အက်ဖ်အေဗိုလ်လုပွဲက ဂန်းနားတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလာနိုင်လဲ
အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ လာမယ့်ရာသီကို ဘယ်လို စတင်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်မှာ ဖြစ်ပါတယ်။
ယခုရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့ပြီးနောက် ဂန်းနားတွေဟာ ၂၀၂၃-၂၀၂၄ ရာသီကို အင်္ဂလန်ချန်ပီယံတွေဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ ပါဝင်ကစားပြီး ကန့်လန့်ကာဖွင့်ရဖို့ ရှိနေပေမယ့်လည်း အခြေအနေတစ်ခုမှသာ ဖြစ်လာမှာဖြစ်ပါတယ်။
အက်ဖ်အေရဲ့ ရှင်းလင်းချက်အရ ဒီနှစ်စဉ်ကျင်းပတဲ့ ပွဲစဉ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေဖလားချန်ပီယံတို့ကြားမှာ ယှဉ်ပြိုင်ရတဲ့ပွဲစဉ်ဖြစ်ပြီး ယနေ့ညမှာ မန်ယူနိုက်တက်သာ အနိုင်ရခဲ့ရင်တော့ လာမယ့် ဩဂုတ်လမှာ နောက်ထပ်တစ်ကြိမ် မြို့ခံပြိုင်ဘက် ၂ သင်းပြန်ဆုံတွေ့ရမှာ ဖြစ်ပါတယ်။
အဲရစ် တန်ဟက်သာ ယခုရာသီ မန်ချက်စတာဒါဘီမှာ ဒုတိယမြောက် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် အာဆင်နယ်ရဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ရာသီဟာ ဩဂုတ်လ ၁၂ ရက်နေ့မှာ စတင်မှာဖြစ်ပြီး မေလ ၁၉ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း တကယ်လို့ မန်စီးတီးသာ အက်ဖ်အေဖလားကို ထပ်မံ ဆွတ်ခူးသွားနိုင်မယ်ဆိုရင်တော့ ဂန်းနားတွေက အမှတ်ပေးဇယား ဒုတိယနေရာက အသင်းဖြစ်တာကြောင့် ဩဂုတ် ၆ ရက်နေ့ ဝင်ဘလေမှာ ကွန်မြူနတီဒိုင်းလုပွဲအဖြစ် မန်စီးတီးနဲ့ ကစားသွားရမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်ရဲ့ ရာသီကြိုအစီအစဉ်တွေဟာ အပြီးသတ် မစီစဉ်ရသေးပေမယ့်လည်း မေဂျာလိဂ် ကြယ်စင်စုအသင်း(ဇူလိုင် ၂၀)၊ မန်ယူနိုက်တက်(ဇူလိုင် ၂၂)၊ ဘာစီလိုနာ(ဇူလိုင် ၂၆)တို့နဲ့ လာမယ့်လ ယူအက်စ် ရာသီကြိုခရီးစဉ်ရဲ့ တစ်စိတ်တပိုင်းအဖြစ် ယှဉ်ပြိုင်ကစားသွားမယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုရာသီ မစတင်ခင် ၆ ရက်အလိုမှာ အမ်းမရိတ်စ်ဖလားအဖြစ် ဆီဗီလာနဲ့ ယှဉ်ပြိုင်ကစားပြီး နောက်ဆုံး သွေးပူလေ့ကျင့်ခန်းကို လုပ်ဆောင်ခဲ့တာဖြစ်တာကြောင့် မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းမှာသာ တွေ့ဆုံရမယ်ဆိုရင် ဒီနှစ်တော့ အဲဒီလို မဖြစ်နိုင်တော့တာဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ဂန်းနားတွေက ကွန်မြူနတီဖလားပြိုင်ပွဲ သမိုင်းတလျှောက်မှာ ၁၆ ကြိမ်အထိ အနိုင်ရရှိထားတာဖြစ်ပြီး အအောင်မြင်ဆုံးအသင်းအဖြစ် လီဗာပူးလ်နဲ့ ဒုတိယနေရာမှာ ပူးတွဲရပ်တည်နေတာ ဖြစ်ပေမယ့်လည်း အက်ဖ်အေဖလားပြိုင်ပွဲမှာတော့ ၁၄ ကြိမ်အထိ အနိုင်ရထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
အမှန်တကယ်တော့ ၂၀၀၅ ခုနှစ်ကတည်းက ကွန်မြူနတီဒိုင်းလုပွဲမှာ အာဆင်နယ်အသင်းဟာ ရှုံးနိမ့်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်တုန်းက အာတီတာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားပေးခဲ့တဲ့အချိန်တုန်းက မန်စီးတီးကို ၃-၀ နဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet