အမ်းမရိတ်စ်ရောက်တော့မယ့်ပစ်မှတ်အကြောင်း ပြောပြလိုက်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းက ချဲလ်ဆီးတိုက်စစ်မှူးကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ခိုင် ဟာဗတ်ဇ်ကို အရည်အချင်းရှိတဲ့ ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။
ဂန်းနားတွေဟာ အသက် ၂၄ နှစ်အရွယ် ဂျာမန်ကြယ်ပွင့်ကို ထပ်ဆောင်းပေးချေမှုတွေပါဝင်တဲ့ ပေါင် ၆၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့်ဟာ လာမယ့်အပတ်မှာ အသင်းနဲ့ ဆေးစစ်မှုခံယူသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့အတွက် ဝက်စ်ဟမ်းအသင်းနဲ့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ မန်ချက်စတာစီးတီးအသင်းဆီကနေ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ရိုက်စ်ကို ခေါ်ယူဖို့ တွန်းအားပေးလုပ်ဆောင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ အာတီတာက “ကျွန်တော့်အနေနဲ့ အသင်းမှာ မရှိတဲ့ကစားသမားတွေအကြောင်းကို မပြောနိုင်ပါဘူး။ ကျွန်တော် ဘာမှ မပြောဘဲပဲ နေချင်ပါတယ်။”
ဒါပေမယ့်လည်း ဟာဗတ်ဇ်ရဲ့ အကြောင်းကို မေးမြန်းခဲ့ချိန်မှာတော့ အာတီတာက ဂျာမန်လက်ရွေးစင်ကြယ်ပွင့်ရဲ့ နေရာစုံ ကစားနိုင်တဲ့အရည်အချင်းက အာဆင်နယ်အတွက် အဓိက ဆွဲဆောင်မှုဖြစ်တယ်လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
“အရည်အချင်းရှိတဲ့ကစားသမားတွေကတော့ စျေးကောင်းတာပဲ။ အာဆင်နယ်မှာ ကျွန်တော်တို့တွေက အမြဲတမ်း အတွေ့အကြုံတွေနဲ့ လူငယ်ကြယ်ပွင့်တွေကို စိတ်ဝင်စားခဲ့ကြပါတယ်။ ကျွန်တော် ထပ်ပြီး ပြောမယ်။ ကျွန်တော် တခြားကလပ်အသင်းက ကစားသမားတွေအကြောင်း မပြောဘူး။ ဒါပေမယ့် ခိုင်ရဲ့ ကိစ္စမှာတော့ သူက ချန်ပီယံလိဂ်အနိုင်ရတာ အပါအဝင် အရာတော်တော်များများကို ပြသပြီးပါပြီ။ သူက အရည်အချင်းရှိတဲ့ကစားသမားဖြစ်ပြီး နေရာစုံကစားနိုင်တယ်။ အသက်ကလည်း ၂၄ နှစ်ပဲရှိပါသေးတယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အာတီတာက နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းအနေနဲ့ လူစာရင်းကို တိုးတက်အောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ စွမ်းဆောင်ရည်နဲ့ တန်ဖိုးတွေကို ထုတ်လုပ်ပေးနိုင်မယ့် အရမ်းငယ်ရွယ်တဲ့ ပျမ်းမျှအသက်အရွယ်နဲ့ လူစာရင်းကို သွေးသစ်လောင်းထားပြီးသားပါ။ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးမလုပ်ဘဲနဲ့ အနိုင်ရရှိနိုင်တဲ့အသင်းကို တည်ဆောက်ဖို့ အချိန်တိုင်း အထောက်အပံ့ပေးနေပြီး ကျွန်တော်တို့နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ပိုင်ရှင်အချို့လည်း ရှိပါတယ်။ ဒါပေမယ့်လည်း တောင်းဆိုမှုတွေက မြင့်တက်လာနေပြီး ကျွန်တော်တို့ ဆက်ပြီး တိုးတက်အောင် မလုပ်နိုင်တဲ့အရာတွေကို ရှာဖွေဖို့ အပြောင်းအရွှေ့စျေးကွက်ထဲကို သွားရမှာပါ”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet