အာဆင်နယ်ရဲ့ခံစစ်၊ မန်စီးတီးသံသယ၊ ဆုဖလားပြိုင်ပွဲနဲ့ မာတီနယ်တို့နဲ့ပတ်သက်ပြီး အာတီတာပြောခဲ့သမျှ coyg

အာဆင်နယ်ရဲ့ခံစစ်၊ မန်စီးတီးသံသယ၊ ဆုဖလားပြိုင်ပွဲနဲ့ မာတီနယ်တို့နဲ့ပတ်သက်ပြီး အာတီတာပြောခဲ့သမျှ

အာဆင်နယ်နည်းပြ အာတီတာဟာ သောကြာနေ့ညက ဆောက်သမ်တန်နဲ့ အမ်းမရိတ်စ်မှာ ၃-၃ သရေကျခဲ့တဲ့ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေသိလိုသမျှ ဖြေကြားပေးခဲ့ပါတယ်။

မေး- ပွဲအပေါ် ခင်ဗျား ဘာပြောချင်လဲ။

ဖြေ- အဆုံးမှာတော့ ဗလာပါပဲ။ အရမ်းကို စိတ်ခံစားမှုများခဲ့တဲ့ ပွဲပါ။ ကျွန်တော်တို့ အနိုင် ၃ မှတ်မရယူနိုင်ခဲ့တာကို စိတ်ပျက်မိပါတယ်။ ပွဲစဉ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေ အားလုံးအပြီးမှာ ကျွန်တော်တို့ သူတို့ကို အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်လို့ ယုံကြည်နေတုန်းပါပဲ။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် မှန်ထဲ ပြန်ကြည့်ရမယ်။ ကျွန်တော်တို့ လွယ်ကူတဲ့ ၃ ဂိုးကို နောက်ထပ်တစ်ကြိမ် ပေးခဲ့တယ်။ အဲဒီလို ဖြစ်နေတဲ့အခါမှာ ဒီလိဂ်မှာ အနိုင်ရဖို့က တကယ်ကို ခက်ခဲပါတယ်။

မေး- သူတို့ကို စိတ်အားတက်ကြွအောင် လုပ်ပေးဖို့က အခု ခက်နေပြီလား။

ဖြေ- သူတို့တွေ အဲဒါကို အများကြီးလိုချင်ပါတယ်။ ကျွန်တော် ကစားသမားတွေ၊ နည်းပြအဖွဲ့၊ ကျွန်တော်တို့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတာတွေက မယုံနိုင်စရာပါပဲ။ အဲဒါက ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ ကျွန်တော် သိတယ်။ ခင်ဗျား ကြီးမားတဲ့အမှားလုပ်မိပြီး ၁-၀ ဖြစ်သွားတယ်။ ခင်ဗျား နောက်ထပ်အမှားလုပ်မိပြီး ၂-၀ ဖြစ်သွားတယ်။ ခင်ဗျား သူတို့ လုပ်ရမယ့်ဟာကို လုပ်နေတဲ့ အသင်းနဲ့ ရင်ဆိုင်ကစားဖို့ ကြိုးစားနေတာပါ။ ပထမအကြိမ်အပြီးမှာ သူတို့တွေ ကွင်းလယ်စည်းကို ဖြတ်ကျော်ပြီး တတိယဂိုးသွင်းယူသွားချိန်မှာ အဲဒါက ကြီးမားတဲ့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ခင်ဗျား အသင်းအဖွဲ့အနေနဲ့ တစ်ဦးချင်းစီအနေနဲ့ ဘယ်လို လုပ်ဆောင်နေသလဲ။ ကစားသမားတွေရဲ့ တုံ့ပြန်မှုက ကျွန်တော် သူတို့ကို ဒီထက်ပိုပြီးတော့ ချစ်မြတ်နိုးလို့ မရနိုင်တော့ပါဘူး။ သူတို့ကို နည်းပြရတာ ပျော်ရွှင်စရာပါပဲ။ ဒီအသင်းရဲ့ တစိတ်တပိုင်းဖြစ်ရတာ၊ အသင်းနဲ့အတူ ကျွန်တော် အတူတူ တွေ့ကြုံခဲ့ရတာတွေကို ခံစားရတာ ပျော်ရွှင်စရာပါပဲ။ အဆုံးမှာ မှော်ဆန်တဲ့ အခိုက်အတန့်ကို ရယူခဲ့ရမှာပါ။ ကျွန်တော်တို့ ၃-၃ ဖြစ်နေချိန်မှာ ဂိုးသွင်းယူဖို့ ကြီးမားတဲ့ အခွင့်အရေးကြီး ၂ ကြိမ် ရခဲ့တယ်။ ဒီနေ့ အဲဒါက ကံဆိုးစွာနဲ့ ဂိုးမဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အခုလိုဖြစ်ခဲ့တာပါ။

မေး- ခင်ဗျားအသင်းက ပြီးခဲ့တဲ့ပွဲအနည်းငယ်မှာ ခံစစ်ပိုင်း ဆက်တိုက်ဆိုးရွားခဲ့တယ်။ အဲဒါက တစ်ဦးချင်းပြဿနာလား၊ အသင်းလိုက်ပြဿနာလား။

ဖြေ- ဒီနေ့ အဲဒါက ရှင်းသွားပြီလေ။

မေး- ပြဿနာက ဘယ်ဟာလဲ။

ဖြေ- ပထမဟာ။

မေး- ပြီးခဲ့တဲ့ သရေ ၃ ပွဲအတွက် ခင်ဗျားက မတူညီတဲ့ အကြောင်းအရင်းပေးခဲ့တယ်။ သရေပွဲအားလုံးမှာ ပြဿနာကို မြင်မိသလား။

ဖြေ- ကျွန်တော် ပွဲကို ရှင်းပြရမှာလား။ ကျွန်တော်တို့ အန်းဖီးကို သွားပြီး အနိုင်မရဘူး။ ဝက်စ်ဟမ်းကို သွားပြီး အနိုင်မရဘူး။ ဆောက်သမ်တန်နဲ့ပွဲမှာ အနိုင်မရဘူး။ အဆုံးမှာ ကျွန်တော်တို့ သရေကျတဲ့အခါမှာ ခင်ဗျားကို ကျွန်တော် ရှင်းလင်းချက်ပေးတယ်။ ကျွန်တော်တို့ အနိုင်ရတဲ့အခါမှာ ခင်ဗျားကို ကျွန်တော် မှန်ကန်တဲ့ ရှင်းလင်းချက်ပေးဖို့ ကြိုးစားတယ်။ ဒီနေ့ အဲဒါက ရှင်းပါတယ်။ ခင်ဗျား ပရီးမီးယားလိဂ်မှာ ပွဲစဉ်တွေကို အနိုင်ရချင်ရင် ကျွန်တော်တို့ ပေးခဲ့တဲ့ဂိုးတွေလိုမျိုး ပေးလို့မရပါဘူး။ ကျွန်တော်တို့ နောက်ဆုံး မိနစ် ၄၀၊ ၅၀ မှာ ထူးခြားဆန်းကြယ်တာတွေ လုပ်တယ်ဆိုရင်တော့ ခင်ဗျား အနိုင်ရဖို့ အခွင့်အရေး ရှိပါသေးတယ်။

မေး- ဒီသရေပွဲက စီးတီးနဲ့ပွဲအတွက် ဘယ်လို ခံယူချက်မျိုး ခင်ဗျားကို ဖြစ်စေလဲ။

ဖြေ- အင်း။ အဲဒါက ပိုပြီးတော့ ယုံကြည်မှုပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုတော့ နေ့တစ်နေ့ အဆုံးမှာ ခင်ဗျားက သူတို့တွေ သံသယတွေကို ဆန့်ကျင်ပြီး လုပ်ခဲ့တဲ့ ခက်ခဲတဲ့အရာတွေကို လုပ်နိုင်တဲ့အခါမှာ ခင်ဗျား ဘာလုပ်နိုင်လဲဆိုတာကို ယုံကြည်မှုရှိရမှာပါ။ ဒီနေ့မှာတော့ ဘာဖြစ်ခဲ့လဲဆိုတာကို တွေးဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့ ဘာဖြစ်ခဲ့လဲဆိုတာနဲ့ သူတို့တွေ ဖြတ်သန်းခဲ့ရတဲ့အပေါ်မှာ အာရုံစိုက်နေခဲ့တာမို့လို့ပါ။

မေး- ဖိအားတွေကို ရင်ဆိုင်ဖို့ ကစားသမားတွေကို ခင်ဗျား အားပေးနေလား။

ဖြေ- ကျိန်းသေတာပေါ့။ အဲဒါကို ခံစားဖို့၊ ကျွန်တော်တို့ အခုရှိနေတဲ့ အခိုက်အတန့်တိုင်းကို ခံစားဖို့၊ မိနစ်တိုင်းမှာ အဲဒီစိတ်ခံစားချက်နဲ့ ကစားဖို့ ၊ ဒီရည်ရွယ်ချက်နဲ့အတူ ကစားဖို့ ကျွန်တော်နေ့တိုင်း မြင်နေရတဲ့ ကျွန်တော်တို့ လုပ်နေတဲ့ ရည်ရွယ်ချက်ကို ခံစားဖို့ ပြောခဲ့ပါတယ်။

မေး- ဒီရာသီ မာတီနယ်လီနဲ့ပတ်သက်ပြီး ခင်ဗျား ဝမ်းမြောက်ပျော်ရွှင်နေမှာပဲနော်။

ဖြေ- သေချာတာပေါ့ဗျာ။ ခင်ဗျားက တစ်ဦးချင်း တည်တည်ငြိမ်ငြိမ်နဲ့ တစ်ရာသီလုံး စွမ်းဆောင်နိုင်တဲ့ ကစားသမား မရှိရင် ကျွန်တော်တို့ အခုရှိနေတဲ့ နေရာမှာ ရှိနေမှာမဟုတ်ပါဘူး။ သူက အဲဒီကစားသမားတွေထဲက တစ်ဦးပါ။

မေး- ခင်ဗျား စီးတီးနဲ့ ပွဲအတွက် နောက်ထပ်တစ်ကြိမ် ယုံကြည်မှုကို တည်ဆောက်ရမှာလား။

ဖြေ- ကျွန်တော်တော့ ယုံကြည်မှုကင်းမဲ့နေတာမျိုး မမြင်ပါဘူး။ အသင်းတစ်သင်းက ယုံကြည်မှု ကင်းမဲ့တဲ့အခါမှာ သာမန်အားဖြင့် ကစားသမားတွေက ပုန်းကွယ်သွားလေ့ရှိတယ်။ ကျွန်တော် အဲဒီမှာ ကစားခဲ့ပြီး ကစားသမားတွေက အချိန်တစ်ခုမှာ စပြီးတော့ ပုန်းကွယ်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်မှ အဲဒီလို လုပ်တာမျိုး ကျွန်တော် မတွေ့ပါဘူး။ သူတို့တွေအားလုံးက စွန့်စွားပြီး စပြီးတော့ တိုက်ချင်တဲ့ဆန္ဒရှိကြတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ ၃-၁ ကနေ ၃-၃ ပြန်ဖြစ်လာတာပေါ့။ ပွဲကို အနိုင်တောင် ရခဲ့သင့်တာပါ။ ယုံကြည်မှုက ရှိနေပါတယ်။ အဲဒါက အခိုက်အတန့်တွေပါ။ ဒီလိုအဆင့်အတန်းမှာ ခင်ဗျား ကျွန်တော်တို့ ပေးခဲ့တဲ့ဂိုးတွေလို ဂိုးတွေကို ပေးလို့မရနိုင်ပါဘူး။ အဲဒီလောက်ကို ရိုးရှင်းပါတယ်။

မေး- ထရော့ဆာ့ဒ်က ပွဲထွက်ကစားဖို့ လုံလောက်ပြီလား။

ဖြေ- သူက နေ့တိုင်း လုပ်နေပါတယ်။ ခင်ဗျား အားလုံးနဲ့ အတူတူ ဘယ်လို ကစားလဲဆိုတာပဲ အရေးကြီးပါတယ်။ အသင်းရဲ့ တည်ဆောက်ပုံနဲ့ စီးမျောမှု မပျက်ဘဲ မှန်ကန်တဲ့ ဟန်ချက်နဲ့အတူ ဘယ်လိုကစားမလဲဆိုတာပဲ အရေးကြီးပါတယ်။ သူ ဝင်ကစားခဲ့တဲ့အချိန်မှာ နောက်ထပ်တစ်ကြိမ် ကြည့်ကောင်းမှာ သေချာပါတယ်။

မေး- ဒီည ဗီယာရာအတွက် ခက်ခဲခဲ့လား။

ဖြေ- ကစားသမားအများစုအတွက် ခက်ခဲတဲ့ပွဲဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဖေဘီယိုအတွက် သူ လုံလောက်တဲ့မိနစ်တွေ မရခဲ့ပါဘူး။ သူက ကောင်းမွန်တဲ့အချိန်တွေရှိခဲ့ပေမယ့် ပွဲက ၁-၀ ဒါမှမဟုတ် ၂-၀ နဲ့ စတင်တဲ့အချိနန်မှာ အရာအားလုံးက ခင်ဗျား ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒါက ပိုပြီး ခက်ခဲလာမှာပါ။ အဲဒါက အကူအညီမဖြစ်ပါဘူး။

မေး- ဘာကြောင့် စီးတီးက အခုအချိန်မှာ ဖလားရဖို့ ရေပန်းအစားဆုံးဖြစ်နေလဲဆိုတာကို ခင်ဗျား နားလည်လား။

ဖြေ- ကျွန်တော် အဲဒါကို မထိန်းချုပ်နိုင်ပါဘူး။

Arsenal Myanmar

Ref: Internet