ဂန်းနားကစားသမားတစ်ဦး ကစားတာကို ကြည့်ရှုဖို့အတွက် အာဆင်နယ်ပွဲတွေကို အမ်းမရိတ်ကွင်းထဲထိ သွားကြည့်ခဲ့တဲ့ ယာယာတိုရေး admin

ဂန်းနားကစားသမားတစ်ဦး ကစားတာကို ကြည့်ရှုဖို့အတွက် အာဆင်နယ်ပွဲတွေကို အမ်းမရိတ်ကွင်းထဲထိ သွားကြည့်ခဲ့တဲ့ ယာယာတိုရေး

ယာယာတိုရေးဟာ အာဆင်နယ်ကစားတစ်ဦး ကစားတာကို ကြည့်ရှု့ဖို့အတွက် အမ်းမရိတ်စ်ကွင်းကို အပတ်တိုင်းသွားရောက်ပြီး အာဆင်နယ်ပွဲ ကြည့်ခဲ့တယ်လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၃ ကြိမ် ချန်ပီယံ ပိုင်ရှင် မန်စီးတီးကစားဟောင်း သွားရောက် အားပေးတဲ့ ကစားသမားကတော့ အာဆင်နယ်ကွင်းလယ် ပဲ့ကိုင်ရှင် သောမတ်စ် ပါတေးဖြစ်ပါတယ်။

တိုရေးဟာ လက်ရှိမှာ အာဆင်နယ်အသင်း၏ ခါးသီးပြိုင်ဘက် စပါးစ်အသင်းရဲ့ လူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်နေသော်လည်း သူတန်ဖိုးထားလေးစားသော ကစားသမားတစ်ဦး၏ ခြေစွမ်းကို ကြည့်ရှု့လေ့လာခြင်းကို ဆက်လက် ပြုလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမားဟောင်းကြီးဟာ သူ့ခေတ်အခါက အကောင်းဆုံးကွင်းလယ်အဖျက်ကစားသမားတွေထဲ ပါဝင်ခဲ့သူဖြစ်ပြီး သူကစားခဲ့တဲ့ နေ့ရက်တွေမှာ သူ့ရဲ့ ကောင်းမွန်ထက်မြက်တဲ့ ခြေစွမ်းကြောင့် မန်စီးတီးအသင်းဟာလည်း ဆုဖလားတွေ ရယူအောင်မြင်ခဲ့ပါတယ်။

ကွင်းလယ်ကစားသမားကောင်းဖြစ်ခဲ့တဲ့ ယာယာတိုရေးဟာ အချက် တစ်ခု သို့မဟုတ် နှစ်ခုကို ကြည့်ပြီး ဘယ်သူက ကွင်းလဲ ကစားသမားကောင်းလဲဆိုတာ သိမြင်သူဖြစ်ပြီး လက်ရှိ စပါးစ်လူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်ပေမယ့် အာဆင်နယ်အသင်း ကွင်းလယ်ကစားသမားဖြစ်သူ ပါတေးကို မယုံနိုင်စရာလောက်အောင် ကောင်းတဲ့ ကစားသမားလို့ လည်း ချီးကျူးခဲ့ပါတယ်။

ယာယာတိုရေးက talkSports နဲ့ အင်တာဗျူးမှာ ” သူဟာ အရမ်းထက်မြက်ကောင်းမွန်တဲ့ ကစားသမားပါ။ သူကစားတာကို ကြည့်ရတာ အရမ်းနှစ်လိုဖွယ်ကောင်းပါတယ်” “ရိုးရိုးသားသား ဝန်ခံရရင် အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းမှာ စနေ တနင်္ဂနွေပိတ်ရက်ပွဲတွေကို ကျွန်တော် သွားကြည့်ဖြစ်လေ့ရှိပါတယ်။ သောမတ်စ် ပါတေးကစားတာ တစ်ခုတည်းကို ကြည့်ဖို့အတွက်ပေါ့” “သူက မယုံနိုင်စရာလောက်အောင် ကောင်းတဲ့ ကစားသမားပါ” လို့ အမ်းမရိတ်စ်ကွင်းကို သွားရောက်ကြည့်ရှုခြင်းကို ဝန်ခံပြီး ပါတေးကို ချီးကျူးစကားပြောသွားခဲ့ပါတယ်။

ဂန်းနားတွေဟာ ယခုရာသီမှာ ပွဲစဉ် ၂၆ ပွဲ ကစားပြီးသည်အထိ ဇယားထိပ်မှာ မန်စီးတီးရဲ့ အထက်မှာ ၅ မှတ်အကွာနဲ့ ရပ်တည်နေပြီး ယခုလို ရလဒ်ကောင်းတွေ ရရှိနေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက ယာယာတိုရေးချီးကျူးခဲ့သလို သောမတ်စ် ပါတေးရဲ့ ထက်မြက်ကောင်းမွန်လွန်းတဲ့ ခြေစွမ်းကြောင့်ပဲ ဖြစ်ပါတယ်။

သို့သော်လည်း အာဆင်နယ်ပရိသတ်များအတွက် အမြဲစိုးရိမ်နေရတဲ့အရာကတော့ ပါတေးရဲ့ ဒဏ်ရာမှတ်တမ်းဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ မကြာခဏ ကြွက်သားဒဏ်ရာ ပြဿများဖြင့် ရုန်းကန်နေရသူဖြစ်ပြီး ယခုရာသီမှာ ခြောက်ပွဲအထိ လွဲချော်ခဲ့ပါတယ်။ ပါတေး မပါဝင်တဲ့ ပွဲတွေမှာ အာဆင်နယ်အသင်းအနေနဲ့ ရလဒ်များမကောင်းခဲ့သည့်အတွက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ယခုရာသီမှာ အရယူဖို့ အားခဲထားတဲ့ ဂန်းနားဖန်တွေဟာ ရာသီကုန်ဆုံးချိန်ထိ ဂါနာသားကြီးတစ်ယောက် ဒဏ်ရာတွေ ကင်းဝေး ကြံ့ခိုင်ပါစေကြောင်း ဆုတောင်းနေကြရပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT

ZAWGYI:

ယာယာတိုေရးဟာ အာဆင္နယ္ကစားတစ္ဦး ကစားတာကို ၾကည့္ရႈ႔ဖို႔အတြက္ အမ္းမရိတ္စ္ကြင္းကို အပတ္တိုင္းသြားေရာက္ျပီး အာဆင္နယ္ပြဲ ၾကည့္ခဲ့တယ္လို႔ ဖြင့္ဟ၀န္ခံခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ၃ ၾကိမ္ ခ်န္ပီယံ ပိုင္ရွင္ မန္စီးတီးကစားေဟာင္း သြားေရာက္ အားေပးတဲ့ ကစားသမားကေတာ့ အာဆင္နယ္ကြင္းလယ္ ပဲ့ကိုင္ရွင္ ေသာမတ္စ္ ပါေတးျဖစ္ပါတယ္။

တိုေရးဟာ လက္ရိွမွာ အာဆင္နယ္အသင္း၏ ခါးသီးျပိဳင္ဘက္ စပါးစ္အသင္းရဲ႔ လူငယ္အသင္းနည္းျပအျဖစ္ ေဆာင္ရြက္ေနေသာ္လည္း သူတန္ဖိုးထားေလးစားေသာ ကစားသမားတစ္ဦး၏ ေျခစြမ္းကို ၾကည့္ရႈ႔ေလ့လာျခင္းကို ဆက္လက္ ျပဳလုပ္ေနခဲ့တာပဲ ျဖစ္ပါတယ္။ အိုင္ဗရီကို႔စ္ ကြင္းလယ္ကစားသမားေဟာင္းၾကီးဟာ သူ႔ေခတ္အခါက အေကာင္းဆံုးကြင္းလယ္အဖ်က္ကစားသမားေတြထဲ ပါ၀င္ခ့ဲသူျဖစ္ျပီး သူကစားခဲ့တဲ့ ေန႔ရက္ေတြမွာ သူ႔ရဲ႔ ေကာင္းမြန္ထက္ျမက္တဲ့ ေျခစြမ္းေၾကာင့္ မန္စီးတီးအသင္းဟာလည္း ဆုဖလားေတြ ရယူေအာင္ျမင္ခဲ့ပါတယ္။

ကြင္းလယ္ကစားသမားေကာင္းျဖစ္ခဲ့တဲ့ ယာယာတိုေရးဟာ အခ်က္ တစ္ခု သို႔မဟုတ္ ႏွစ္ခုကို ၾကည့္ျပီး ဘယ္သူက ကြင္းလဲ ကစားသမားေကာင္းလဲဆိုတာ သိျမင္သူျဖစ္ျပီး လက္ရိွ စပါးစ္လူငယ္အသင္းနည္းျပအျဖစ္ ေဆာင္ရြက္ေနသူျဖစ္ေပမယ့္ အာဆင္နယ္အသင္း ကြင္းလယ္ကစားသမားျဖစ္သူ ပါေတးကို မယံုႏိုင္စရာေလာက္ေအာင္ ေကာင္းတဲ့ ကစားသမားလို႔ လည္း ခ်ီးက်ဴးခဲ့ပါတယ္။

ယာယာတိုေရးက talkSports နဲ႔ အင္တာဗ်ဴးမွာ ” သူဟာ အရမ္းထက္ျမက္ေကာင္းမြန္တဲ့ ကစားသမားပါ။ သူကစားတာကို ၾကည့္ရတာ အရမ္းႏွစ္လိုဖြယ္ေကာင္းပါတယ္” “ရိုးရိုးသားသား ၀န္ခံရရင္ အာဆင္နယ္အသင္းရဲ႔ အမ္းမရိတ္ကြင္းမွာ စေန တနဂၤေႏြပိတ္ရက္ပြဲေတြကို ကြ်န္ေတာ္ သြားၾကည့္ျဖစ္ေလ့ရိွပါတယ္။ ေသာမတ္စ္ ပါေတးကစားတာ တစ္ခုတည္းကို ၾကည့္ဖို႔အတြက္ေပါ့” “သူက မယံုႏိုင္စရာေလာက္ေအာင္ ေကာင္းတဲ့ ကစားသမားပါ” လို႔ အမ္းမရိတ္စ္ကြင္းကို သြားေရာက္ၾကည့္ရႈျခင္းကို ၀န္ခံျပီး ပါေတးကို ခ်ီးက်ဴးစကားေျပာသြားခဲ့ပါတယ္။

ဂန္းနားေတြဟာ ယခုရာသီမွာ ပြဲစဥ္ ၂၆ ပြဲ ကစားၿပီးသည္အထိ ဇယားထိပ္မွာ မန္စီးတီးရဲ႕ အထက္မွာ ၅ မွတ္အကြာနဲ႔ ရပ္တည္ေနၿပီး ယခုလို ရလဒ္ေကာင္းေတြ ရရွိေနတဲ့ အေၾကာင္းရင္းေတြထဲက တစ္ခုက ယာယာတိုေရးခ်ီးက်ဴးခဲ့သလို ေသာမတ္စ္ ပါေတးရဲ႕ ထက္ျမက္ေကာင္းမြန္လြန္းတဲ့ ေျခစြမ္းေၾကာင့္ပဲ ျဖစ္ပါတယ္။ သို႔ေသာ္ အာဆင္နယ္ပရိသတ္မ်ားအတြက္ အျမဲစိုးရိမ္ေနရတဲ့အရာကေတာ့ ပါေတးရဲ႔ ဒဏ္ရာမွတ္တမ္းျဖစ္ျပီး အသက္ ၂၉ ႏွစ္အရြယ္ ကစားသမားဟာ မၾကာခဏ ၾကြက္သားဒဏ္ရာ ျပႆမ်ားျဖင့္ ရုန္းကန္ေနရသူျဖစ္ျပီး ယခုရာသီမွာ ေျခာက္ပြဲအထိ လြဲေခ်ာ္ခဲ့ပါတယ္။ ပါေတး မပါ၀င္တဲ့ ပြဲေတြမွာ အာဆင္နယ္အသင္းအေနနဲ႔ ရလဒ္မ်ားမေကာင္းခဲ့သည့္အတြက္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ယခုရာသီမွာ အရယူဖို႔ အားခဲထားတဲ့ ဂန္းနားဖန္ေတြဟာ ရာသီကုန္ဆံုးခ်ိန္ထိ ဂါနာသားၾကီးတစ္ေယာက္ ဒဏ္ရာေတြ ကင္းေ၀း ၾကံ့ခိုင္ပါေစေၾကာင္း ဆုေတာင္းေနၾကရပါတယ္။

ARSENAL MYANMAR
PHOTOS CREDIT