သမီးဖြစ်သူအပေါ် ကစားသမားတွေရဲ့အပြုအမူကို တုံ့ပြန်ခဲ့တဲ့ ဂန်းနားလာဘ်ကောင်ရဲ့ဖခင် coyg

သမီးဖြစ်သူအပေါ် ကစားသမားတွေရဲ့အပြုအမူကို တုံ့ပြန်ခဲ့တဲ့ ဂန်းနားလာဘ်ကောင်ရဲ့ဖခင်

တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနဲ့ပွဲစဉ်က အာဆင်နယ်လာဘ်ကောင်ရဲ့ဖခင်က ၎င်းရဲ့သမီးအပေါ် လုပ်ဆောင်ခဲ့တဲ့ အပြုအမူကြောင့် ဝေဖန်ပြစ်တင်ခံခ့ရတဲ့ ကစားသမားတွေကို ခုခံကာကွယ်ပေးခဲ့ပါတယ်။

ဂန်းနားတွေဟာ လန်ဒန်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး မာတင် အော်ဒီဂွါဒ်က မိန်းကလေးငယ်နဲ့အတူ ပွဲထွက် ၁၁ ဦးကို ဦးဆောင်ပြီး ဥမင်ထဲကနေ ထွက်လာခဲ့တာဖြစ်ပါတယ်။ တသက်မှာတစ်ခါ နှစ်ပေါင်းများစွာ တစ်ဦးချင်းစီရဲ့ ဘဝမှာ အမှတ်ရနေမယ့် အတွေ့အကြုံဖြစ်ပြီး မိန်းကလေးငယ်ဟာ ဒီအချိန်အခါကို လက်မှတ်ထိုးထားတဲ့ရှပ်ကို ရရှိပြီး အမှတ်တရ ဖြစ်ချင်ခဲ့တာဖြစ်ပါတယ်။

ပွဲမတိုင်ခင်မှာ မိန်းကလေးငယ်ဟာ ကစားသမားတွေ လမ်းလျှောက်ဝင်လာတဲ့ ကစားသမားတွေကို စောင့်ဆိုင်းခဲံပြီး တစ်ဦးချင်းစီ အိမ်ရှင် အနီရောင်ရှပ်မှာ လက်မှတ်ထိုးပေးခဲ့ကြတာဖြစ်ပေမယ့်လည်း ကစားသမားတွေထဲက အများစုဟာ လာဘ်ကောင်ကို ဘာမှ မတုံ့ပြန်ဘဲ နားမှာ နားကြပ်တပ်ဆင်လျက်နဲ့ ဘောပင်ကို လက်လွှဲပေးခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက အဲဒီဗီဒီယိုဖိုင်ကို “ကျွန်တော်တို့ရဲ့ လာဘ်ကောင်နဲ့ အမှတ်တရ”ဆိုတဲ့ စာသားနဲ့အတူ တင်ခဲ့တာဖြစ်ပြီး ကွန်းမန့်တွေထဲမှာ ဘာကြောင့် ကစားသမားတစ်ဦးမှ လာဘ်ကောင်ကို ဟယ်လိုလို့ မပြောခဲ့တာလဲဆိုတဲ့ မေးခွန်းထုတ်သူတွေ ပြည့်နှက်နေခဲ့တာဖြစ်ပါတယ်။

အခြားပရိသတ်တွေကလည်း ကင်မရာသာ ရိုက်မနေဘူးဆိုရင် ဘယ်လိုတောင် တုံ့ပြန်ကြမလဲဆိုတာကို သိချင်ခဲ့ကြပြီး ပီးယာ့စ် မော်ဂန်က အော်ဒီဂွဒ်၊ အာရွန် ရမ်းစ်ဒေးလ်၊ ဆာကာတို့လို ကစားသမားတွေကို ၎င်းရဲ့ လူမှုကွန်ရက်ပေါ်မှာ ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“လုပ်စမ်းပါ ကိုယ့်လူတို့ရာ။ အနည်းဆုံးတော့ မင်းတို့ထဲက တစ်ယောက်တော့ သူ့ကို ဟယ်လိုလို့ ပြောရမယ်လေ”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပြီး အာဆင်နယ်ပရိသတ်ဖြစ်တဲ့ လော်ရာ ဝုဒ်စ်ကလည်း စိတ်ပျက်စရာနဲ့ တုန်လှုပ်စရာလို့ သတ်မှတ်ခဲ့ပါတယ်။

“တစ်ယောက်ယောက်ကို အသိအမှတ်ပြုတဲ့ အပြုံးလေးပြုံးပြဖို့ အချိန်အများကြီး မယူရပါဘူး။ အဲဒီဗီဒီယိုက အခု ဘောလုံးသမားတွေ၊ ဒါမှမဟုတ် အခု ဘောလုံးလောကရဲ့ လက္ခဏာပဲ။ နည်းနည်းစိတ်ပျက်စရာကောင်းတာက ကျွန်မ အသင်းကို မက်ဆေ့ချ်ပို့ခဲ့တယ်။ ဘာလို့လဲဆိုတော့ အသင်းက ဆွေးနွေးပြီး တစ်ခုခုပြောမယ်ထင်ခဲ့လို့ပါ။ သူတို့တွေက အဲဒီအစား သူတို့တွေအားလုံးရပ်ပြီး ရှပ်ကို လက်မှတ်ထိုးခဲ့ကြတာပဲ။ ဒါက အရမ်းကောင်းတယ်လို့ တွေးခဲ့ကြတယ်လို့ ကျွန်မ ထင်ပါတယ်။ “လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဗီဒီယိုထဲမှာ သမီးဖြစ်သူနဲ့အတူ အာဆင်နယ်ကြယ်ပွင့်တွေ လက်မှတ်ထိုးချိန်မှာ ရှိနေခဲ့တဲ့ ဖခင်ဖြစ်သူကတော့ အဲဒီအတွေ့အကြုံအတွက် ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့် သမီးက အာဆင်နယ်အတွက် လာဘ်ကောင်အဖြစ်နဲ့ ချစ်စဖွယ်ကောင်းတဲ့အချိန်တွေကို ပိုင်ဆိုင်ခဲ့တယ်။ကစားသမားတွေကို တွေ့ဆုံဖို့အတွက် သေးငယ်တဲ့ ပြူတင်းပေါက်တစ်ခုပဲ ရှိခဲ့ပြီး သူက အဲဒါကို အရမ်းပျော်ရွှင်ခဲ့ပါတယ်။ အော်ဒီဂွါဒ်က သူ့ရဲ့ အနှစ်သက်ဆုံးကစားသမားဖြစ်တဲ့အတွက် သူ့လက်ကို ဆွဲပြီး ကွင်းထဲကို ဝင်ခွင့်ရခဲ့တာက အရမ်းကို ထူးခြားပါတယ်”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet