လီဗာပူးလ်ရဲ့နောက်ကျဂိုးကို ချိန်ဘာလိန်ရဲ့တုံ့ပြန်မှုကို ရိုက်ကူးနိုင်ခဲ့တဲ့ ဂန်းနားအရန်ခုံတန်းကင်မရာ
အဲလက် အောက်စလိတ်-ချိန်ဘာလိန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသင်းဟောင်း အာဆင်နယ်ဘက်ကို လိဗာပူးလ်က နောက်ကျ ချေပဂိုး သွင်းယူသွားတာကို မြင်တွေ့ခဲ့ရချိန်မှာ အသံတိတ် တုံ့ပြန်ခဲ့ပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားဟာ မြောက်လန်ဒန်မှာ ဂန်းနားတွေနဲ့ ၆ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ပေမယ့်လည်း တောင်ပံကစားသမားအသုံးချခံရမှုကို စိတ်ပျက်မှု ကြီးထွားလာပြီးနောက် ၂၀၁၇ ခုနှစ်မှာ ကွင်းလယ်ကစားသမားအဖြစ် ပွဲကစားချိန်ပိုမို ရရှိမယ်လို့ ကတိပေးခဲ့တဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ချိန်ဘာလိန်ရဲ့ အန်းဖီးက ကစားသမားဘဝဟာ ဒဏ်ရာပြဿနာတွေက ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ယာဂန် ကလော့ပ်ရဲ့အသင်းမှာ ပုံမှန်တစ်နေရာရဖို့ အတားအဆီးဖြစ်ခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ယခုရာသီကုန်မှာ လီဗာပူးလ်ကို စွန့်ခွာမယ်လို့ မျှော်မှန်းခြင်းခံထားရတာ ဖြစ်ပါတယ်။
ချိန်ဘာလိန်ဟာ ယခုရာသီမှာ လီဗာပူးလ်အတွက် ၁၃ ပွဲသာ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် လူစာရင်းထဲမှာ ထည့်သွင်းခြင်း မခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ချိန်ဘာလိန်ဟာ အန်းဖီးမှာ ရှိနေခဲ့တာဖြစ်ပြီး ၎င်းရဲ့အသင်းဟာ အသင်းဟောင်း အာဆင်နယ်ရဲ့ ၂-၀ နဲ့ ဦးဆောင်ခံရမှုကို ပြန်လည်ချေပပြီး သရေ ၁ မှတ် ရယူသွားနိုင်ခဲ့တာကို အရန်ခုံတန်းကနေ ကြည့်ရှုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အန်းဖီးကပွဲစဉ်အတွင်း အာတီတာရဲ့ လှုပ်ရှားမှုအားလုံးကို ရိုက်ကူးထားခဲ့တာဖြစ်ပြီး ဂန်းနားတွေရဲ့ သွင်းဂိုး ၂ ဂိုးကို တုံ့ပြန်မှုအပြင် မိုဟာမက် ဆာလားရဲ့ ပင်နယ်တီလွဲချော်မှုနဲ့ လီဗာပူးလ်ရဲ့ အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုလည်း အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။
ရောဘတ်တို ဖာမီနိုက လီဗာပူးလ်အသင်းအတွက် နောက်ဆုံးမိနစ် ချေပဂိုးကို သွင်းယူသွားခဲ့ချိန်မှာ စိတ်ပျက်နေတဲ့ အာတီတာဟာ ၎င်းရဲ့လက်တွေကို လေထဲမှာ မြှောက်ခဲ့ပြီး ၎င်းရဲ့နောက်က လီဗာပူးလ် အရန်ခုံတန်းတစ်ခုလုံးဟာ အားပါးတရ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။
အောက်စလိန်-ချိန်ဘာလိန်ဟာ ဘေးနားကလူတွေ ထိုင်နေရာကနေ မတ်တပ်ရပ်ပြီး ၎င်းရဲ့ရှေ့မှာ အောင်ပွဲခံနေချိန်မှာ ထိုင်ရာကနေ ထပြီး လက်ခုပ်တီးပေးပြီးနောက် လျင်လျင်မြန်မြန်ပဲ ပြန်ထိုင်ခဲ့ပြီး အသင်းဟောင်းအတွက် လေးစားမှု ပြသခဲ့ပုံပေါ်ပါတယ်။
ကလပ်အသင်းတွေဟာ ယခုလာမယ့်နွေရာသီမှာ အလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်တဲ့ ချိန်ဘာလိန်ကို စိတ်ဝင်စားကြောင်း ပြသထားခဲ့ကြပြီးဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet