂျင့်သစ်နဲ့လည်း တွေ့ဆုံဆွေးနွေးမှုမရှိသေးပေမယ့်လည်း ဂန်းနားတွေ အလွန်သဘောကျနှစ်သက်တဲ့ကစားသမားဖြစ်တယ်လို့ သိရပါတယ်။

Arsenal Myanmar

Ref: Internet