အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ပြင်ပြီးမှ ဆက်နေတော့မယ့် ကြယ်ပွင့်ကစားသမား
ဖိုလာရင် ဘာလိုဂန်ဟာ ၎င်းရဲ့ အင်စတာဂရမ် ဘိုင်အိုမှာ အာဆင်နယ်ကို ပြန်လည်ထည့်သွင်းခဲ့ပြီးနောက် အမ်းမရိတ်စ်မှာ ယခုနွေရာသီထက် ကျော်လွန်ပြီး ဆက်နေတော့မယ်ဆိုတဲ့ သဲလွန်စပေးခဲ့ပါတယ်။
ဘာလိုဂန်ဟာ ပြီးခဲ့တဲ့ရာသီ ရင်းမ်စ်အသင်းမှာ အငှားထွက်ကစားချိန်အတွင်း လီဂူးဝမ်း ၂၇ ပွဲမှာ သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းအများအပြားက အလိုရှိတဲ့ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘာလိုဂန်ရဲ့ ခြေစွမ်းကောင်းပြသနိုင်မှုက အက်ဒီ အန်ကီးတီးယား၊ ဂါဘရီယဲလ် ဂျေးဇုတို့လို ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ အာတီတာရဲ့ ပထမအသင်းထဲမှာ တစ်နေရာရဖို့ အာမခံချက် မရရှိစေခဲ့တာဖြစ်ပါတယ်။
နယူးယောက်မြို့မှာ မွေးဖွားခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ယူအက်စ်အေ လက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းရဲ့ လက်ရွေးစင်အနာဂတ်ကို အဆုံးအဖြတ်ပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ လူငယ်ကြယ်ပွင့်ဟာ ကလပ်အသင်းအဆင့်က ၎င်းရဲ့ အနာဂတ်ကိုလည်း ဖြေရှင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဘာလိုဂန်ရဲ့ ပြီးခဲ့တဲ့ရာသီ ခြေစွမ်းကြောင့် အေစီမီလန်၊ အင်တာမီလန်၊ မာဆေးလ်၊ မိုနာကို၊ လိုက်ပ်ဇစ်တို့လို အသင်းတွေဆီကနေ စိတ်ဝင်စားမှု ရရှိခဲ့တာဖြစ်ပါတယ်။
အမေရိကမှာ ရာသီကြို ခရီးစဉ်ကို ဖြတ်သန်းသွားဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အာဆင်နယ်အသင်းရဲ့ အမြင်စူးရှတဲ့ ပရိသတ်တွေဟာ ဘာလိုဂန်က မြောက်လန်ဒန်မှာ ဆက်နေဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သဲလွန်စကို မြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။
ဘာလိုဂန်ရဲ့ အင်စတာဂရမ်က လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့တဲ့ ပရိသတ်အချို့က ယူအက်စ်အေတိုက်စစ်မှူးရဲ့ အင်စတာဂရမ် ဘိုင်အိုမှာ အာဆင်နယ်အသင်းနာမည်ကို ပြန်လည်ထည့်သွင်းခဲ့တာကို မြင်တွေ့ခဲ့ကြတာဖြစ်ပြီး အရင်တုန်းက အငှားနဲ့ ထွက်ကစားခဲ့တဲ့ ရင်းမ်စ်အသင်းနာမည်ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
ကစားသမားတစ်ယောက်အနေနဲ့ အငှားထွက်ကစားရာကနေ မိခင်အသင်းကို ပြန်လာချိန်မှာ ဒီလိုမျိုး လုပ်တာက သာမန်လို့ ထင်စရာရှိပေမယ့်လည်း ဘာလိုဂန်ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေတာကြောင့် အခုလိုမျိုး အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ချက် ချလိုက်တဲ့ သဲလွန်စကို ပေးခဲ့တဲ့အတွက် ပရိသတ်တွေကြားမှာ ဝမ်းသာစရာဖြစ်လာခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News