အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ဖိအားပေးခြင်းခံခဲ့ရတဲ့ ချာကာ
ဂရာနစ် ချာကာဟာ ယခုရာသီကုန်မှာ အာဆင်နယ်အသင်းကို စွန့်ခွာဖို့ နီးစပ်နေပြီး လေဗာကူဆင်အသင်းက ဆွစ်ဇာလန်ကွင်းလယ်လူကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။
ဂျာမန် ဘွန်ဒက်စ်လီဂါကလပ်အသင်းဟာ အာဆင်နယ်က ဆွစ်ဇာလန်ကွင်းလယ်လူရဲ့ စာချုပ်ကို သက်တမ်းတိုးချင်တယ်ဆိုရင်တောင် အမ်းမရိတ်စ်မှာ မရရှိနိုင်တဲ့ ၄ နှစ်စာချုပ်ကို ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ချာကာဟာ အာတီတာရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ပြီး ဂန်းနားတွေသာ စာချုပ်သစ် ကမ်းလှမ်းမယ်ဆိုရင် အမ်းမရိတ်စ်မှာ ဆက်နေဖို့အတွက် ပြင်ဆင်နေခဲ့ပုံပေါ်ပေမယ့်လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ ၎င်းရဲ့ ဇနီးဖြစ်သူက ဂျာမနီကို ပြောင်းဖို့အတွက် တွန်းအားပေးနေတယ်လို့ သိရပါတယ်။
Sport Bild ရဲ့ ဖော်ပြချက်အရ ချာကာရဲ့ ဇနီး လီယိုနီတာဟာ နဂိုမူလက ဂျာမနီမှာ နေထိုင်တာဖြစ်တာကြောင့် ဆွစ်ဇာလန် ကွင်းလယ်ကစားသမားရဲ့ နောက်ထပ် ပြောင်းရွှေ့ရမယ့်နေရာကို ရွေးချယ်ရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ သိရပါတယ်။
ချာကာနဲ့ လီယိုနီတာတို့ဟာ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားက အာဆင်နယ်ကို မပြောင်းရွှေ့ခင် မွန်ချင်ဂလတ်ဘတ်အတွက်ကစားပေးနေခဲ့ချိန်မှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး ဂျာမနီကို ပြန်သွားဖို့က အမြဲတမ်း ဖြစ်နိုင်ခြေရှိနေခဲ့တာဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ အာဆင်နယ်အသင်းကို ချာကာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၁၅ သန်း ပေးချေသွားဖို့ ပြင်ဆင်နေပြီး ဆွစ်ဇာလန်ကွင်းလယ်လူဟာ လေဗာကူဆင် နည်းပြ ဇာဗီ အလွန်ဆိုနဲ့ နောက်ဆုံးဖုန်းခေါ်ဆိုမှု မတိုင်ခင်နဲ့ ၎င်းရဲ့ အခန်းကဏ္ဍကို သေသေချာချာ မသိရသေးခင်မှာ ပြောဆိုဆွေးနွေးမှုတွေ အများအပြား ပြုလုပ်ခဲ့တယ်လို့လည်း Bild က ဖော်ပြခဲ့ပါတယ်။
ဂရာနစ် ချာကာဟာ အမ်းမရိတ်စ်မှာ ရှိခဲ့တဲ့ ၇ နှစ်အတွင်း အာဆင်နယ်အတွက် ကောင်းကောင်း အလုပ်လုပ်ပေးခဲ့သူဖြစ်ပြီး ဆွစ်ဇာလန် ကွင်းလယ်ကြယ်ပွင့်အတွက် ရရှိလာတဲ့ ပြောင်းရွှေ့ကြေးက ဂန်းနားတွေကို ပိုမိုငယ်ရွယ်တဲ့ကစားသမားတွေ ခေါ်ယူနိုင်ဖို့ အကူအညီဖြစ်လာမှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet