ဝက်စ်ဟမ်းနဲ့ပွဲမှာ ကွင်းထဲက အကောင်းဆုံးနဲ့ အဆိုးဆုံးကစားသမားကို ပြောပြခဲ့တဲ့ ကာရေဂါ
ဂျေမီ ကာရေဂါက အာဆင်နယ်နဲ့ ဝက်စ်ဟမ်း ယူနိုက်တက်တို့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဂန်းနားကြယ်ပွင့် ဂါဘရီယဲလ် ဂျေးဇုနဲ့ပတ်သက်ပြီး တော်တော်လေး အထင်ကြီးမိခဲ့တာဖြစ်ပါတယ်။
Sky Sports အတွက် ပွဲ စီစဉ်တင်ဆက်ပေးနေခဲ့တဲ့ ကာရေဂါရဲ့ အမြင်အာရုံကို ဘရာဇီးလ်တိုက်စစ်မှူးက ဖမ်းစားနိုင်ခဲ့တာဖြစ်ပြီး ပထမဆုံး ၁၀ မိနစ်အတွင်း ကစားသမားဘဝရဲ့ အရိုးရှင်းဆုံးသွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။
ဘန် ဝှိုက်က ညာတောင်ပံကနေ ချိုးပေးလိုက်တဲ့ ဘောလုံးကို ဂါဘရီယဲလ် ဂျေးဇုက တစ်ချက်ထိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပြီး နောက်ထပ် ၂ မိနစ်အကြာမှာပဲ ဂန်းနားအသင်းခေါင်းဆောင် အော်ဒီဂွါဒ်က နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အိမ်ရှင်တွေက ပွဲစဉ်အတွင်း ပုံစံကောင်း ပြန်လည်ရှာတွေ့ခဲ့တာဖြစ်ပြီး ပါတေးရဲ့ အမှားကနေ ဂါဘရီယဲလ်က ပါကယ်တာကို ပြစ်ဒဏ်ကျူးလွန်မိပြီး ဝက်စ်ဟမ်းအသင်း ပင်နယ်တီ ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ ပထမပိုင်းပြီးဆုံးသွားချိန်အထိ အာဆင်နယ်ကို အသာစီးနဲ့ ကစားနေခဲ့တာဖြစ်ပေမယ့်လည်း ဂါဘရီယဲလ် ဂျေးဇုက ဂန်းနားတွေကို သက်သာရာ ရစေခဲ့တဲ့ ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးဟာ လွတ်လပ်တဲ့အခန်းကဏ္ဍမှာ အသုံးပြုခြင်းခံခဲ့ရတာဖြစ်ပြီး မကြာခဏဆိုသလို ညာနောက်ခံနေရာမှာ မြင်တွေ့ခဲ့ရသလို ဗဟိုခံစစ်ကစားသမားတွေနဲ့အတူတောင် မြင်တွေ့ခဲ့ရသေးတာဖြစ်ပါတယ်။
ကာရေဂါက အာဆင်နယ်အတွက် ဂျေးဇုရဲ့ အကျိုးသက်ရောက်မှုကို ချီးကျူးခဲ့ရပြီး နောက်ထပ်တစ်ကြိမ် ဘရာဇီးလ်တိုက်စစ်မှူးဟာ ဂိုးသာသွင်းတတ်တဲ့ အထောင်တိုက်စစ်မှူးတစ်ဦးထက် ပိုတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။
“ဂျေးဇုက ထူးခြားဆန်းကြယ်ခဲ့တယ်။ သူ လုပ်ခဲ့တာတွေကို ကျွန်တော် နှစ်သက်မိပါတယ်။ သူက ဒီပွဲမှာ တော်တော်လေးနောက်ဆင်းကစားတယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါပေမယ့် သူက ကြပ်တည်းနေတဲ့ဧရိယာထဲမှာ ဘောလုံးကို သွားပြီး ရယူဖို့ တာဝန်ကိုပါ ယူခဲ့တယ်”
“အဲဒီဘောလုံးကို ရယူဖို့ သူ ယူထားတဲ့ တာဝန်အပြင် သူက ဘောလုံးငါ့ကို ပေးစမ်းပါဆိုပြီး အရမ်းကောင်းတဲ့ကစားသမားတွေ လုပ်တဲ့အတိုင်း လုပ်ခဲ့တယ်။ အရမ်းကောင်းတဲ့ကစားသမားတွေက တခြားကစားသမားတွေကို ကူညီပေးတယ်။ သူတို့ကို အမြဲတမ်း ဘောလုံးပေးပို့လို့ ရနိုင်တဲ့ အခြေအနေရှိတယ်။ သူက မရပ်တန့်ရုံတင်မဟုတ်ဘဲ ဘောလုံးဖျက်ထုတ်မှုတွေမှာပါ ပါဝင်ခဲ့တယ်။ သူက ကွင်းထဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဂျေမီ ကာရေဂါက ဝက်စ်ဟမ်းနဲ့ပွဲစဉ် ပထမပိုင်းက သောမတ်စ် ပါတေးရဲ့ စွမ်းဆောင်ရည်ဟာ ဂါနာကွင်းလယ်လူဆီကနေ မြင်တွေ့ခဲ့ဖူးသမျှထဲမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“သောမတ်စ် ပါတေးက အာဆင်နယ်အတွက် ဒီရာသီမှာ ထူးခြားဆန်းကြယ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဟာက(ဝက်စ်ဟမ်းနဲ့ပွဲစဉ်) သူ ကစားတာမြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံးပဲ။ သူက ပြိုင်ပွဲထဲမှာကို ရှိမနေခဲ့တာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet