အန်းဖီးက ပွဲစဉ်အတွက် ဟောကိန်းထုတ်လိုက်တဲ့ ဂယ်ရီ နဗီးနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ
-အာဆင်နယ်အသင်းဟာ အဲဗာတန်ကွင်းလယ်ကြယ်ပွင့် အမာဒူ အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ၎င်းရဲ့ ကိုယ်စားလှယ်တွေနဲ့ ပုံမှန်အဆက်အသွယ်လုပ်နေတယ်လို့ သိရပါတယ်။ ဂန်းနားတွေဟာ ဇန်နဝါရီမှာ ဂျော်ဂျင်ညိုကို ခေါ်ယူခဲ့ပေမယ့်လည်း လာမယ့်နွေရာသီမှာ ဒီကလန် ရိုက်စ်ကို ထပ်မံခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာ ချာကာအတွက် ယှဉ်ပြိုင်မှု ပေးနိုင်မယ့်ကစားသမားဖြစ်နိုင်ပေမယ့် အာဆင်နယ်က အဲဗာတန်ကွင်းလယ်လူ အိုနာနာနဲ့လည်း သတင်းထွက်နေခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ် သတင်းစာ Het Nieuwsblad က ဂန်းနားတွေဟာ အိုနာနာရဲ့ ကိုယ်စားလှယ်တွေနဲ့ ပုံမှန်အဆက်အသွယ်လုပ်နေပြီး အဲဗာတန်က ကွင်းလယ်ကြယ်ပွင့်အတွက် ယူရိုသန်း ၇၀ အထိ တောင်းဆိုသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
-အာဆင်နယ်တောင်ပံကြယ်ပွင့် ဘူကာယို ဆာကာက အင်္ဂါနေ့ညက အက်ဖ်အေလူငယ်ဖလားပြိုင်ပွဲမှာ အာဆင်နယ်ယူ-၁၈ အသင်းက အနိုင်ရရှိခဲ့ပြီးနောက် ဂန်းနားလူငယ်ကြယ်ပွင့် မီဟယ် ရိုရှာ့ခ်ရဲ့ ခြေစွမ်းကို အလွန်အထင်ကြီးမိခဲ့တယ်လို့ သိရပါတယ်။ ဆာကာဟာ အာဆင်နယ်ရဲ့ မန်စီးတီးကို ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို အင်စတာဂရမ်ပေါ်မှာ တုံ့ပြန်ခဲ့ပြီး အသက် ၁၇ နှစ် ရိုရှာ့ခ်ဟာ အင်္ဂါနေ့ညက လူငယ်အက်ဖ်အေဖလားပွဲစဉ် ၅ ပွဲမှာ ၄ ဂိုးမြောက်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ရိုရှာ့ခ်ဟာ သီယာရီ အွန်နရီလိုမျိုး အလွတ်တည်ကန်ဘောကို ကန်သွင်းသွားခဲ့တာဖြစ်ပြီး မန်စီးတီးဂိုးသမားဟာ ဘောလုံးကို ဂိုးပေါက်ထဲကိုသာ ပုတ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကြယ်ပွင့် ဆာကာက အင်စတာဂရမ်ပေါ်မှာ လူငယ်အက်ဖ်အေဖလားပွဲစဉ်ကို ကြည့်ရှုနေတဲ့ ဗီဒီယိုကို တင်ခဲ့ပြီး ရိုရှာ့ခ်ရဲ့ အလွတ်တည်ကန်ဘောသွင်းဂိုးကို မီးတောက်အီမိုဂျီ ၂ ခုနဲ့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက လာမယ့် တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းက လီဗာပူးလ်ကို အပြစ်ပေးလိမ့်မယ်လို့ ထောက်ခံ ပြောကြားခဲ့ပါတယ်။ ဂယ်ရီ နဗီးက ချဲလ်ဆီးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်က ကြီးမားတဲ့အခွင့်အရေးအများအပြားပေးခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် အာဆင်နယ်က အပြစ်ပေးတာခံရတော့မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “သူတို့တွေ ချဲလ်ဆီးကို ဒီညပေးခဲ့တဲ့ အခွင့်အရေးမျိုးသာ အာဆင်နယ်ကို ပေးခဲ့မယ်ဆိုရင် သူတို့တွေ တနင်္ဂနွေနေ့ပွဲမှာ နောက်ကနေ လိုက်ကစားရမှာ ကျိန်းသေပေါက်ပဲ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
-အာဆင်နယ်လူငယ်တိုက်စစ်မှူး အက်ဒီ အန်ကီးတီးယားဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ကစားပေးနိုင်ဖို့ ပိုမိုနီးစပ်လာနေပုံပေါ်ပြီး သတင်းထောက် တွမ် ကန်တန်ရဲ့ပြောကြားချက်အရ အင်္ဂလန်ယူ-၂၁ တိုက်စစ်မှူးဟာ အပြင်ဘက်မှာ လေ့ကျင့်ရေးပြုလုပ်နေပြီဖြစ်ပြီး လာမယ့်ရက်သတ္တပတ်တွေအတွင်း ပြန်လာနိုင်တယ်လို့ သိရပါတယ်။” လီဗာပူးလ်နဲ့ပွဲမှာ ကျွန်တော်တို့ အက်ဒီ ပါဝင်ကစားပေးတာကို မြင်တွေ့ရနိုင်လား”လို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ကန်တန်က “နောက်ထပ်တစ်ကြိမ် ပြောရရင် ကျွန်တော်ကတော့ မထင်ပါဘူး။ သူ အပြင်ဘက်မှာ လေ့ကျင့်ရေးလုပ်နေခဲ့တယ်ဆိုတာ ကျွန်တော်သိပေမယ့် သူ အသင်းထဲ ပြန်ပူးပေါင်းနိုင်ဦးမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ လီဗာပူးလ်နဲ့ပွဲစဉ်ထက် လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ သူ့ကို မြင်ရဖို့ ပိုပြီးဖြစ်နိုင်ခြေများတယ်လို့ ထင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် သောမတ်စ် ပါတေးဟာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ အသင်းပရိသတ်တွေကို မန်ယူနိုက်တက်ရဲ့ ရှုံးနိမ့်မှုကို အောင်ပွဲခံရာမှာ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပါတေးဟာ လူမှုကွန်ရက်ပေါ်မှာ နာမည်ကျော်ဖြစ်တဲ့ နာနာ အေဘာနဲ့ စကားပြောဆိုရာမှာ မန်ချက်စတာယူနိုက်တက်ကို လှောင်ပြောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဖိုင်ထဲမှာ အေဘာက “အာဆင်နယ်ပရိသတ်များခင်ဗျာ။ ကျွန်တော်ကတော့ ခင်ဗျားတို့ရဲ့ စူပါဒူပါ ကွင်းလယ်လူ သောမတ်စ် ပါတေးပါ။ ကြိုဆိုပါတယ်။ ကျွန်တော်တို့နဲ့အတူ ယူနိုက်တက်ရဲ့ ရှုံးနိမ့်မှုကို အောင်ပွဲခံရာမှာ ပူးပေါင်းကြပါ။”လို့ ပြောကြားနေတဲ့ အာဆင်နယ်ကွင်းလယ်လူကို ဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ပြီး သောမတ်စ် ပါတေးဟာ စကားအဆုံးမှာ မအောင့်နိင်ဘဲ အားပါတရ ရယ်မောခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
Arsenal Myanmar
Ref: Internet