အမ်းမရိတ်စ်က ထွက်မယ့်စိတ်ကူးကို ပြောင်းလဲလိုက်တဲ့ ကြယ်ပွင့်ကစားသမား coyg

အမ်းမရိတ်စ်က ထွက်မယ့်စိတ်ကူးကို ပြောင်းလဲလိုက်တဲ့ ကြယ်ပွင့်ကစားသမား

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့စျေးကွက်ထဲမှာ စိတ်ကူးပြောင်းလိုက်ပြီး ၎င်းတို့ရဲ့ နွေရာသီအစီအစဉ်ထဲမှာ သိသာထင်ရှားတဲ့ နောက်ကြောင်းပြန်လှည့်မှုကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဂန်းနားတွေဟာ လာမယ့်ရာသီမတိုင်ခင် လူအင်အား ဖြည့်တင်းဖို့ ဒီကလန် ရိုက်စ်နဲ့ ခိုင် ဟာဗတ်ဇ်တို့ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေဆဲဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရက်ပေါင်း ၂၄၀ ကျော် စိန်ခေါ်နိုင်ပြီးမှ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

အာတီတာဟာ နောက်ခံတောင်ပံကစားသမားနဲ့ ကွင်းလယ်ကစားသမားကို ရှာဖွေနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ယူအက်စ်အေလက်ရွေးစင်အသင်းအတွက် ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဖိုလာရင် ဘာလိုဂန်က မြောက်လန်ဒန်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းကို ယခုနွေရာသီမှာ စွန့်ခွာဖို့ ပြင်ဆင်နေတဲ့ နောက်ထပ်ကြယ်ပွင့်ကစားသမားကတော့ အမ်းမရိတ်စ်ကနေ ထွက်ခွာဖို့က မသေချာတော့ဘူးလို့ သိရပြီး FootballTransfers ရဲ့ ဖော်ပြချက်အရ ကီရန် တီယာနီဟာ ဂန်းနားတွေနဲ့ ပြောဆိုဆွေးနွေးနေတာကြောင့် လာမယ့်ရာသီမှာ အဓိကကစားသမားတွေထဲက တစ်ဦးအဖြစ် ဆက်ရှိနေမယ့်ပုံပေါ်နေတာဖြစ်ပါတယ်။

စကော့တလန် ဘယ်နောက်ခံလူဟာ မန်ချက်စတာစီးတီးကနေ ဇင်ချန်ကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၁၂ လအတွင်း အာဆင်နယ်အတွက် တစ်ခါတရံမှ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး နယူးကာဆယ်နဲ့ အက်စတန် ဗီလာတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီသတင်းသစ်အရ အာတီတာဟာ လာမယ့်ရာသီမှာ မကြာခဏဆိုသလို ခံစစ် ၃ ဦး ကစားကွက်နဲ့ ကစားသွားဖို့ စီစဉ်နေတာကြောင့် တီယာနီ ဆက်နေဖို့ များနေပြီး မြောက်လန်ဒန်ကနေ ပြောင်းရွှေ့ဖို့ကို ငြင်းပယ်ဖို့ ပြောဆိုဆွေးနွေးမှုတွေကလည်း တိုးတက်မှုရှိနေတယ်လို့ သိရပါတယ်။

အာတီတာဟာ ပြီးခဲ့တဲ့ရာသီမှာ ဘန် ဝှိုက်ကို ညာနောက်ခံ ကစားသမားအဖြစ် မိတ်ဆက်ခဲ့သလိုမျိုး ဘယ်နောက်ခံနေရာမှာ အလားတူ ခပ်လှုပ်လှုပ် ကစားပုံမျိုး လိုချင်နေတာ ကျိန်းသေပြီး တီယာနီကို ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာ လုံလောက်တဲ့ ယုံကြည်မှုရှိရဲ့လားဆိုတာကတော့ နောက်ထပ်တပိုင်းဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဘယ်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီမှာ ၃၈ ပွဲစလုံးရဲ့ ပွဲနေ့လူစာရင်းထဲ ပါဝင်ခွင့် ရရှိခဲ့တာဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံးမှ ၆ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ရာသီနောက်ဆုံး ပွဲစဉ် ၂ ပွဲမှာ အာတီတာက ဇင်ချန်ကို ဒဏ်ရာရရှိနေပေမယ့်လည်း ဘယ်နောက်ခံနေရာမှာ ခီဗီယောကိုသာ ရွေးချယ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပိုလန်နောက်ခံလူဟာ ဒုတိယဦးစားပေး ရွေးချယ်စရာဖြစ်ကြောင်း အတည်ပြုခဲ့ပုံပေါ်ပါတယ်။

Arsenal Myanmar

Ref: Internet